bap-logo
International

ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ကို တရုတ်အစိုးရက စုံစမ်းစစ်ဆေးနေဟု ထိုင်ဝမ်ပြော

bBmv5Hx2PpzknyXxv-DY_-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Li Shangfu နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang တို့ကို တရုတ်အစိုးရမှ တရားဝင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ထိုင်ဝမ်ထောက်လှမ်းရေး အကြီးအကဲ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

 

၎င်းတို့နှစ်ဦးသည် လူအများမြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်ခဲ့ကြပြီး စုံစမ်းစစ်ဆေးခံနေရသည်ဟု ထင်မြင်ချက်နှင့် အမည်မဖော်ပြသော တင်ပြအစီရင်ခံမှုများ ထွက်ပေါ်လာခဲ့ကာ ယခုအခါ ထိုင်ဝမ်မှ အတည်ပြုလိုက်ခြင်းဖြစ်သည်။

 

Qin သည် "လိင်အရှုပ်တော်ပုံ" စွပ်စွဲမှုနှင့် ပတ်သက်သည့် စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရပြီး Li မှာ လွန်ခဲ့သည့် ငါးနှစ်က အကျင့်ပျက်ခြစားမှုနှင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရို၏ အကြီးအကဲ Tsai Ming-yen က ထိုင်ပေမှ လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

 

Qin သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၇ လသာ တာဝန်ယူခဲ့ရပြီး ဂျူလိုင်လတွင် စာတစ်ကြောင်းသာပါဝင်သည့် အစိုးရ ထုတ်ပြန်ချက်ဖြင့် ဖယ်ရှားခံခဲ့ရသည်။ Li သည် မတ်လတွင် ကာကွယ်ရေးအကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသော်လည်း ဩဂုတ်လနှောင်းပိုင်းမှ စတင်၍ အများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ ၎င်းတို့နှစ်ဦးလုံးသည် ထိပ်တန်းရာထူးများသို့ ရောက်ရှိလာသော တရုတ်ခေါင်းဆောင် Xi Jinping နှင့် နီးကပ်သည့် မဟာမိတ်များဖြစ်သည်။

 

Qin ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် "အိမ်ထောင်နှင့် သားတစ်ဦးရှိ” ဟုဖော်ပြထားသည်။ ၎င်းသည် တရုတ်နိုင်ငံပိုင်မီဒီယာမှ သတင်းထောက်တစ်ဦးနှင့် အိမ်ထောင်ပြင်ပ ဖောက်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၌ အငှားကိုယ်ဝန်ဖြင့် ကလေးတစ်ဦး ရရှိခဲ့သည်ဟု ဆိုသည်။

 

Qin ကို တရုတ်အစိုးရက စုံစမ်းစစ်ဆေးရခြင်းမှာ "အရှုပ်တော်ပုံအတွင်း လျှို့ဝှက်ချက် တစ်စုံတစ်ရာ ပေါက်ကြားမှု” ရှိ၊ မရှိ စစ်ဆေးဆုံးဖြတ်နိုင်ရန် ဖြစ်သည်ဟု Tsai က ထိုင်ဝမ် နိုင်ငံခြားရေးနှင့် အမျိုးသား ကာကွယ်ရေးကော်မတီကို ပြောကြားသည်။

 

Li ကို ဗဟို စစ်ရေးကော်မရှင်၊ ပစ္စည်းကိရိယာ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် အကြီးအကဲအဖြစ် ၎င်း တာဝန် စတင်ယူခဲ့သည့် အောက်တိုဘာလ ၂၀၁၇ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူမှုနှင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု Tsai က ပြောကြားသည်။ Li သည် တရုတ်လက်နက်ကိုင်တပ်ဖွဲ့များအတွက် အဆင့်မြင့်လက်နက်နှင့် ပစ္စည်းကိရိယာများ ဝယ်ယူရေးတာဝန်ယူခဲ့သည်။

 

Li ပျောက်ဆုံးမှု မတိုင်မီ ရက်သတ္တပတ်များတွင် Xi က တရုတ် စစ်တပ်၏ ဒုံးကျည်တပ်ဖွဲ့တွင် နိုင်ငံ၏ နျူကလီးယားအမြောက်အတွက်ပါ တာဝန်ရှိသည့် ခေါင်းဆောင်နှစ်ဦးကို အစားထိုးခဲ့သည်။ Xi က ပိုမိုစည်း ကမ်းကောင်းမွန်သည့် အုပ်ချုပ်မှုပြုလုပ်ရန် မိန့်ခွန်းပြောကြားအပြီး ၎င်းတို့ကို ဖယ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

အဖွဲ့အစည်းအတွင်း ဘယ်လို အကျင့်ပျက်ခြားစားမှုကမဆို အဲဒီအဖွဲ့အစည်းရဲ့ အနာဂတ် တပ်ဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်မှု သေချာပေါက် ရှိလိမ့်မယ်။” ဟု Tsai က ပြောကြားသည်။

 

