bap-logo
Data

စစ်ကောင်စီ ရှေ့ပြေးသန်းခေါင်စာရင်း မြို့နယ် ၂၀ ခုမှာ ကောက်နေ

FbowLQXfGCarK4dxa1Fkq-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၂။

 

စစ်ကောင်စီ ရှေ့ပြေးသန်းခေါင်စာရင်း ကောက်နေသည့် မြို့နယ် ၂၀ ခုကို Data For Myanmar က ယမန်နေ့က ထုတ်ပြန်လာခဲ့သည်။

 

ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ ကော့သောင်း၊ ပဲခူး၊ ပေါင်းတည်၊ ပခုက္ကူ၊ ပြည်ကြီးတံခွန်၊ မြင်းခြံ၊ မော်လမြိုင်၊ မောင်တော၊ မှော်ဘီ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) လောက်ကိုင်၊ တာချီလိတ်၊ ပုသိမ်၊ မအူပင်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေခြင်းဖြစ်သည်။

 

စစ်ကောင်စီက အာဏာသိမ်း ဆန့်ကျင်သူများကို စောင့်ကြည့်ရန် သန်းခေါင်စာရင်းကောက်ယူမှုကို အသုံးချ သွားမည်ဖြစ်ကြောင်း ဝေဖန်သူများက သုံးသပ်ကြသည်။

 

အဆိုပါ ရှေ့ပြေးသန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာ ရက် မှ ၁၅ ရက်အတွင်း ကောက်ယူ သွားမည်ဖြစ်ပြီး အမျိုးသားအဆင့် သန်းခေါင်စာရင်းကောက်ယူမှုကို ရွေးကောက်ပွဲပြု လုပ်မည့် ၂၀၂၅ ခုနှစ်မတိုင်မီ ပြီးစီးအောင် ကောက်ယူသွားမည်ဟု စစ်အာဏာရှင်အရာရှိများက ပြောကြားထားသည်။

 

ပုံစာ - စာရွက်စာတမ်းများ ပြင်ဆင်နေသော ရခိုင်ပြည်နယ်မှ သန်းခေါင်စာရင်း ဝန်ထမ်းများ။ (Photo: AP)

 

Burma Associated Press

ရှေ့ပြေးသန်းခေါင်စာရင်း
ရွေးကောက်ပွဲ
စစ်ကောင်စီ

Share With
bap-logo