bap-logo
Editorial

စည်းလုံးညီညွတ်ခြင်းဖြင့် စုစည်းထားရန်

9k_fd9aXDDlG1WKWi3MDX-image

လွန်ခဲ့သော ၂ နှစ် က

ညီနောင်သုံးဖွဲ့၏ ရှမ်းမြောက် စစ်ဆင်ရေး ၁၀၂၇ သည် နွေဦးတော်လှန်ရေးနှင့် အများပြည်သူအကြား အရှိန် ဟုန် မြင့်တက်လာစေသည်။ ထိုကာလသည် စစ်အာဏာသိမ်းခဲသည့် ရက်ပေါင်း ,၀၀၀ ပြည့်နှင့်လည်း တိုက်ဆိုင် နေသည်။ ထိုအခြေအနေများအကြားမှ နွေဦးတော်လှန်ရေးထောက်ခံသည့် အများစုသော ပြည်သူများ နှင့် စစ်ကောင်စီထောက်ခံသည့် အနည်းစုသောအင်အားများ၏ ဆန္ဒသဘောထားများကို မြင်တွေ့နိုင်သည်။

 

မြန်မာနိုင်ငံအတွက် ကောင်းမွန်သောစနစ်ကောင်းတစ်ခုဖြစ်မည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အများစုသော ပြည်သူက လိုလားကြကြောင်း အထင်အရှားဖြစ်သည်။ ယင်းကြောင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ဆန့်ကျင်ခုခံကြရာတွင် ဆန့်ကျင်ခုခံသော နိုင်ငံရေးနှင့် တော်လှန်ရေးအင်အားစုများသည် မြောက်မြားစွာသော အစုအဖွဲ့များအဖြစ် ပေါ်ပေါက်လာ၍ တော်လှန်ကြခြင်း ဖြစ်သည်။ ထိုအခြေအနေသည် တော်လှန်ရေးအင်အားပြန့်ကားထွက်ခြင်းကို ဖြစ်စေပြီး စုစည်းမှုကို ယုတ်လျော့ စေသည်။

 

သို့သော် နိုင်ငံရေးနှင့် တော်လှန်ရေးအင်အားစုများ စုံလင်ကွဲပြားခြင်း၏ကောင်းကျိုးသည်လည်း တစ်ဖက်တွင် အင်အားတစ်ခုအဖြစ် ရှိနေပြန်သည်။ စုံလင်ကွဲပြားခြင်းနှင့် နိုင်ငံရေးအရ ကိုယ်စားပြုပေးနိုင်မှု များပြားခြင်း သည် တစ်ဦးတစ်ယောက်ခြင်း၏ လူ့အခွင့်အရေးနှင့် လူသားဖြစ်ခြင်း ဂုဏ်သိက္ခာများအတွက် ကောင်းကျိုး ဖြစ်ထွန်းစေသည်။

 

ထို့ကြောင့် စုံလင်ကွဲပြားခြင်းသည် ပြဿနာတစ်ရပ်မဟုတ်ပါဘဲ အင်အားပြန့်ကားထွက်နေပြီး စုစည်းမရ နိုင် ခြင်းသည်သာ ပြဿနာတစ်ရပ်ဖြစ်နေသည်ကို သတိမူသင့်သည်။

 

ညီနောင်သုံးဖွဲ့၏ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးတွင် ယင်းတို့၏ ညီညွတ်ခြင်းကို အထင်အရှားမြင်ရသည့်အပြင် ယင်းတို့အား လာရောက်ပူးပေါင်းသော ဘီပီအယ်လ်အေနှင့် မန္တလေးပီဒီအက်ဖ်တို့၏ တော်လှန်ရေးစိတ်ဆန္ဒကို ချီးကျူးဖွယ်ရာ အထင်အရှားတွေ့မြင်ရသည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဟန်ချက်ညီလှုပ်ရှား မည်ဆိုသော ထုတ်ဖော်ပြောဆိုခြင်းများသည် ကြိုဆိုရမည့်အားသာချက်များဖြစ်သည်။

 

