bap-logo
Politics

ကုလကို စိတ်ပျက်နေသည့် ကမ္ဘာကြီးက ပြဿနာများ၏ အဖြေကို အခြားမှာ ရှာဖွေ

8ksocAWg66QlP1y4ZraY5-image

လွန်ခဲ့သော တစ်နှစ် က

ဖိနှိပ်ရက်စက်မှုများနှင့် ယူကရိန်းစစ်ပွဲ၊ Niger နှင့် Gabon တို့မှ အစိုးရဖြုတ်ချမှုများ၊ တဝဲလည်လည် အန္တရာယ်ပေးနေသေးသော ကိုဗစ်-၁၉ ရောဂါကပ်ဆိုးနှင့် အသက်ကယ် ကာကွယ်ဆေး ညီမျှစွာ မဖြန့်ဝေနိုင်မှု တို့ကို ရင်ဆိုင်နေရသည့် ကမ္ဘာကြီး၏ ပြဿနာများကို ကုလသမဂ္ဂအဖွဲ့က အဖြေမပေးနိုင်သေးပါ။

 

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံတက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ နယူးယောက်မြို့သို့ တဖွဲဖွဲ ရောက်ရှိလာကြသော်လည်း ကမ္ဘာ့ပြဿနာများမှာ လျင်မြန် ပြင်းထန်စွာ ကမ္ဘာ့ကို ရိုက်ခတ်နေပြီး ဖြေရှင်းချက်များကိုမူ မတွေ့မြင်နိုင်သေးပါ။ နိုင်ငံများစွာက ၎င်းပြဿနာများကို အဖြေရှာရန် အခြား နေရာများတွင် စတင် ရှာဖွေနေကြပြီ ဖြစ်သည်။

 

ကုလသမဂ္ဂသည် တစ်ချိန်က ပထဝီနိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းရန် ကြိုးပမ်းကြသည့် စားပွဲဝိုင်းတစ်ခု ဖြစ်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ်မှုအသစ်များတွင် ဘေးထွက်နေခဲ့ရကာ ကမ္ဘာကို အစိတ်အမွှာမွှာ ဖြစ်လာစေသည့် ရုတ်ချည်း အဖြစ်အပျက်များ၊ အကျပ်အတည်းများနှင့် အာဏာသိမ်းမှုများကို ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

 

အမေရိကန်ဦးဆောင်မှုခိုင်မာစေရန် ကုလသမဂ္ဂကို ပုံဖော်ခဲ့သည့် အမေရိကန်နိုင်ငံကိုယ်၌ကပင် ကုလသမဂ္ဂ၏ မစွမ်းဆောင်နိုင်မှုကို အသိအမှတ် ပြုလာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြီးခဲ့သည့်အပတ် မိန့်ခွန်းတွင် ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

 

ကျွန်တော်တို့ အခုကြုံတွေ့နေရတာက စစ်အေးတိုက်ပွဲအလွန် စမ်းသပ်ခံရမှု ထက် ပိုပါတယ်

 

ကျွန်တော်တို့ အခုကြုံတွေ့နေရတာက စစ်အေးတိုက်ပွဲအလွန် စမ်းသပ်ခံရမှုထက် ပိုပါတယ်။ဟု Blinken က ပြောသည်။ "နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လုပ်ကိုင်ပုံဖော်ရတာ ပိုပြီး ရှုပ်ထွေးလာပါတယ်။ အကြောင်း ရင်းက ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်လာတာတင်မကပါဘူး။ ကမ္ဘာ့ပြဿနာတွေ ကြီးထွားလာတာ ကြောင့်လည်း ဖြစ်ပါတယ်။

 

