bap-logo
Politics

တရုတ်ရုပ်ရှင်ဇာတ်ကားကြောင့် မြန်မာစစ်အာဏာရှင် အမျက်ဒေါသထွက်

Uf7CrL2t5UHRmK16CzNvq-image

လွန်ခဲ့သော တစ်နှစ် က

လူကုန်ကူးမှုနှင့် အလိမ်အညာလုပ်ငန်းများအကြောင်း ရိုက်ကူးထားသည့် တရုတ်ရုပ်ရှင်သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ငြိုးနွမ်းစေသည်ဟု နိုင်ငံပိုင် သတင်းစာမှ သောကြာနေ့တွင် ဖော်ပြ၍ ၎င်းနှင့် နီးစပ်သည့် မဟာမိတ် တရုတ်နိုင်ငံအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

 

No More Bets ဟု အမည်ရသည့် တရုတ် သည်းထိတ်ရင်ဖိုရုပ်ရှင်တွင် ကွန်ပျူတာ ပရိုဂရမ်ရေး သားသူတစ်ဦးကို အရှေ့တောင်အာရှမှ အမည်မဖော်ပြထားသည့် နိုင်ငံတစ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး ဒုစရိုက်အဖွဲ့အစည်းတစ်ခု၏ အွန်လိုင်းအလိမ်အညာလုပ်ငန်းများတွင် အတင်းအကျပ် လုပ်ကိုင်စေခဲ့ကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

 

ရုပ်ရှင်တွင် မြန်မာနိုင်ငံအမည်ကို မဖော်ပြထားသော်လည်း တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများကို ပုံမှန် ဖြားယောင်းခေါ်ယူခြင်း သို့မဟုတ် ကုန်ကူးခံရခြင်းခံနေရကာ အွန်လိုင်းအလိမ်အညာ လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံနေရသည်ဟု ပြောဆိုထားသည့် ဥပဒေစိုးမိုးမှုမရှိသည့် မြန်မာနိုင်ငံမြောက်ပိုင်း အသွင်အပြင်နှင့် ဆင်တူသည့် အပြင်အဆင်ကို အသုံးပြုထားသည်။

 

နိုင်ငံတကာက ခွဲခြားဆက်ဆံခံထားရသည့် အာဏာရှင်နိုင်ငံအတွက် အဓိက မဟာမိတ်ဖြစ်ပြီး လက်နက် တင်သွင်းပေးသူ တရုတ်အစိုးရသည် အလိမ်အညာလုပ်ငန်းများကြောင့် အမျက်ထွက် ခဲ့သည်။

 

"တရုတ်နိုင်ငံမှ ရိုက်ကူး၍ ကမ္ဘာအနှံ့ ဖြန့်ဝေသည့် ရုပ်ရှင်သည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို မှေးမှိန်စေသည်" ဟု တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ Nanning မြို့မှ စစ်အာဏာရှင်၏ ကောင်စစ်ဝန်ချုပ်က တရုတ်အရာရှိများကို အရေးဆိုခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ Global New Light of Myanmar တွင် ဖော်ပြထားသည်။

 

ဇာတ်လမ်းသွားက မြန်မာနဲ့ ဆက်နွယ်နေကြောင်း၊ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စိုးရိမ်နေကြောင်း သတင်းများ ထွက်ပေါ်နေကြောင်း၎င်းက Guangxi ဒေသ အစိုးရ အရာရှိများကို ယခုအပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

 

No More Best ရုပ်ရှင်ကို ဩဂုတ်လတွင် ဖြန့်ချိခြင်းဖြစ်သော်လည်း ၎င်းရုပ်ရှင်သည် ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံတွင် တတိယလူကြိုက်အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ကာ အမြတ်ငွေ ယွမ် ၃. ဘီလီယံ (စင်ကာပူ ဒေါ်လာ ၇၂၁. သန်း) ရရှိခဲ့သည်။ အရှေ့တောင်အာရှသို့ သွားရောက်လည်ပတ်ခြင်း၏ အန္တရာယ်များအကြောင်း အွန်လိုင်းတွင် အပြင်းအထန် စွပ်စွဲပြောဆိုမှုများလည်း အလွန်များပြားနေသည်။

 

ရုပ်ရှင် မဖြန့်ချိမှီ တစ်လအလိုက တရုတ်နိုင်ငံက မြန်မာစစ်အာဏာပိုင်တို့ကို တရုတ်နိုင်ငံသားများကို ပစ်မှတ် ထားနေသည့် ဥပဒေမဲ့ နယ်စပ်ဒေသများမှ အွန်လိုင်းအလိမ်အညာလုပ်ငန်းများအတွက် "တာဝန်ရှိသူများ ကို ဖော်ထုတ် ရှင်းလင်းရန်” ပြောဆိုခဲ့သည်။

 

၎င်းရုပ်ရှင်ကို မြန်မာနိုင်ငံမှ ရုပ်ရှင်ရုံများတွင် ပြသခြင်း မပြုသေးပါ။

 

ကိုးကား - The Straits Times

ပုံစာ - No More Bests ရုပ်ရှင် ပိုစတာ (Photo: The Straits Times)

 

အာဏာသိမ်းစစ်အုပ်စု
No More Bets
တရုတ်

Share With
bap-logo