bap-logo
Politics

လျှပ်စစ်ကားအားသွင်းရုံ ဗုံးခွဲရမှာစိုးရိမ်ပြီး သခင်မြပန်းခြံပိတ်ထားတာ ၆ လ ရှိပြီ

4qtvQ_341sriIJ30-68b_-image

လွန်ခဲ့သော တစ်နှစ် က

ရန်ကုန်၊ နိုဝင်ဘာ ၄။

 

ပန်းခြံဝင်းအတွင်း ဖွင့်ထားတဲ့ လျှစ်စစ်ကားအားသွင်းရုံ (Charging Station) ဗုံးခွဲခံရမှာစိုးရိမ်ပြီး အများပြည်သူ နေရာဖြစ်တဲ့ ရန်ကုန်သခင်မြ ပန်းခြံကို ပိတ်ထားတာ ၆ လ ကြာမြင့်လာပါပြီ။

 

ယခုနှစ် မေလအတွင်းက ပန်းခြံအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပိတ်ထားတာ ဖြစ်ပါတယ်။

 

အနီးအနား ရပ်ကွက်နေသူတွေကတော့ ပန်းခြံကို ပြန်လည်ဖွင့်စေချင်တယ်လို့ BAP ကို ပြောပါတယ်။

 

"ဒီနေရာက YBS ယာဉ်တွေအများအပြားရပ်တဲ့နေရာ၊ စျေးသည်တွေလည်း အများကြီးရှိတယ်၊ ကျောင်းလဲ ရှိတယ်၊ ဒီနားတဝိုက် အပန်းဖြေရာဒါလေးပဲ ရှိတာ ပိတ်ထားတယ်၊ အဓိကကတော့ စစ်သားတွေ လုံခြုံရေး မပေးနိုင်လို့ ဆိုပြီး ခုထိပိတ်ထားတာ"လို့ ပန်းခြံအနီး နေထိုင်သူတဦးက ပြောပါတယ်။

 

မေလ ၂၅ ရက်က သခင်မြပန်းခြံအနီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စစ်ဆေးချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးချိန်ကတည်းက ပန်းခြံကို ပိတ်ထား ခဲ့တာပါ။

 

လက်ရှိအချိန် ရန်ကုန် မြို့လယ်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံအပါအဝင် အခြား ပန်းခြံတွေ ပြန်ဖွင့်လှစ် နေတာကြောင့် အခြေခံလူတန်းစာတွေအပန်းဖြေရာ ဒီနေရာကိုပြန်ဖွင့်ပေးဖို့ မြို့ခံတွေက မျှော်လင့်နေတာပါ။

 

စစ်ကောင်စီက လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုပြီးနောက် သခင်မြပန်းခြံအတွင်းမှာ၊ Chin Dwin Shan Construction Co,Ltd လျှစ်စစ်ကားအားသွင်းရုံ (Charging Station)ရုံဆောက်ထားတာ ဖြစ်ပါတယ်။

 

မကြာသေးခင်က ကျရောက်တဲ့ သီတင်းကျွတ်ရာသီမှာလည်း အခြား ပန်းးခြံတွေ အကုန်ဖွင့်ပေမဲ့ သခင်မြပန်းခြံကို ဖွင့်ခဲ့ခြင်းမရှိဘဲ ဝင်းအတွင်း ဖွင့်ထားတဲ့ သန့်စင်ခန်းနှစ်ခုကိုသာ ဖွင့်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

 

Burma Associated Press

 

ရန်ကုန်
သခင်မြပန်းခြံ
လျှပ်စစ်ကားအားသွင်းရုံ
ဗုံးကြဲတိုက်ခိုက်ခဲ့

Share With
bap-logo