bap-logo
Data

နိုင်ငံ၏ မြို့နယ် ၅ ပုံ ၁ ပုံကို စစ်အုပ်ချုပ်ရေး ကြေညာထား

kJaZ2FBxfCQi3HiOpJjr6-image

လွန်ခဲ့သော ၁၀ လ က

နိုဝင်ဘာ ၁၃။

 

ရှမ်းမြောက်ပိုင်းက မြို့နယ် ၈ ခုအပါအဝင် စစ်ကောင်စီက နိုင်ငံတဝှမ်း မြို့နယ် ၅ ပုံ ၁ ပုံကို စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း Data For Myanmar ၏ စာရင်းအရ သိရသည်။

 

နိုင်ငံတဝှမ်း မြို့နယ် ၃၃၀ ခုအနက် အာဏာသိမ်းပြီးနောက် အခုနှစ် နိုဝင်ဘာ ၁၂ ရက်အထိ စစ်ကောင်စီက မြို့နယ် ၅၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းဖြစ်သည်။

 

အခုနှစ်အတွင်း စစ်ကောင်စီက နိုင်ငံတော်အရေးပေါ်အခြေအနေသက်တမ်း တိုးပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကိုင်း၊ ချင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် ကယားပြည်နယ်ထဲက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

 

မကြာမီကလည်း ရှမ်းမြောက်ရှိ လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်နှင့် ကုန်းကြမ်း မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။

 

ပုံစာ- စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ကွမ်းလုံမြို့

 

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်းမှု
စစ်အုပ်ချုပ်ရေး
နွေဦးတော်လှန်ရေး

Share With
bap-logo