bap-logo
Data

ယခုနှစ် ၉ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁,၈၆၄ ဦး သေဆုံး

1qgiKR9rIyA_gCAJ2c0wA-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၂။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ လအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ,၆၃၄ မှုဖြစ်ပွား၍ လူ ,၈၆၄ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက်က သတင်းထုတ် ပြန်သည်။

 

အဆိုပါ အရေအတွက်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ,၂၈၄ မှုနှင့် နှိုင်းယှဉ်ပါက ၆၅၀ မှု လျော့နည်းခဲ့သည်ဟုဆိုသည်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ,၉၁၁ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ,၉၉၃ ဦး ရှိခဲ့ခြင်းကြောင့် ၉၁၈ ဦး လျော့နည်းခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ,၁၀၂ ဦးရှိခဲ့ရာ ယခုနှစ်ကာလတူ၌ သေဆုံးသူ ,၈၆၄ ဦးနှင့် နှိုင်းယှဉ်ပါက သေဆုံးသူ ၂၃၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

 

ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ ပိုများခဲ့ပြီး နေပြည်တော်နှင့် အခြားတိုင်း ဒေသကြီးများနှင့် ပြည်နယ်များတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ လျော့နည်းခဲ့ကြောင်း သိရသည်။

 

ပုံစာ - ယခုလ ၁၀ ရက် ရှမ်းပြည်နယ်၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင် အမှတ်(၉၇/)နှင့် (၉၇/)ကြား၊ ဘဝသံသရာတံတား အနီးတွင် မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသော CANTAR အမျိုးအစား(အဖြူရောင်) ဘီးယာဉ်သည် ဘရိတ်ပေါက်၍ ချောက်ထဲကျနေစဉ်

(ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

 

Burma Associated Press

ယာဉ်တိုက်မှု
မြန်မာ

Share With
bap-logo