bap-logo
International

တရုတ် သူလျှိုမီးပုံးပျံကို အမေရိကန်ပစ်ချ

v0TGGkdvDhSN0Jvpt578f-image

လွန်ခဲ့သော ၂ နှစ် က

ဝါရှင်တန် - ဖေဖော်ဝါရီ ၅

 

အမေရိကန်လေတပ်သည် နိုင်ငံဖြတ်ကျော်ပျံသန်းမှုကြောင့် နှစ်နိုင်ငံကြား သံတမန်ရေးရာအဖုအထစ် ဖြစ်ပေါ် စေခဲ့သည့် အမြင့်ပျံ တရုတ်ထောက်လှမ်းရေးမီးပုံးပျံကို အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပစ်ချလိုက်ပြီဖြစ် သည်။

 

အဆိုပါမီးပုံးပျံကို မိုးလေဝသဆိုင်ရာရည်ရွယ်ချက်ဖြင့် လွှတ်တင်ထားခြင်းသာဖြစ်ကြောင်း တရုတ်အစိုးရဘက် က ပြောဆိုခဲ့သော်လည်း ယင်းမီးပုံးပျံမှာ သူလျှိုလုပ်ငန်းများဆောင်ရွက်နေကြောင်း အမေရိကန် တာဝန်ရှိ သူများက အခိုင်အမာပြောကြားခဲ့သည်။

 

တရုတ်မီးပုံးပျံကို တိုက်လေယာဉ်ဒုံးကျည်နှင့် ပစ်ချပြီးနောက် ပျက်စီးပြုတ်ကျလာပုံကို ရုပ်မြင်သံကြားတွင် မြင်တွေ့ခဲ့ရပြီး ဗာဂျီးနီးယားရှိ Langley လေတပ်အခြေ စိုက်စခန်းမှ ထွက်ခွာလာသော F-22 Raptor တိုက်လေယာဉ်မှ ဒုံးကျည်တစ်စင်းတည်းနှင့် ထိမှန် အောင်ပစ်ချနိုင်ခဲ့ကြောင်း အကြီးတန်း စစ်ဘက်အရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြား ခဲ့သည်။

 

"ဗုဒ္ဓဟူးနေ့က မီးပုံးပျံအကြောင်း ကျွန်တော့်ဆီအစီရင်ခံလာတော့ မြေပြင်ပေါ်ကလူတွေ အထိအခိုက်မရှိစေဘဲ အမြန်ဆုံးပစ်ချဖို့ ပင်တဂွန်ကို ကျွန်တော်အမိန့်ပေးခဲ့တာပါ။ ကမ်းနှင့် ၁၂ မိုင်အကွာအတွင်း ရေထဲကို အောင်အောင်မြင်မြင် ပစ်ချလိုက်ကြတဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်မှူးတွေကို ချီးကျူးကြောင်းပြောချင်ပါ်တယ်" ဟု သမ္မတဘိုင်ဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

မီးပုံးပျံပစ်ချခံရမှုနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် လွန်လွန်ကဲကဲတုံ့ပြန်နေခြင်းဖြစ်ပြီး နိုင်ငံတကာလုပ် ထုံးလုပ်နည်းကို ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း တရုတ်က စွပ်စွဲခဲ့သည်။

 

Source/ဓာတ်ပုံ – The Guardian

 

တရုတ်မီးပုံးပျံ
ပစ်ချ
အမေရိကန်

Share With
bap-logo