bap-logo
Politics

မြောင်မြို့နယ်တွင် မဲစာရင်းကောက်ယူနေသော အထွေထွေအုပ်ဝန်ထမ်း ၄ ဦးကို ပကဖ ဖမ်းဆီး

dVo1JAKpCt4KZUXBdcYO1-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၅

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က မဲစာရင်းကောက်ယူသော စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလေးဦးကို ဖမ်းဆီးလိုက်ကြောင်း NUG ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့် လာရောက်သူလေးဦးကို စစ်ကိုင်းခရိုင် တပ်ရင်း () MRA မှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

 

အဆိုပါ လေးဦးတွင် အမျိုးသမီးဝန်ထမ်း သုံးဦး၊ အမျိုးသားဝန်ထမ်း တစ်ဦးပါဝင်ကာ စစ်ကိုင်းခရိုင် ပြည်သူ့ အုပ် ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကောင်စီ၏လူဦးရေစာရင်းကောက်ယူမှုတွင်ပါဝင်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ဒလန် သတင်းပေးများကို သေချာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထဲ ရေးဝန်ကြီးဌာနထံ တိုင်ကြားရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။

 

စစ်ကောင်စီသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ရက်မှ ၃၁ ရက်အထိ လူဦးရေ စာရင်းကောက်ယူမည်ဖြစ်ကြောင်းသိရသည်။

 

Burma Associated Press

စစ်ကိုင်း
ရွေးကောက်ပွဲ
စစ်ကောင်စီ
ဒေသကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo