bap-logo
Data

လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ဘေးကင်းစွာ စောင့်ရှောက်ထား

Bq7lQWO1O-WvxzsTo0pUY-image

လွန်ခဲ့သော ၁၀ လ က

နိုဝင်ဘာ ၁၅။

ကရင်နီပြည်နယ်၊ လွိုင်ကော် တက္ကသိုလ်မှဝန်ထမ်း ၁၃၄ ဦးနှင် မိသားစုဝင် ၆၄ ဦးကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကဆိုသည်။

 

၁၁၁၁ စစ်ဆင်ရေးစတင်ချိန်တွင် စစ်ကောင်စီတပ်၏ လျစ်လျူရှု စွန့်ပစ်ခြင်းခံရသည့် အဆိုပါ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးတပ်ပေါင်းစုံက ဘေးလွတ်ရာ ခေါ်ထုတ်ခဲ့ရသည်ဟုဆိုသည်။

 

လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေး ဌာန၏ စီမံကြီးကြပ်မှု အောက်တွင် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

 

ယင်းတို့ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ရေးသား ပြုစုထားသည့် CDM နိုင်ငံ ဝန်ထမ်းများ ဆိုင်ရာ မူဝါဒစာတမ်းပါ Non-CDM ဆိုင်ရာ ပြဌာန်းချက်များကို ကိုးကား၍ စီမံ ဆောင်ရွက်မည်ဟုလည်းဆိုသည်။

 

ကရင်နီ (ကယား) ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လွိုင်ကော် တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

လွိုင်ကော်
တက္ကသိုလ်
Non- CDM
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ

Share With
bap-logo