Editorial
သတိပြုရမည့် အာဏာရှင်ခြေလှမ်း
လွန်ခဲ့သော တစ်နှစ် က
ယာယီသမ္မတ မြင့်ဆွေကို ဖယ်၍ မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူတင်သွင်းလာသည်။ ယင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ရှင်းလင်းသည်။ သမ္မတဦးဝင်းမြင့်၊ ဒုသမ္မတ ဟန်နရီဗန်ထီးယူနှင့် ဦးမြင့်ဆွေတို့ဖြင့် ဖွဲ့စည်းထားသောအစိုးရအဖွဲ့ကို ၂၀၂၁ အာဏာသိမ်းချိန်တွင် မင်း အောင်လှိုင်က သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးချုပ်နှောင်၍ မြင့်ဆွေကို ယာယီသမ္မတ ခန့်အပ်ခဲ့သည်။ ဟန်နရီ ဗန်ထီး ယူက ဒုသမ္မတအဖြစ် ဆက်လက်ရှိနေသည်
ယာယီသမ္မတမြင့်ဆွေဖြင့် ကာလုံအစည်းအဝေးကို ခေါ်၍ စစ်ကောင်စီသက်တမ်းကို အကြိမ်ကြိမ်တိုးခဲ့သည်။ ထို့ နောက် ဒုသမ္မတ ဟန်နရီဗန်ထီးယူကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် အနားပေးခဲ့ပြီး မကြာမီတွင် ယာယီသမ္မ တမြင့်ဆွေ ကျန်းမာရေးမကောင်းကြောင်း သတင်းများထွက်လာပြီး ဆေးခွင့်ယူထားကြောင်း တရားဝင်ထုတ်ပြန် လာသည်။
သည့်နောက်တွင် မကြာမီကျင်းပမည့် ကာလုံအစည်းအဝေးအတွက် ယာယီသမ္မတ မရှိကြောင်း၊ တရုတ်ပြည် ခရီး စဉ်ဖြင့် ရှေ့တန်းပြန်ရောက်လာသော ဦးသိန်းစိန်က ယာယီသမ္မတဖြစ်လာနိုင်ကြောင်း၊ ကြားဖြတ် အစိုးရတစ်ရပ် ဖွဲ့စည်း၍ ရွေးကောက်ပွဲကျင်းပလာနိုင်ကြောင်း စသည် စသဖြင့် သုံးသပ်ချက်မျိုးစုံကို ထုတ်ကြ၊ ပြောကြနှင့်ခန့် မှန်းကြ လုပ်လာခဲ့ကြသည်။ ထိုသို့သော သုံးသပ်ချက်အများစုသည် ၂၀၀၈ ခြေဥအပေါ်တွင်သာ အခြေတည်စဉ်း စား ကြခြင်းဖြစ်သည်။
ထိုသို့ စဉ်းစားကြသည်နှင့်အတူ ဥပဒေကြောင်းအရ တရားဝင်၏၊ မဝင်၏ကိုလည်း ပြောကြပြန်သည်။ ထိုသို့သော အခြေအနေတွင် မင်းအောင်လှိုင်ကကာလုံအစည်းအဝေးတာဝန်ယူရန်အတွက် ယာယီသမ္မတရာထူးကိုယူကြောင်း ပြော၍ ခပ်တည်တည်ဖြင့် မင်းဘွဲ့ခံယူလိုက်သည်။ သူပြောဖူးသောစကားအတိုင်း 'မလုပ်ရဲတာဘာ မှ မရှိဘူး' ဆို သည်နှင့် အလွန်ညီညွတ်ကြောင်း၊ စကားတည်ကြောင်း၊ လုပ်ရဲကိုင်ရဲကြောင်းနှင့် အာဏာတည်မြဲရေးအတွက် မိုက် ကန်းကုန်မည်ဖြစ်ကြောင်း သိသာထင်ရှားလွန်းနေပြီဖြစ်သည်။ တော်လှန်ရေးဘက်တော်သားများ အထူးသတိပြုရ မည့် အာဏာရှင်မင်းအောင်လှိုင်၏ စရိုက်ဖြစ်သည်။
