bap-logo
Politics

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရန် အမေရိကန်လွှတ်တော်အမတ်များ အားပေး

2ABog9iOz0BOZqz0QiQRf-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာနိုင်ငံမှ အကျပ်အတည်းများအပေါ် အရေးယူဆောင်ရွက်ရေး အမေရိကန် အုပ်ချုပ်ရေးပိုင်းကို ဖိအားပေးရန်အောက်လွှတ်တော်အမတ်များက နှစ်ဘက်ပါတီဝင်များ ပါဝင်သည့် ပထမဦးဆုံး အဖွဲ့တစ်ခု ကြာသပတေးနေ့တွင် ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်သည်။

 

မစ်ရှီဂန်ပြည်နယ်မှ ရီပတ်ဗလစ်ကန်အမတ် Bill Huizenga နှင့် မင်နီဆိုတာပြည်နယ်မှ ဒီမိုကရက်အမတ် Betty McCollum တို့က မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော်အမတ်များ အဖွဲ့(Congressional Burma Caucus) ဥက္ကဌများအဖြစ် တာဝန်ယူသွားမည်ဟု အမတ်နှစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်မှုကို လွှတ်တော်မှ ထောက်ခံအားပေးမှု မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

 

လွှတ်တော်နဲ့ လွှတ်တော်ဆိုင်ရာဝန်ထမ်းတွေ ပိုပြီး ထိတွေ့မှု ရှိလာလေ မြန်မာနိုင်ငံအတွက် ကောင်းသော ပြောင်းလဲခြင်းတွေအတွက် ပိုပြီး တွန်းအားပေးနိုင်လေဖြစ်ပါတယ်

 

မြန်မာနိုင်ငံမှ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် လွှတ်တော်ခေါင်းဆောင်များမှ အရေးတကြီး အာရုံစိုက်ရမည့်အဆင့်သို့ မြင့်တက်လာခဲ့သည်။ဟု ကြာသပတေးနေ့တွင် ထုတ်ပြန်ခြင်းမပြုမီ Reuters သို့ မျှဝေခဲ့သည့် အမတ်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းအဖွဲ့တွင် အနည်းဆုံး လွှတ်တော်အမတ် ၃၀ ကနဦးအဖွဲ့ဝင်အဖြစ် ပါဝင်မည်ဟု ခန့်မှန်းထားကြောင်း အဖွဲ့ဖွဲ့စည်းရာတွင် ကူညီပေးခဲ့သည့် Campaign for a New Myanmar စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ မှ Kristiana Kuqi က ပြောသည်။ အမေရိကန်အစိုးရ၏ ဆွေးနွေးပြောဆိုမှုများတွင် လွှမ်းမိုးထားသည့် ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲ၊ အမေရိကန်နှင့် တရုတ်အားပြိုင်မှုတို့ကဲ့သို့ မြန်မာနိုင်ငံအပေါ် ရေရှည်အာရုံစိုက်မှု ထိန်းသိမ်းစေရန် တစ်စိတ်တစ်ပိုင်း ရည်ရွယ်ခြင်းဖြစ်သည်။

 

လွှတ်တော်နဲ့ လွှတ်တော်ဆိုင်ရာဝန်ထမ်းတွေ ပိုပြီး ထိတွေ့မှု ရှိလာလေ မြန်မာနိုင်ငံအတွက် ကောင်းသော ပြောင်းလဲခြင်းတွေအတွက် ပိုပြီး တွန်းအားပေးနိုင်လေဖြစ်ပါတယ်။” ဟု Kuqi က ပြောသည်။

 

အမေရိကန်အစိုးရက လက်နက်မဟုတ်သည့် ထောက်ပံ့မှုများ ပေးအပ်ခွင့် ဥပဒေကို လွှတ်တော်က အတည်ပြုပေးခဲ့ပြီးနောက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က ဘိုင်ဒန်အုပ်ချုပ်ရေးကို မြန်မာနိုင်ငံမှ အာဏာသိမ်းဆန့်ကျင်သည့် အင်အားစုများအပေါ် ပိုမို ထောက်ပံ့အားပေးစေလိုသည်။ အာဏာသိမ်းပြီးနောက် အမေရိကန်အစိုးရက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံခန့်ကိုလည်း မည်သို့ စီမံသင့်သည်ကို ဆုံးဖြတ်နိုင်ရန် အကြံပေးအဖွဲ့တစ်ခု ၎င်းအဖွဲ့က ဖွဲ့စည်းစေလိုသည်။

 

စစ်တပ်၏ လက်နက်ထုတ်လုပ်နိုင်ရေးနှင့် အရပ်သားများအပေါ် ပစ်မှတ်ထားလေ့ရှိကာ လေကြောင်းမှ ဗုံးကြဲမှုများ လုပ်ဆောင်ရန် မြန်မာစစ်တပ်နှင့် လောင်စာဆီဝယ်ယူဖြန့်ဖြူးမှုဆိုင်ရာ ဆက်နွယ်ပူးပေါင်းနေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်အရေးယူမှုအသစ်များ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့သည်။

 

ကိုးကား - Fox News Reuters

ပုံစာ - ဒီဇင်ဘာလ ၁၃ရက် ၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်မှ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အဖွဲ့ဝင်များ။ (Photo:STR/AFP via Getty Images)

 

အမေရိကန်
မြန်မာ
အမတ်များ

Share With
bap-logo