Politics
စစ်ကောင်စီအရာရှိတွေ မှတ်ပုံတင် ၂ ခု ဆောင်ပြီး ခရီးသွားနေရ
လွန်ခဲ့သော ၁၉ ရက် က
BAP၊ဖေဖော်ဝါရီ ၁၇။
ရန်ကုန်မြို့ကနေ အခြားမြို့ကိုသွားရောက်မယ့် စစ်ကောင်စီအရာရှိတွေဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးမူခံယူရမှာ စိုးရိမ်တာကြောင့် မှတ်ပုံတင်အစစ်မဟုတ်ဘဲ အခြားတခုအသုံးပြုပြီး ခရီးသွားနေကြရတယ်လို့ ဝန်ထမ်းအချို့ဆီက သိရပါတယ်။
အမြန်လမ်းတွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးမူခံယူရမှာစိုးရိမ်လို့ စစ်ကောင်စီအရာရှိကြီးတွေဟာ မှတ်ပုံတင် ၂ ခုထားရှိပြီး အမြန်လမ်းကနေ ဖြတ်သန်းနေရတယ်လို့ ဝန်ထမ်းအချို့က ပြောပါတယ်။
"အစည်းဝေးကိစ္စတင်မဟုတ်ဘူး လူမူရေးအသင်းကိစ္စတွေသွားရင်လည်း သူတို့မှတ်ပုံတင်အစစ်မယူရဲဘူး။ အချို့ဆို သီးသန့်ကားနဲ့မသွားဘဲ ခရီးသည်တင်ကားနဲ့သွားကြတာရှိတယ်။ သူတို့ဘယ်သူဆိုတာ မသိရဲကြဘူး"လို့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦးက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့အချို့ဟာ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွေကို မကြာခဏတက်ရောက် စစ်ဆေးမူ တွေပြုလုပ်ခဲ့တာကြောင့် မှတ်ပုံတင်အစစ်နဲ့ ခရီးမသွားရဲကြတာလို့ ဝန်ထမ်းအချို့က ပြောပါတယ်။
စစ်တပ်အရာရှိတွေတင်မဟုတ်ဘဲ ဝန်ကြီးဌာနက အရာရှိတွေကိုယ်တိုင် မှတ်ပုံတင် ၂ ခုထားပြီး ခရီးသွားနေကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ နဲ့ ၃၁ ရက် က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၆၂) နဲ့အနီး ဝန်းကျင်မှာ စစ်ကောင်စီလက်အောင်ခံအဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရပြီးနောက် အရာရှိတွေမှတ်ပုံတင်နှစ်ခု ပြုလုပ်ထားကြတာလို့ ဝန်ထမ်းအချို့ဆီက သိရပါတယ်။
"ကုန်းလမ်းကသွားရတဲ့ခရီးစဥ်တိုင်းမှတ်ပုံတင်အစစ်မကိုင်ရဲကြဘူး။ ဝန်းထမ်းအငယ်တွေကြတော့မလုပ်ပေးဘူး။ သူတို့တွေကြတော့လုပ်ထားကြတာ"လို့ ဝန်ထမ်းတဦးက ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းပေါ်မှာ တော်လှန် ရေးတပ်ဖွဲ့တွေက စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက် မီးသတ်ဌာန ညွှန်ကြားရေးမှူးနဲ့ ဇနီး ၊ ဗိုလ်ကြီးတဦးရဲ့ ဇနီးဖြစ်သူ၊တပ်ကြပ်တဦး၊ တပ်သားတဦးနဲ့ ပျူစောထီးတဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
အမြန်လမ်းမပေါ်ကို Aung San’s Land Natmauk အဖွဲ့က ရှောင်တခင် စစ်ဆေးတဲ့ချိန် သူတို့ရဲ့မှတ်ပုံ တင် ဖုန်းနဲ့ အတူတကွပါရှိတဲ့ စာရွက်စာတမ်း တွေအရ အတည်ပြု ဖမ်းဆီးခဲ့တာလို့ အဖွဲ့က အသိပေးထားခဲ့တာပါ။
Top News
လွန်ခဲ့သော ၁၅ ရက် က
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၁၉ ရက် က