တာဝန်ရှိသူ အရာရှိများက ကုလ၏ အရာမဝင်မှုကို ထုတ်ပြန်ကြေငြာခြင်း၊ ကုလကျဆုံးမှုကို ကြိုတင် ခန့်မှန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့မှာ လက်တွေ့အားဖြင့် ဓာတ်ပြားဟောင်းကြီးသာ ဖြစ်သည်။ သို့ရာ တွင် ကုလအတွက် မကျေနပ်နိုင်သည့် ခံစားချက်များမှာ အထူးသဖြင့် ယခုနှစ်တွင် ပိုမို ပြင်းထန်လာခဲ့သည်။ ရုရှားနိုင်ငံက အမြဲတမ်းအဖွဲ့ဝင်အဖြစ် ကုလလုံခြုံရေးကောင်စီတွင် နေရာယူထားသည့်အတွက် ယူကရိန်းစစ်ပွဲ အရေး တုတ်တုတ်မျှမလှုပ်နိုင်ခဲ့ပေ။

 

ကုလကို လွှမ်းမိုးနေသည့် နိုင်ငံများက ပြုပြင်ပြောင်းလဲရေး မလုပ်ဆောင်ဘဲ ခုခံကာကွယ်နေဦးမည်ဆိုလျှင် ကမ္ဘာ့ပြဿနာအရေးအခင်းများကို ကုလသမဂ္ဂစနစ်၏ ပြင်ပတွင် ရှာဖွေရန်ကလွဲ၍ နည်းလမ်းမရှိနိုင်တော့ပေ။ ကုလပြင်ပဆိုရာတွင် တရုတ်၏ ကမ်းလှမ်းချက်လည်း အပါအဝင်ဖြစ်သည်ဟု ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၏ သံတမန် တစ်ဦးက အမည်မဖော်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

 

ရုရှားသည် ၎င်းကိုယ်တိုင် ထောက်ခံမဲပေးခဲ့သည့် ကုလသမဂ္ဂ၏ ကန့်သတ်အရေးယူမှုကို ဖောက်ဖျက်ကာ ယခုအခါ မြောက်ကိုးရီးယားနှင့် လက်နက်ဝယ်ယူရေး စဉ်းစားနေပြီဖြစ်ပြီဖြစ်သည်။ ပဋိပက္ခအကြား ယူကရိန်း အသီးအနှံများ တင်ပို့နိုင်ရေး သဘောတူညီချက်ကို ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း ရုရှားသမ္မတ ပူတင်က ဖောက်ဖျက်လိုက်သောအခါ ပျက်ပြယ်ခဲ့ရပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး Antonio Guterres က "နေရာအနှံ့က လိုအပ်နေသူတွေအတွက် ထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း” ပြောဆိုခဲ့သည်။

 

ကုလသမဂ္ဂကို ပြောင်းလဲရန် ကာလရှည်ကြာစွာ နည်းလမ်းရှာနေသည့် အခြားသောနိုင်ငံများက ယခုအခါ သည့်ထက်ပို၍ နည်းလမ်းရှာနေကြပြီဖြစ်သည်။ အိန္ဒိယနှင့် ဘရာဇီးတို့သည် ယင်းပြုပြင်ပြောင်းလဲရေးအတွက် လှုံ့ဆော်ခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး ၎င်းတို့၏ စွမ်းအားများကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်သည့် BRICS အဖွဲ့သို့ ဦးတည်နေကြပြီ ဖြစ်သည်။ အိန္ဒိယသည် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ပါဝင်သည့် Quad အဖွဲ့ကိုလည်း အာရုံစိုက်မှု ပြုထားသည်။

 

တရုတ်နိုင်ငံသည် ရှိနှင့်ပြီးသား ကမ္ဘာ့အစီအစဉ်ကို နှောက်ယှက်ရန် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို ဦးဆောင်နေကာ BRICS ကို ဆယ်စုနှစ်တစ်ခုအတွင်း အဖွဲ့ကို ပထမဆုံး ချဲ့ထွင်ရန်အတွက် ဆော်ဒီအာရေဗျ၊ အီရန်၊ အီဂျစ်၊ အာဂျင်တီးနား၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို ဖိတ်ခေါ်ခဲ့သည်။