Tsai က ၎င်းအေဂျင်စီ၏ သတင်းရင်းမြစ်ကို ဖော်ပြဆွေးနွေးမှုမလုပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ဗျူရိုကလည်း ကြာသပတေးနေ့က ဖုန်းခေါ်ဆိုရာတွင် ညွှန်ကြားရေးမှူး၏ မှတ်ချက်အပေါ် အသေးစိတ်ရှင်းလင်းဖော်ပြရန် ငြင်းဆိုခဲ့သည်။

 

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ နိုင်ငံရေး၊ စစ်ရေး တိုးတက်ဖြစ်ပေါ်မှုတွေအပေါ် ထိုင်ဝမ်အစိုးရရဲ့ အကဲဖြတ်ချက်တွေကို အမေရိကန် အစိုးရအေဂျင်စီတွေ အရာရှိတွေက အကောင်းမြင်တဲ့ တုံ့ပြန်ချက် ပေးကြပါတယ်

 

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ နိုင်ငံရေး၊ စစ်ရေးတိုးတက်ဖြစ်ပေါ်မှုတွေအပေါ် ထိုင်ဝမ်အစိုးရရဲ့ အကဲဖြတ်ချက်တွေကို အမေရိကန် အစိုးရအေဂျင်စီတွေ အရာရှိတွေက အကောင်းမြင်တဲ့ တုံ့ပြန်ချက် ပေးကြပါတယ်။ဝါရှင်တန် ဒီ၊စီ အခြေစိုက် လွတ်လပ်သော တရုတ်ရေးရာ လေ့လာဆန်းစစ်သူ Bryce Barros က ပြောကြားသည်။

 

အမေရိကန် အစိုးရအေဂျင်စီများနှင့် အရာရှိများသည်လည်း ၎င်းတို့၏ သတင်းရင်းမြစ်များနှင့် နည်းလမ်းများမှ တဆင့် စစ်ဆေးအတည်ပြုဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။

 

Qin နှင့် Li နှစ်ဦးလုံးသည် ဗဟိုအစိုးရ၏ နိုင်ငံတော်ကောင်စီဝင်များ သို့မဟုတ် အကြီးတန်း အဖွဲ့ဝင်များအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

 

Li နှင့် ဒုံးပျံတပ်ဖွဲ့အရာရှိများအပေါ် တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များမှာ "စည်းကမ်းတင်းကျပ်ရေး ပြောင်းလဲမှုအစီအစဉ်” ဖြစ်ဖွယ်ရှိသည်ဟု ထိုင်ဝမ်၏ အကြီးမားဆုံး အတိုက်အခံပါတီ Kuomintang နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူး Alexander Huang က ပြောကြားသည်။

 

တရုတ်အစိုးရက တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ခြင်း မရှိသေးပါ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပါ။

 

ဒါသာ အတည်ဖြစ်တယ်ဆိုရင် Qin Gang နဲ့ Li Shangfu တို့ အကျင့်ပျက်ခြားစားမှုနဲ့ တရုတ် ကွန်မြူနစ်ပါတီအတွင်း အဖွဲ့တွင်း နိုင်ငံရေးလုပ်ဆောင်ချက်တွေကို ရင်ဆိုင်နေရတဲ့အခြေအနေဟာ အရည်အချင်းရှိသူ၊ ခန့်အပ်ထိုက်သူကိုပဲ တရားဝင် ရွေးချယ်၊ ရာထူးတိုးပေးတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ ယှဉ်ရင် အားနည်းချက်ဖြစ်နေတယ်ဆိုတာ သရုပ်ပြလိုက်တာပဲ ဖြစ်တယ်။ဟု Barros က ပြောသည်။

 

အများရှေ့ထွက်ရသည့် ထိပ်တန်းအရာရှိနှစ်ဦးကို အချိန်တိုအတွင်း ဖယ်ရှားမှုသည် တရုတ်စစ်တပ်၏ အင်အား အမာကို အလျင်အမြန် ချဲ့ထွင်နေစဉ်အတွင်း တရုတ်စစ်ရေးအဆင့်သတ်မှတ်ချက်တည်ငြိမ်မှုအပေါ် မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်လာသည်။

 

ကိုးကား - Newsweek

 

ပုံစာ - မတ်လ ၁၂ ရက် ၂၀၂၃ ခုနှစ် အမျိုးသားပြည်သူ့ညီလာခံ၏ ငါးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီဝင်အသစ်အဖြစ် ရွေးချယ်ခံရပြီး ကျမ်းသစ္စာကျိန်ဆိုနေသည့် Qin Gang(ဘယ်စွန်)နှင့် Li Shangfu(ညာစွန်) ဩဂုတ်လ ၂၄ ရက် ၂၀၂၃ ခုနှစ် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့တွင် ကျင်းပသော BRICS ထိပ်သီးအစည်းအဝေး ပိတ်ပွဲ အခမ်းအနားမှ တရုတ်သမ္မတ Xi Jinping (အလယ်)

 

တရုတ်
စုံစမ်းစစ်ဆေး
ထိုင်ဝမ်

Share With
bap-logo