bap-logo
International

ထိုင်ဝမ်ရောက် မြန်မာပြည်ဖွားဒါရိုက်တာ ‘The Unseen Sister’ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှု အပြီးသတ်

4KsYiX41ANV197tmiYtc--image

လွန်ခဲ့သော ၈ လ က

 

ထိုင်ဝမ်အခြေစိုက် မြန်မာပြည်ဖွား ဒါရိုက်တာ Midi Z (Midi Zhao (ခ) Zhao Deyin) သည် ရိုက်ကူးစားရိတ် မရှိသည့် မှတ်တမ်းရုပ်ရှင်များနှင့် ဒရာမာရုပ်ရှင်များ ရိုက်ကူးခဲ့ရာမှ ၎င်း၏ ရိုက်ကူးမှုလုပ်ငန်းများကို ချဲ့ထွင်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကန်းစ်ရုပ်ရှင်ပွဲတော်တွင် “Nina Wu” ရုပ်ရှင်ကို ပြသခဲ့သည်။ ယခုအခါ တရုတ်ပြည်မကြီးတွင် ၎င်း၏ ပထမဆုံး ပင်မရေစီးကြောင်း ရုပ်ရှင်အဖြစ် “The Unseen Sister” ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်မှု ပြီးစီးခဲ့ခြင်း ဖြစ်သည်။

           

“Nina Wu” ရုပ်ရှင်တွင် အဓိက အမျိုးသမီးသရုပ်ဆောင်သည် ဖိအားနှင့် အရှက်တကွဲဖြစ်ရခြင်း အများ အပြားကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သူတစ်ဦးဖြစ်သည်။ “The Unseen Sister” တွင်မူ သူမကို အမည်မသိ သူတစ်ဦးက အတင်းအကျပ်ခြိမ်းခြောက်မှုနှင့် ပျောက်ဆုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သည့် ညီမဖြစ်သူ ရုတ်တရက် ပေါ်ပေါက်လာခြင်းတို့ကို သရုပ်ဆောင်ထားသည်။ ၎င်းညီမသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ပြီး ဖြစ်ပျက်မှုများနှင့် အတိတ်ကို ပြန်လည်ဖော်ပြခြင်းသာမက သူမပြန်လာခြင်းနှင့် တိုက်ဆိုင်နေသည်ဟု ထင်မြင် ရသည့် အဖြစ်အပျက်များ၊ ငွေညှစ်ခြင်းတို့နှင့်ချိတ်ဆက်နေသည့် ပိုမိုကြီးမားသော အကျပ်အတည်းများပါ ယူဆောင်လာခဲ့သည်။

           

သရုပ်ဆောင်နှစ်ဦး အပြိုင်ဦးဆောင်စေရာတွင် Z သည် နာမည်ကြီးလာသည့် တရုတ်သရုပ်ဆောင် Zhao Liying (“The Story of Xing Fu”နှင့် “Wild Bloom”မှ) ကို မင်းသမီးနေရာတွင်လည်းကောင်း Xin Zhilei (“The Rescue” နှင့် Wong Kar-wai TV series “Blossoms Shanghai”မှ) ကို ညီမနေရာတွင်လည်းကောင်း သရုပ်ဆောင်စေခဲ့သည်။

 

ထို့နောက် ၎င်း၏ အောင်မြင်မှု ရရှိခဲ့သည့် “The Road to Mandalay” ကို မြန်မာနိုင်ငံရိုက်ကွင်းအတွက် ထိုင်းနိုင်ငံတွင် အစားထိုး ရိုက်ကူးခဲ့သည်  

      

ရိုက်ကူးထုတ်လုပ်မှုကို ယခုလအစောပိုင်းက ဘေဂျင်းနှင့် တရုတ်နိုင်ငံအနောက်တောင်ဘက် ယူနန် ပြည်နယ် တို့တွင် အပြီးသတ်ရိုက်ကူးခဲ့သည်။ ရိုက်ကွင်းသည် မြန်မာနှင့် ထိုင်းနယ်စပ်တို့နှင့် နီးကပ်ပြီး ဇာတ်လမ်းအတွက် လည်း အရေးကြီးသည့် နောက်ခံကားချပ်တစ်ခုဖြစ်ကာ ဇာတ်လမ်းနှင့် တသားတည်း တွဲဖက်ပါဝင်နေခြင်းလည်း ဖြစ်သည်။

           