 

ကျွန်တော်တို့က ကမ္ဘာ့အုပ်ချုပ်မှုကို ပြုပြင်ပြောင်းလဲသင့်ပါပြီ

 

ကျွန်တော်တို့က ကမ္ဘာ့အုပ်ချုပ်မှုကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။ဟု တရုတ်ခေါင်းဆောင် Xi Jinping က BRICS ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားစဉ် အနောက်နိုင်ငံများကို သွယ်ဝိုက် ဝေဖန်မှုအနေဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။ "သီးသန့်အဖွဲ့တွေ ဖွဲ့ဖို့ အုပ်စုဖွဲ့ကြတာ၊ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို နိုင်ငံတကာစံ အဖြစ် သတ်မှတ်တာတွေဟာလက်ခံနိုင်ဖွယ်ရာ မရှိဟု ၎င်းက ပြောကြားသည်။

 

လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ခေါင်းဆောင် ၅ ဦးအနက်မှ အထွေထွေညီလာခံ စကားစစ်ထိုးပွဲကို ယခု နှစ်တွင် တစ်ဦးတည်းသော လူကိုယ်တိုင် တက်ရောက်သူမှာ အမေရိကန်သမ္မတ Joe Biden ဖြစ်ပြီး အခြားသော တရုတ်၊ ရုရှား၊ ပြင်သစ်နှင့် ယူကေခေါင်းဆောင်များမှာ အိမ်တွင်သာ နေကြမည်ဖြစ်သည့်အတွက် ထူးခြားသည့် လက္ခဏာတစ်ခုပင်ဖြစ်သည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထောက်ခံမှုကို တောင်းခံခဲ့ပြီး ငြင်းပယ်ခံခဲ့ရသည့်ကြားက ၂၀၀၃ ခုနှစ်တွင် အီရတ်ကို ကျူးကျော်သည့် အမေရိကန်လုပ်ရပ်ကို အချို့နိုင်ငံများက ပြစ်တင်ခဲ့ကြသည်။ ယခင်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နှုတ်ထွက်ရန် ဆုံးဖြတ်ကာ ကုလကို ကိုင်လှုပ်ခဲ့ပြီး နောက်ပိုင်းတွင် Biden မှ ပြန်လည် ရုပ်သိမ်းခဲ့ရသည်။

 

ကုလသမဂ္ဂသည် ၎င်းကို စတင်တည်ထောင်ခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကာလ ကမ္ဘာ့အခြေအနေကို ရောင်ပြန် ဟပ်မှု မပြုသင့်ဘဲ လက်ရှိ ဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေကို ထင်ဟပ်ရန် အမေရိကန်အရာရှိများက ထပ်ခါတလဲလဲ အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်သည်။ သို့သော် ၂၀၂၅ ခုနှစ်တွင် အမေရိကန်သမ္မတရာထူးအတွက် ထရန့် ပြန်လာပြီး နောက်ထပ်တဖန် လှုပ်ခါခံရကိန်းရှိသည့်အတွက် အမေရိကန်တို့၏ အသံ တိမ်မြုပ်နိုင်ချေ ရှိနေသည်။

 

ကုလသမဂ္ဂက တစ်ခုတည်းသော ကစားပွဲတစ်ခု မဟုတ်ဘူးဆိုတာ အမှန်ပဲ။ ဖြစ်ပေါ်လာနေတဲ့ အက်ကြောင်း တွေက အရှေ့-အနောက်ပဲ ဖြစ်ပေါ်နေတာမဟုတ်ဘဲ မြောက်-တောင်ပါ ဖြစ်ပေါ်နေတာပါ။” ဟု Carnegie Endowment for International Peace မှ ဝါရင့်ပညာရှင် Stewart Patrick က ပြောကြားသည်။

 

