bap-logo
Politics

မြန်မာသန်းခေါင်စာရင်း အာဏာရှင်ဆန့်ကျင်သူများကို စောင့်ကြည့်မှု တိုးမြှင့်ရန်ဟု ဝေဖန်သူများပြော

dhAZEkkIzKEzY0KHa2JG6-image

လွန်ခဲ့သော တစ်နှစ် က

ရှေ့ပြေးသန်းခေါင်စာရင်းကောက်ယူမှုများ နိုင်ငံအဝှမ်း မြို့နယ် ၂၀ ခုတွင် စတင်ခဲ့သည်ဟု မြန်မာစစ်အာဏာရှင်တို့က တနင်္ဂနွေနေ့က ကြေငြာခဲ့သည့်အတွက် ဝေဖန်သူများက အာဏာရှင် ဆန့်ကျင်သူများကို စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ရာတွင် အသုံးပြုလိမ့်မည်ဟု ပြောကြားခဲ့ ကြသည်။

 

စစ်အာဏာရှင်တို့၏ အရာရှိများက အမျိုးသားအဆင့် သန်းခေါင်စာရင်းကောက်ယူမှုကို ရွေးကောက်ပွဲအသစ် မပြုလုပ်မီ ပြီးစီးအောင် ကောက်ယူသွားမည်ဟု ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည်ဟု အရိပ်အမြွက်ပြောကြားထားသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၁၅ အတွင်း နေပြည်တော်၊ အခြား ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ထားသည့် မြို့နယ် ၂၀ တွင် သန်းခေါင်စာရင်း ကောက်ယူမှု ပြုလုပ်သွားမည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သည့်နေရာဒေသများပါဝင်သည်ကိုမှု မဖော်ပြ ထားပါ။

 

၎င်းမြို့နယ် ၂၀ သည် နမူနာဖြစ်သည်။” ဟုလည်း ဖော်ပြထားသည်။

 

နိုင်ငံပိုင်မီဒီယာမှ ရှေ့ပြေးစီမံချက်ကို ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စတင်ခဲ့ သည်ဟု ဖော်ပြထားသည်။

 

လတ်တလော စစ်အာဏာရှင်နှင့် ပြိုင်ဘက်များ တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ၎င်းဒေသများမှ မည်သည့်နေရာများတွင် ရှေ့ပြေးစီမံချက် ပြုလုပ်သွားမည်ကို ဖော်ပြမထားပါ။

 

၂၀၂၄ ခုနှစ်တွင် နိုင်ငံအနှံ့ကောက်ယူမည့် သန်းခေါင်စာရင်းမတိုင်မီ အကြိုကောက်ယူမှုဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

 

ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့်အနေဖြင့် အလုပ်ခွင်သို့ ပြန်မလာကြသည့် အရပ်ဘက်ဝန်ထမ်းများ၊ ဆရာဝန်များ၊ ဆရာ၊ ဆရာများအပါအဝင် အာဏာသိမ်း ဆန့်ကျင်သူများကို စောင့်ကြည့်ရန် စစ်အာဏာရှင်တို့သည် သန်းခေါင်စာရင်းကောက်ယူမှုကို အသုံးချသွားမည်ဖြစ်သည်ဟု ဝေဖန် သူများက ပြောကြားသည်။

 

ဇီဝတိုင်းတာမှုအချက်အလက် စုဆောင်းကောက်ယူမှုပြုရာတွင် ကူညီပေးရန် မြန်မာက တရုတ်ကို တောင်းဆိုခဲ့

 

ထုတ်ပြန်ချက်တွင် ဖော်ပြမထားသော်လည်း မြန်မာသည် အီလက်ထရောနစ် အသိအမှတ်ပြု စနစ် ထုတ်ဖော်တည်ဆောက်ရန် ရည်ရွယ်ထားသည်။

 

"အသက် ၁၀ နှစ်နှင့် အထက်ရှိ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ၊ ဇီဝတိုင်းတာမှု အချက်အလက်များ” ကို စုဆောင်း ကောက်ယူသွားမည်ဟု ပြောကြားထားသည်။

 

မြန်မာစစ်တပ်၏ အဓိက မဟာမိတ်၊ လက်နက်ထောက်ပံ့သူ၊ ပြည်တွင်းစောင့်ကြည့်စစ်ဆေးရေး ကွန်ရက်လုပ်ဆောင်ပေးသူ တရုတ်ထံမှ မြန်မာစစ်တပ် ဝန်ကြီးများက ဇီဝတိုင်းတာမှု အချက်အလက်များ ကောက်ယူရေး အကူအညီပေးရန် တောင်းဆိုခဲ့သည်။

 

မြန်မာနိုင်ငံသည် နေ့စဉ်လိုလို ဗုံးပေါက်ကွဲမှုများနှင့် တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်မှုရှိသည့် ပဋိပက္ခများအကြား အပိုင်းပိုင်း ကွဲပြားနေသည်။

 

စစ်တပ်သည် အချို့ဒေသများတွင် အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း အသိအမှတ်ပြုထားရသည်။

 

ကုလသမဂ္ဂအဆိုအရ လူဦးရေ ၁. သန်းကျော်မှာ အာဏာသိမ်းစဉ်ကစ၍ အကြမ်းဖက်မှုများ ကြောင့် စွန့်ခွာ ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

 

ကုလသမဂ္ဂက စစ်အာဏာရှင်လက်အောက်မှ မည်သည့်ရွေးကောက်ပွဲမဆို "အတုအယောင်” သာဖြစ်လိမ့်မည်ဟု ပြောကြားထားပြီး မဲရုံများသည် စစ်တပ်၏ ပြိုင်ဘက်များအတွက် ပစ်မှတ်များဖြစ်လာပြီး သွေးထွက်သံယိုမှုများ ဆက်လက် ဖြစ်ပေါ်မည်ဟု လေ့လာဆန်းစစ်သူ များက ပြောကြားသည်။

 

ဗိုလ်ချုပ်များ၏ ရွေးကောက်ပွဲအစီအစဉ်ကို ရုရှားက ထောက်ခံကြောင်း ပြောထားပြီး ၎င်း၏ ရွေးကောက်ပွဲကော်မရှင်သည် "ရွေးကောက်ပွဲ လှုပ်ရှားလုပ်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရန်” စာချွန်လွှာတစ်ခုကို မြန်မာနှင့် ပြီးခဲ့သည့်လက လက်မှတ် ရေးထိုးထားသည်။

 

ကိုးကား - AFP/ABC

ပုံစာ - စာရွက်စာတမ်းများ ပြင်ဆင်နေသော ရခိုင်ပြည်နယ်မှ သန်းခေါင်စာရင်း ဝန်ထမ်းများ။ (Photo: AP)

 

ရှေ့ပြေးသန်းခေါင်စာရင်း
အာဏာသိမ်းစစ်အုပ်စု
မြန်မာ
တရုတ်
ဇီဝတိုင်းတာမှုအချက်အလက်

Share With
bap-logo