“ဒီရုပ်ရှင်က ကျွန်တော့် ကိုယ်ရေးကိုယ်တာ နောက်ခံနဲ့လည်း နီးစပ်တယ်။ အခုချိန်ထိ ကျွန်တော်ရဲ့ စီးပွားဖြစ် ရိုက်ကူးမှုအဖြစ်ဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။” ဟု Z က Variety ကို ပြောသည်။ “တကယ့် သည်းထိတ်ရင်ဖို ပါပဲ။ ပြီးတော့ မန်ဒရင်ဘာသာစကားနဲ့ ရိုက်ကူးထားတာပါ။ ဒါပေမယ့် တရုတ်ပရိတ်သတ်အတွက်ပဲ ရည်ရွယ် တာ မဟုတ်ပါဘူး။ နိုင်ငံခြားပရိတ်သတ်တွေအတွက်လည်း အခက်အခဲ လုံးဝ ရှိမှာ မဟုတ်ပါဘူး။”

           

ကျွန်တော် ဒီရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေတာ နှစ်တွေ အတော်ကြာပြီ။ ၂၀၁၈ ခုနှစ်မှာတော့ ကြီးကြီးမားမား တိုးတက်လာတယ်။ “”Nina Wu” အတွက် မီးစိမ်း အပြမခံရခင် ဒီရုပ်ရှင်ကို ရိုက်ဖို့ မျှော်လင့်ခဲ့တာ။”

           

မြန်မာနိုင်ငံတွင် တရုတ်မျိုးနွယ်အဖြစ် မွေးဖွားခဲ့ပြီး အသက် ၁၆ အရွယ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့ကာ ထိုင်ဝမ် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ၎င်းသည် မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးခဲ့ပြီး ၎င်း၏ ပထမဆုံး စိတ်ကူး ဖန်တီးမှု ရုပ်ရှင်များဖြစ်သော Return to Burma” “Poor Folk” နှင့် “Ice Poison” တို့ကို မြန်မာနှင့် ထိုင်ဝမ် တို့တွင် ရိုက်ကူးခဲ့သည်။

 

ထို့နောက် ၎င်း၏ အောင်မြင်မှု ရရှိခဲ့သည့် “The Road to Mandalay” ကို မြန်မာနိုင်ငံရိုက်ကွင်းအတွက် ထိုင်းနိုင်ငံတွင် အစားထိုး ရိုက်ကူးခဲ့သည်။ ထို့နောက် ကျားမခွဲခြားမှုနှင့် အမျိုးသားကြီးစိုးသည့် ရုပ်ရှင်လုပ်ငန်း ကို ပြင်းထန်စွာ ဝေဖန်ထိုးနှက်ခဲ့သည့် “Nina Wu” ရုပ်ရှင်ကို ထိုင်ဝမ်တွင် အခြေတည်ကာ ရိုက်ကူးပြသခဲ့သည်။ ၎င်း၏ နောက်ဆုံး ပြီးစီးထားသည့် မှတ်တမ်းရုပ်ရှင်ကားမှာ “The Clinic” ဖြစ်ပြီး IDFA တွင် မကြာသေးမီက ပြသခဲ့သည်။

           

ကျွန်တော်က တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ပြည်မကြီးမှာ အလုပ်လုပ်ရတာ ကျွန်တော့်အတွက် အခက်အခဲ အများကြီး မရှိပါဘူး။ ကျွန်တော် ကင်မရာတစ်လုံး၊ လူတစ်ယောက်နဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ လုပ်ခဲ့ ပြီးတဲ့နောက် အဖွဲ့သား ၃၀၀ နဲ့ ၅၅ ရက်လောက် ရိုက်ကူးတာတွေ လုပ်နေပါတယ်။”

           

“Nina Wu” ရုပ်ရှင်အပြီး ၎င်းကို CAA ၏ နိုင်ငံတကာ ကိုယ်စားပြုသူအဖြစ် ရွေးချယ်ခဲ့သည်။ “ကျွန်တော် ကမ်းလှမ်းမှု အများကြီး ရခဲ့တယ်။ တချို့ စီမံကိန်းတွေကို အမေရိကန်နိုင်ငံမှာ လုပ်ကိုင်ခဲ့တယ်။ ဒီတော့ လာမယ့် နွေရာသီမှာ ကျွန်တော့်ရဲ့ ပထမဆုံး ဟောလိဝုဒ်ရုပ်ရှင် ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။” ဟု ၎င်းက ပြောသည်။

 

ကိုးကား - Variety

 (Photo: Linmon Pictures)

 

ထိုင်ဝမ်
The Unseen Sister
Midi Z (Midi Zhao (ခ) Zhao Deyin)

Share With
bap-logo