bap-logo
Politics

အကသ ဒုဥက္ကဌ(ဟောင်း) ကိုဖြိုးမောင်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် အမိန့်ချ

DIhsqYusnofo9uVA_4Ieg-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၃။

 

၂၀၁၅ မျိုးဆက် အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ ၏ ဒုဥက္ကဌဟောင်း၊ မှော်ဘီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်းဖြစ်သူ ကိုဖြိုးမောင်မောင်ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄ နှစ် အပြီးသတ် အမိန့်ချခဲ့ကြောင်း သိရသည်။

 

ကိုဖြိုးမောင်မောင်သည် ကျောင်းသားထုနှင့် အဖိနှိပ်ခံလူထု အခွင့်အရေးတိုက်ပွဲများတွင် အစဉ်တစိုက် ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးတွင်လည်း ပါဝင်လှုပ်ရှားခဲ့သဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက် တွင် အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဗျူရိုက ဆိုသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ အာဏာသိမ်း စစ်ကောင်စီက လူပေါင်း ၁၆,၇၀၄ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ရဲ့ စာရင်းများအရ သိရသည်။

 

ထိုသို့ ထိန်းသိမ်းခံထားရသူများအနက် ၁၃,၂၁၇ ဦးသည် လက်ရှိချိန်ထိ အကျဥ်းထောင်အသီးသီးမှာ ထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် စစ်ကောင်စီကြောင့် စုစုပေါင်းသေဆုံးသူ ၂,၆၈၈ ဦး ရှိပြီဖြစ်ရာ  ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ  ,၀၀၀ ကျော် ပါဝင်သည်။ ကလေးပေါင်း ၂၇၄ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးမှုရဲ့ ၁၀.၃ ရာခိုင်နှုန်းရှိတယ်လို့ AAPP ကဆိုသည်။

 

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဗျူရို

 

Burma Associated Press

စစ်ကောင်စီ
ကျောင်းသား
အမိန့်ချ
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo