bap-logo
Politics

လုံခြုံရေးဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့ သွားရောက်

4GzYhFIx-h6UeEbzTPTDf-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်ထိပ်တန်း သံတမန် Wang Yi သည် ယူကရိန်း စစ်ပွဲကို ဆက်လက်ထောက်ပံ့ပေးရန် ရုရှားသို့ သွားရောက်ခဲ့သည်။

 

စစ်ပွဲ အဆုံးသတ်ရန် မည်သည့် ကြိုးပမ်းအားထုတ်မှုမဆို ရုရှားအစိုးရ အကျိုးစီးပွား ထည့်သွင်းစဉ်းစားရမည်ဟု Wang Yi နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့က တွေ့ဆုံမှုအပြီး ပြောကြားသည်။

 

ရုရှားအစိုးရ၏ အနီးကပ်မဟာမိတ် တရုတ်အစိုးရသည် စစ်ပွဲအတွက် သွယ်ဝိုက်ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံထားရပြီး ၎င်းက ငြင်းပယ်ထားသည်။

 

Wang Yi ခရီးစဉ်သည် ရုရှားသမ္မတ ပူတင်၏ တရုတ်သို့ မကြာမီ သွားရောက်မည့်ခရီးအတွက် လမ်းဖွင့်ပေးခဲ့သည်ဟု ရုရှားမီဒီယာက ဖော်ပြထားသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက Wang Yi သည် ရုရှားသို့ "မဟာဗျူဟာမြောက် လုံခြုံရေး ဆွေးနွေးတိုင်ပင်မှုများ” အတွက် လေးရက်ကြာ သွားရောက်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

 

တနင်္လာနေ့ ဆွေးနွေးမှုအပြီးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက Wang Yi နှင့် Lavrov တို့သည် ယူကရိန်း စစ်ပွဲအရေး ဆွေးနွေးခဲ့ကြပြီး "ရုရှားနိုင်ငံအကျိုးစီးပွား ထည့်သွင်းစဉ်းစားခြင်းမရှိသည့် အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းမှုသည် အချည်းနှီးသာဖြစ်သည်ဟု မှတ်ချက်ပြုကြောင်း၊ အတိအကျဆိုရလျှင် ပူးပေါင်းပါဝင်မှုဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုသည်။

 

တရုတ်က ၎င်း၏ ကိုယ်ပိုင် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကို Wang Yi လေပွေကဲ့သို့သော သံတမန်ရေး ဆောင်ရွက်မှုဖြင့် ပူတင်နှင့် တွေ့ဆုံခဲ့သော ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

 

တရုတ်နိုင်ငံသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး လုပ်ဆောင်ခြင်းဖြင့် ၎င်းနှင့် ဥရောပ၏ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်ပြီး ရုရှားအပေါ် သက်ညှာရာရောက်သည့် "စစ်ပွဲအတွက် မည်သူ့ကို အပြစ်တင်ရမည်ကို ဆုံးဖြတ်ခြင်းမှ ရရှိလာမည့် ရလဒ်ကို ခွဲထုတ်” လိုသည်ဟု Asia Society Policy Institute မှ ဦးဆောင်ညွှန်ကြားရေးမှူး Rorry Daniels က ပြောကြားသည်။

 

တရုတ်သည် စစ်ပွဲစတင်စဉ်ကပင် ရုရှားနိုင်ငံကို စီးပွားရေးနှင့် အရေးကြီး နည်းပညာများ ထောက်ပံ့နေသည်ဟု အမေရိကန်နိုင်ငံက စွပ်စွဲထားသည်။

 

အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာတွင် တရုတ်အစိုးရသည် "အနောက်နိုင်ငံများ၏ ကန့်သတ် အရေးယူမှု များနှင့် ကုန်တင်ပို့မှုထိန်းချုပ်ရေး ရိုက်ခတ်မှုများကို လျှေ့ာချနိုင်ရန် ရုရှားနိုင်ငံအတွက် စီးပွားရေး ထောက်ပံ့မှု ယန္တရားအစုံအလင် ပေးအပ်နေ” ဟု ဖော်ပြထားသည်။

 

ဂျူလိုင်လက ထုတ်ပြန်ခဲ့သော အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာတွင် တရုတ်အစိုးရသည် "အနောက်နိုင်ငံများ၏ ကန့်သတ်အရေးယူမှုများနှင့် ကုန်တင်ပို့မှုထိန်းချုပ်ရေး ရိုက်ခတ်မှုများကို လျှေ့ာချနိုင်ရန် ရုရှားနိုင်ငံအတွက် စီးပွားရေးထောက်ပံ့မှုယန္တရားအစုံအလင် ပေးအပ်နေ” ဟု ဖော်ပြထားသည်။

 

တရုတ်နိုင်ငံက ရုရှားမှ တင်ပို့သော စွမ်းအင်များ တိုးမြှင့် ဝယ်ယူခဲ့ကြောင်း၊ ရုရှားနှင့် ငွေကြေးလွှဲပြောင်းဝယ်ယူမှုများတွင် ၎င်း၏ ငွေကြေးကို တိုးမြှင့်သုံးစွဲခဲ့ကြောင်း၊ ယူကရိန်းတွင် အသုံးပြုရန် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ဒရုန်းကဲ့သို့သော ကုန်ပစ္စည်းမျးကို ထောက်ပံ့မှု "ဖြစ်တန်ချေရှိ” သည်ဟု ဖော်ပြထားသည်။

 

တရုတ်က ၎င်းစွပ်စွဲချက်မှန်သမျှ ငြင်းဆိုခဲ့ပြီး စစ်ပွဲတွင် ဘက်မလိုက်ကြောင်း ခုခံပြောဆိုခဲ့သည်။

 

ယခုလအစောပိုင်းတွင် ပူတင်က တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံရန် မျှော်လင့်ကြောင်းပြောဆိုခဲ့ပြီး အချိန်ကာလကိုမူ မဖော်ပြခဲ့ပေ။

 

လေ့လာသူအချို့က ၎င်းသည် လာမည့်လတွင် ကျင်းပမည့် ခါးပတ်နှင့်လမ်း ဖိုရမ်သို့ တက်ရောက်နိုင်ချေ ရှိသည်ဟု ယုံကြည်ယူဆထားကြသည်။

 

ပူတင်သည် ၎င်းကို ယူကရိန်းနိုင်ငံတွင် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး International Criminal Court က ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရပ်ခြားသို့ သွားရောက်ခဲ့ခြင်းမရှိခဲ့ပေ။ ပူတင်၏ နိုင်ငံခြားသို့ နောက်ဆုံး သွားရောက်မှုမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ဘယ်လာရုစ်နှင့် ကာဂျစ္စတန်သို့ သွားရောက်မှုဖြစ်သည်။

 

ပူတင်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားခြင်သည် ရုရှားကို ထောက်ခံကြောင်း ပြသသည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း ၎င်း ထောက်ခံချက်သည် ရုရှားနိုင်ငံကို ဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိစေရန် တရားဝင် ကြိုးပမ်းမှု ဘောင်အတွင်း ရှိရမည်ဖြစ်ကြောင်း၊ သို့မှသာ တရုတ်သည် ဥရောပနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားစေမှာ မဟုတ်ကြောင်း” Daniels က ပြောကြားသည်။

 

Wang Yi သွားရောက်မှုသည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အငြင်းပွားဖွယ်ကောင်းသည့် ရုရှားခရီးစဉ်အပြီး သွားရောက်ခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့တွင် ကင်ဂျုံအန်သည် ရုရှားလုပ် ရိုင်ဖယ်၊ အာကာသယာဉ်မှူး လက်အိတ်၊ ကျည်ကာ၊ ကျည်ကာအင်္ကျီ၊ သားမွေးဦးထုပ်၊ စစ်သုံးဒရုန်းများ အပါအဝင် လက်ဆောင်များ ယူဆောင်၍ အိမ်ပြန်သွားပြီဖြစ်ကြောင်း ရုရှားမီဒီယာက ဖော်ပြထားသည်။

 

ကင်မ်၏ ခရီးစဉ်သည် မြောက်ကိုးရီးယားလက်နက်များ ရုရှားသို့ ရောင်းချရေး ဆွေးနွေးရန် သွားရောက်ခြင်းဖြစ်ကြောင်း အမေရိကန်က စွပ်စွဲထားသည်။ ရုရှားအစိုးရသည် လက်နက်နှင့် ခဲယမ်းများ ပြတ်တောက်နေပုံရသည်။

 

ရုရှားနှင့် မြောက်ကိုးရီးယားသည် "စစ်ရေး ပူးပေါင်းဆောင်ရွက်ရန်” နှင့် ပြုံယမ်းဂြိုဟ်တုအစီအစဉ်အတွက် အထောက်အပံ့များအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားထားသည်။

 

ပြီးခဲ့သည့်အပတ်က ကင်မ်၏ ခရီးစဉ်အကြောင်း မေးမြန်းသောအခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး "၎င်း နှစ်နိုင်ငံအကြားမှ အရာသာ” ဖြစ်သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့်အပတ်က ကင်မ်၏ ခရီးစဉ်အကြောင်း မေးမြန်းသောအခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး "၎င်း နှစ်နိုင်ငံအကြားမှ အရာသာ” ဖြစ်သည်ဟု ဆိုသည်။

 

သို့ရာတွင် လေ့လာဆန်းစစ်သူအချို့က မြောက်ကိုးရီးယား-ရုရှား အပြန်အလှန် ထောက်ပံ့မှုများသည် တရုတ်မှ နှစ်နိုင်ငံလုံးနှင့် နီးစပ်သည့်အတွက် တရုတ် အသိအမှတ်ပြုမှုကြောင့် သို့မဟုတ် သွယ်ဝိုက် အသိအမှတ်ပြုမှု ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။

 

၎င်း ဆက်ဆံရေးများသည် ဆိုရှယ်လစ်အယူဝါဒထက် ကျော်လွန်ကာ အမေရိကန်နှင့် အနောက်နိုင်ငံများကို ယုံကြည်မှုမရှိသည့် တူညီမှုကြောင့် ပိုမိုချဲ့ထွင်ကျယ်ပြန့်လာခဲ့သည်။ တရုတ်အစိုးရသည် ကုန်သွယ်မှုမှတဆင့် မြောက်ကိုးရီးယား၏ စီးပွားရေးအသက်သွေးကြော ဖြစ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ရုရှား ရေနံနှင့် ဓာတ်ငွေ့များ ဝယ်ယူမှုမြှင့်တင်လာသည့်အတွက် ရုရှားအစိုးရ၏ စီးပွားရေးအသက်သွေးကြောလည်း ဖြစ်လာခဲ့သည်။

 

ရုရှားနှင့် မြောက်ကိုးရီးယားအကြား မည်သည့်ဖြစ်ပေါ်မှုမဆို တရုတ်နိုင်ငံမသိဘဲ မဖြစ်နိုင်ကြောင်း၊ တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ ၎င်းတို့ စစ်ရေးပူးပေါင်းရန် မဖြစ်နိုင်ဟု ထင်မြင်ကြောင်း” ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေး တက္ကသိုလ်မှ တရုတ်-ရုရှား ဆက်ဆံရေး ကျွမ်းကျင်သူ Alexander Koroleve က ပြောကြားသည်။

 

မြောက်ကိုးရီးယားသည် ရုရှား၏ ယူကရန်းစစ်ပွဲကို ကူညီရာ၌ ကြားခံအဖြစ် အသုံးဝင်သည်ဟု တရုတ်က ရှုမြင်ထားသည်ဟု ၎င်းက ပြောသည်။

 

ရုရှားနှင့် စစ်ရေးပူးပေါင်းရန် မြောက်ကိုးရီးယားကို မီးစိမ်းပြလိုက်ခြင်းသည် ၎င်း၏ ဂုဏ်သတင်း အထိအခိုက် နည်းနည်းဖြင့် ရုရှားကို ကူညီသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ မြောက်ကိုးရီးယား၏ ရမ်းကားသည့် စစ်အစိုးရကိုသာ အပြစ်တင်နိုင်ပြီး တရုတ်က ၎င်းနှင့်မဆိုင်ကြောင်း၊ ၎င်းအရေးသာဖြစ်ပါက လှပသည့် ရွှေ့ကွက်ဖြစ်ကြောင်း၎င်း က ပြောဆိုသည်။

 

Wang Yi ရုရှားခရီးစဉ်သည် ၎င်းနှင့် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan in Malta တို့ တွေ့ဆုံပြီး နောက်တစ်ရက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးအပြင် ၎င်းတို့နှစ်ဦးသည် ဒေသတွင်း လုံခြုံရေး၊ ယူကရိန်းစစ်ပွဲအရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု အမေရိကန်နှင့် တရုတ် ထုတ်ပြန်ချက်အရ သိရသည်။

 

အမေရိကန်နိုင်ငံက မြောက်ကိုးရီယား၏ ပူးပေါင်းဆောင်ရွက်ရေးကို ဖိအားပေးရပ်တန့်ရန် တရုတ်ကို ပြောဆိုကောင်း ပြောဆိုနိုင်သော်လည်း တရုတ်က ၎င်းကဲ့သို့ လုပ်ဆောင်မည့်ပုံ မရှိဟု Dr Korolev က ပြောကြားသည်။

 

စစ်ပွဲကို ရပ်တန့်ရန် “တရုတ်ကသာ အမေရိကန်နည်းလမ်းအတိုင်း ကစားမည်ဆိုလျှင် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းကပင် ကစားခဲ့မည်ဖြစ်ကြောင်း” သို့သော် ၎င်းတို့ မလုပ်ဆောင်ခဲ့ဟု ၎င်း က ပြောကြားသည်။

 

ကိုးကား - BBC

ပုံစာ - တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (Photo: Getty Images)

 

ယူကရိန်း
ရုရှား
တရုတ်

Share With
bap-logo