ဤနေရာတွင် ဒီထက်ပို၍ အလေးထားရမည်မှာ လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ဖြစ်ပေါ်လာ သည့် အခြေအနေများကို နှုတ်အားဖြင့် ပြောဆိုနေခြင်းထက်၊ ကြေညာချက်များ ပလူပျံအောင်ထုတ်နေခြင်း ထက် လက်တွေ့အားဖြင့် အကောင်အထည်ဖော်နိုင်ခြင်းသည် ပိုမိုအရေးကြီးကြောင်းသတိပြုသင့်သည်။ အများ ပြည်သူ၏ ထောက်ခံမှုရယူနိုင်ခြင်းနှင့် ဆုံးဖြတ်မှုတစ်စုံတရာပေးနိုင်ခြင်းသည် လက်တွေ့အားဖြင့် ပေါက်မြောက် အောင်မြင်နိုင်ခြင်းအပေါ်၌ တည်ကြောင်းသတိရှိသင့်သည်။

 

လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် အဘက်ဘက်မှ အင်အားချည့်နဲ့နေပြီး စိတ်ပိုင်းဆိုင်ရာ ယုတ်လျော့ ခြင်းများ ရှိလာသော်လည်း သူ၏စစ်တပ်အား ဆင့်ကဲအမိန့်ပေးစနစ်ဖြင့် ညွှန်ကြားနိုင်သေးကြောင်းနှင့် စစ်ရေး အရ အားသာချက်များ ယင်းတို့တွင် ရှိနေသေးကြောင်း သတိပြုအပ်ပါသည်။ စစ်ကောင်စီသည် ယင်းတို့၏ နိုင်ငံ ရေး၊ စစ်ရေးနှင့် ယင်းတို့၏ အကျိုးစီးပွားကာကွယ်ရေးတို့အတွက် နိုင်ငံရေးနှင့် စစ်ရေးထွက်ပေါက်များကို လမ်းဖွင့်နိုင်ရန် ကြိုးစား ခင်းကျင်းထားပြီးဖြစ်ကြောင်း သတိပြုအပ်ပါသည်။

 

ထိုအရာတို့သည် စစ်ကောင်စီက မကြာမကြာ အသံလွှင့်နေသည့် ရွေးကောက်ပွဲနှင့် မကြာမီက ကျင်းပပြသ ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(NCA) ဖြစ်သည်။ ထိုအရာတို့သည် နွေဦး တော်လှန်ရေးအတွက် အလုပ်မဖြစ်သော်လည်း စစ်ကောင်စီ၏ ဂယ်ပေါက်ဖြစ်ကြောင်း သတိချပ်သင့်ပါသည်။

 

ထိုသို့အခြေအနေများကို မင်းအောင်လှိုင်က ခင်းကျင်းထားရာတွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်း ဝိုင်း၏ နိုင်ငံရေးဖိအားများကို လျော့ပါးစေရန်ဖြစ်ပြီး ပိုနေမြဲကျားနေမြဲအနေအထားဖြင့် မင်းအောင်လှိုင်စစ် အုပ်စု အရင်းကျန်ရန် စီမံထားခြင်းဖြစ်ကြောင်း သတိပြုသင့်ပါသည်။ ယင်းအတွက် အလားတူနိုင်ငံရေး အတွေ့ အကြုံများလည်း ရှိခဲ့ပြီးဖြစ်ပါသည်။

 

အများပြည်သူနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးလိုလားချက်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဖြစ်သည်။ ယင်းအတွက် လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းကို အများစု က ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုရည်မှန်းချက်ဖြင့် မျိုးဆက်အသီးသီး၏ ဘဝနှင့် အသက်များကို ပေးဆပ် ထားကြခြင်း ဖြစ်သည်။

 

ယနေ့တိုက်ပွဲများသည် နယ်မြေအပိုင်စားရရှိရေးတိုက်ပွဲများမဟုတ်ဘဲ နိုင်ငံအတွင်းမှ စစ်အာဏာရှင်ဖယ်ရှားရေး တိုက်ပွဲများဖြစ်ကြောင်း သတိပြုပါ။ ယင်းတိုက်ပွဲများ ပြီးစီးပါက စုံလင်ကွဲပြားသော အစုအဖွဲ့များအကြား နိုင်ငံ တည်ဆောက်ရန် ဦးဆောင်ကြိုးပမ်းရဦးမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးနှင့် တော်လှန်ရေးအင်အားစုများ၏ အင်အားများကို စည်းလုံးညီညွတ်ခြင်းဖြင့် စုစည်းထားနိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

 

Burma Associated Press

၁၀၂၇ စစ်ဆင်ရေး
မြန်မာ့နွေဦးတော်လှန်ရေး
ကိုးကန့်တပ်
ရက္ခိုင့်တပ်တော်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

Share With
bap-logo