ပေါ်ပေါ်တင်တင်မြင်ရသည့် အတွင်းကျိတ် အာဃာတများလည်း ရှိပါသည်။ ချမ်းသာသည့် နိုင်ငံများက ကာကွယ်ဆေးသိုလှောင်သိမ်းဆည်းပြီး ဆင်းရဲသည့် နိုင်ငံများကို ပစ်ပယ်ထားကြသည့် ကိုဗစ်-၁၉ အကျပ် အတည်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် တာဝန်ယူရမည့် ချမ်းသာသည့် နိုင်ငံများက ဝင်ငွေနိမ့်နိုင်ငံများကို လေထုညစ်ညမ်းမှု လျော့ချရေး တိုက်တွန်းတောင်းဆိုမှု စသည့် ပြဿနာများပင် ဖြစ်သည်။

 

ဝင်ငွေနိမ့် နိုင်ငံအများအပြားက မိတ်ဖက်အသစ်ရှာရမလား ဒါမှမဟုတ် သူတို့ရဲ့ ပြဿနာတွေကို သူတို့ ကိုယ်တိုင်ပဲ ဖြေရှင်းရမလားဆိုတာ စဉ်းစားအဖြေရှာနေကြရပါတယ်

 

ဝင်ငွေနိမ့် နိုင်ငံအများအပြားက မိတ်ဖက်အသစ်ရှာရမလား ဒါမှမဟုတ် သူတို့ရဲ့ ပြဿနာတွေကို သူတို့ ကိုယ်တိုင်ပဲ ဖြေရှင်းရမလားဆိုတာ စဉ်းစားအဖြေရှာနေကြရပါတယ်။” Bill and Melinda Gates Foundation မှ အမှုဆောင်အရာရှိချုပ် Mark Suzman က Foreign Affairs တွင် ရေးသားထားသည်။

 

ကုလ၏ အထောက်အပံ့ အလိုရှိခဲ့သည့် အစိုးရများကိုယ်တိုင် တံခါးပိတ်လိုက်ကြပြီ ဖြစ်သည်။ တရုတ်မှ ၎င်းတို့ ပိုင်ဆိုင်သည့် နယ်မြေဟု တောင်းဆိုထားသည့် ထိုင်ဝမ်သည် ကုလသမဂ္ဂစနစ်သို့ လက်လှမ်းမီရေး သို့မဟုတ် အနိမ့်ဆုံးအားဖြင့် အကာအကွယ်ပေးရေး ကြာမြင့်စွာ တောင်းဆိုနေခဲ့သည်။

 

ကမ္ဘာတစ်ဝှမ်း အရေးကြီးတဲ့ လုံခြုံရေးကျိုးပေါက်မှုတွေကို ထိရောက်တဲ့ တုံ့ပြန်မှု မလုပ်ဆောင်နိုင်တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အလွန် စိတ်ပျက်ဖွယ် ကောင်းပါတယ်။” ဟု ထိုင်ဝမ်၏ တရားဝင် မဟုတ်သော်လည်း အများလက်ခံထားသည့် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Hsiao Bi-khim က တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။ "ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ကျွန်တော်တို့ သိမြင်ထားကြပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂကို တည်ထောင်ခဲ့ကြတာပဲလေ။"

 

ကိုးကား - Bloomberg

ပုံစာ - ၂၀၂၂ ခုနှစ် Kyiv မြို့ ဆင်ခြေဖုံးရှိ ရုရှားဗုံးကြဲမှုဒဏ်ခံရသည့် မီးလောင်နေသော ဂိုဒေါင်အနီးမှ ဖြတ်သန်းသွားလာသူတစ်ဦး။ (Photo: Fadel Senna/AFP/Getty Images)

 

Burma Associated Press

 

ရုရှား
ယူကရိန်း
တရုတ်
အမေရိကန်
UN
အရှေ့တောင်အာရှ

Share With
bap-logo