Politics
KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ ပြန်လည်လွတ်မြောက်
လွန်ခဲ့သော ၃ နှစ် က
ကချင် ၊ ဇန်နဝါရီ - ၄
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်အမ်ကောန်လ ယနေ့ မနက်ပိုင်းက မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာကြောင်းသိရသည်။
ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့အထိန်းအမှတ်အဖြစ် စစ်ကောင်စီက လွှတ်ပေးနေသော အကျဉ်းသား များနှင့် အတူပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ဒေါက်တာ အမ်ကောန်လကို ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် စစ်တပ်ကို ဝေဖန်ရေးသားမှုများ ကြောင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လက နေပြည်တော်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုကာ ထောင် ၂ နှစ် ချမှတ်ခဲ့သည်။
Photos - CJ
Burma Associated Press
လွတ်လပ်ရေးနေ့
စိန်ရတု
နိုင်ငံရေးအကျဉ်းသား
ကချင်အမျိုးသားကွန်ဂရက်ပါတီ
Top News
စစ်မီးထဲက နိုးထဖို့ ရုန်းကန်နေရတဲ့ “မြို့”
လွန်ခဲ့သော ၂ ရက် က
Articles
Share With