bap-logo
Politics

မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ကျော် မလေးရှားထိန်းသိမ်းရေးစင်တာမှ ထွက်ပြေး၊ တစ်ဦးသေဆုံး

LppHW4xzXXnYvUkJEfg5O-image

လွန်ခဲ့သော တစ်နှစ် က

ကြာသပတေးနေ့တွင်နှောင်းပိုင်း မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစင်တာတစ်ခုမှ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ တစ်ရာကျော် ထွက်ပြေးကြရာ တစ်ဦး လမ်းမတော်တဆမှုတစ်ခုတွင် သေဆုံးခဲ့သည်။

 

ရွှေ့ပြောင်းနေထိုင်သူ ၁၃၁ ဦး လွတ်မြောက်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Ruslin Jusho က သောကြာနေ့တွင် ထုတ်ပြန်သည်

 

၎င်းဖြစ်စဉ်မှာ နှစ်များစွာအတွင်း မလေးရှားထိန်းသိမ်းရေးစင်တာတစ်ခုမှ ဒုတိယအကြိမ်ဖြစ်စဉ်ဟု သိရသည်။ ၂၀၂၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၅၈၂ ဦး မြောက်ပိုင်း Kedah ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၎င်းတို့အနက် ၆ ဦးမှာ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ယဉ်တိုက်မှုဖြစ်ကာ သေဆုံးခဲ့သည်။

 

ကြာသပတေးနေ့ ညပိုင်းတွင် မလေးရှားနိုင်ငံ အနောက်ဘက် Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးဌာနမှ ရွှေ့ပြောင်းနေထိုင်သူ ၁၃၁ ဦး လွတ်မြောက်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Ruslin Jusho က သောကြာနေ့တွင် ထုတ်ပြန်သည်။

 

ရွှေ့ပြောင်းနေထိုင်သူတစ်ဦး လမ်းပေါ်မှ မတော်တဆမှုတစ်ခုဖြင့် သေဆုံးသွားကြောင်း၊ ကျန်ရှိနေသော လွတ်မြောက်သွားသူများကို ရှာဖွေရေးလုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

 

လူဝင်မှုကြီးကြပ်ရေးဌာန၏ အမျိုးသားဆောင်မှ ထွက်ပြေးလွတ်မြောက်သွားသူများသည် ရိုဟင်ဂျာ ဒုက္ခသည် ၁၁၅ ဦး ပါဝင်ပြီး ၁၆ ဦးမှာ အခြား မြန်မာတိုင်းရင်းသားများဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ Bernama က Perak ရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြသည်။ သေဆုံးသူမှာ အဝေးပြေးလမ်းမတစ်ခုတွင် ယာဉ်တိုက်မှုဖြင့် သေဆုံးခြင်းဖြစ်ကြောင်း Bernama က တင်ပြသည်။

 

မလေးရှားနိုင်ငံသည် ဒုက္ခသည်အဆင့်သတ်မှတ်မှုကို အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံမှ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးရသူ ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များ၏ ရွေးချယ်မှုအများဆုံး သွားရောက်ကြသည့် နိုင်ငံတစ်ခုဖြစ်သည်။

 

မကြာသေးမီနှစ်များအတွင်းကမူ မလေးရှားသည် ရိုဟင်ဂျာဒုက္ခသည်များ တင်ဆော်ငလာသော လှေများကို နှင်ထုတ်ခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖြိုခွင်းရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် လူများ ပြည့်နှက်နေသည့် ထိန်းသိမ်းရေးစင်တာများတွင် လူပေါင်း ထောင်ချီ၍ ထိန်းသိမ်းထားသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဖေဖော်ဝါရီလ ၂ ရက် ၂၀၂၄ ခုနှစ် လူပေါင်း ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားသည့် မလေးရှားနိုင်ငံ လူဝင်မှုထိန်းသိမ်းရေးစင်တာတစ်ခုမှ လုံခြုံရေးတစ်ဦး။ (Photo:REUTERS/Hasnoor Hussain)

 

မြန်မာ
မလေးရှား
သေဆုံးခဲ့
ရွေ့ပြောင်းအလုပ်သမား

Share With
bap-logo