bap-logo
Politics

စစ်ကိုင်းမြို့တွင် လမ်းပေါ်သွားနေသည့် စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပကဖ ထုတ်ပြန်

3Yhm7La-I3KbFlTqbrOM4-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ - ၁၈

 

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီအဖွဲ့ လက်အောက်ခံ တပ်မ ၃၃ စစ်ကားတစ်စီးကို ပြည်သူကာကွယ်ရေး အဖွဲ့ တွေက မနေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Zero ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ထားသည်။

 

မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့ခင်း နာရီခွဲခန့်တွင် တပ်မ ၃၃ မှအင်အား ၃၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီကားတစ်စီးကို နတ်ခရိုင်နှင့် လယ်ကြီးကြားအရောက်တွင်ပဒေသာမိုင်း လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

 

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားမှာ ပျက်စီးသွားပြီး ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိတော့ကြောင်း၊ ယင်းနောက် အဆိုပါကားကို ခြေတော်ရာတပ်ထဲသို့ ဆွဲယူသွားရကြောင်း ဆိုထားသည်။

 

ထို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ ယာဉ်မောင်း အပါအဝင် ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ပကဖများဖက်မှ ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်သရဲနီ အဖွဲ့တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပကဖ ရဲဘော်များ အထိအခိုက် မရှိခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုထားသည်။

 

Burma Associated Press

စစ်ကိုင်း
ဒေသကာကွယ်ရေးတပ်ဖွဲ့
မိုင်း

Share With
bap-logo