ရှမ်းမြောက်တိုက်ပွဲများအနက် လားရှိုး၊ မိုးကုတ်တို့၌ စစ်ကောင်စီတပ်များအထိနာနေသော်လည်း၊ အောင်ဇေယျ စစ်ကြောင်း ပြန်ဆုတ်လာရသည်ဟု ဆိုနေသော်လည်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျတော့မည်ဟု သ တင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အထက်တန်းအောင်မြင်သူများ ကို ဆုချီးမြှင့်ခြင်း၊ အီးဂါဗားမန့်အစည်းအဝေးကျင်းပခြင်းနှင့် အစိုးရအဖွဲ့အကြီးအကဲတစ်ဦး၏ ပုံမှန်လုပ် ဆောင် ချက်များကို လုပ်ဆောင်လျက်ရှိသည်။ လူထုအရှေ့တွင် ပုံမှန်အတိုင်း ထွက်ပြနေထိုင်နေသည်။ တစ်ဖက်၌ နိုင်ငံ တစ်ဝန်းလုံးတွင်တိုက်ပွဲများအလွန်ပြင်းထန်နေပြီး ဗမာစစ်တပ်ထောက်ခံသူများက 'မြေကျန်ရင်ရပြီ' ဖြစ်ကြောင်း ကြွေးကြော်၍ လူမျိုးတုံးသတ်ဖြတ်ရန် တိုက်တွန်းနှိုးဆော်နေကြသည်။
ထိုသို့သောအခြေအနေများတွင် မင်းအောင်လှိုင်သည် သူ့၏ရည်မှန်းချက်အတိုင်း ၂၀၂၅ ရွေးကောက် ပွဲကျင်းပနိုင် ရေးကိုသာ အာရုံထားကြောင်းနှင့် ထိုလမ်းကြောင်းအတိုင်းသာ တစိုက်မတ်မတ် ဦးတည်သွားမည်ဖြစ်ကြောင်း သိသာ ထင်ရှားနေပါသည်။
နိုင်ငံတကာနှင့် အာဆီယံက မည်သို့ပင် တိုက်တွန်းနေသည်ဖြစ်ပါစေ၊ တရုတ်နိုင်ငံက မည်မျှပင်လမ်းကြောင်းပေး နေသည်ဖြစ်စေ မင်းအောင်လှိုင်သွားလိုသော လမ်းကြောင်းသို့လိုက်ပါမည့်သူများနှင့်အုပ်စုများရှိနေသည်ကိုလည်း သတိပြုရမည်ဖြစ်ပါသည်။ မင်းအောင်လှိုင်သည် နိုင်ငံရေးအင်အားစုများကိုသာမက စီးပွားရေအင်အားစု အသီးသီး ကိုပါ ဖိနှိပ်သောနည်းလမ်းဖြင့် မိမိသွားလိုသော လမ်းကြောင်းကို လိုက်ပါဆောင်ရွက်ရန် မောင်းသွင်းနေသည်ကို သတိပြုသင့်ပြီး နွေဦးတော်လှန်ရေးအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များနှင့် ပြည်ပအခြေစိုက် သတင်းမီဒီယာများကို ခွဲထုတ်၍ ပါဝင်နိုင်ခြင်း မရှိအောင် ကြံဆောင်နေသည်ကိုလည်း အထူးသတိပြုသင့်ပါသည်။
အာဏာရှင်စနစ်၊ အာဏာရှင်နှင့် မင်းအောင်လှိုင်အုပ်စုကို ဆန့်ကျင်သောအားဖြင့်၊ မလိုလားသောအားဖြင့်၊ မနှစ် မြို့သောအားဖြင့် သူ၏လုပ်ရပ်များကို လှောင်ပြောင်ခြင်းနှင့် ရှုံချခြင်းများကို အများပြည်သူက အင်ဖြင့်အားဖြင့် လုပ်ဆောင်နေကြသော်လည်း မင်းအောင်လှိုင်သည် ယင်းတို့အား ဂရုမမှုဘဲ ရန်သူပီသသော၊ အာဏာရှင်ပီသသော သူ့အလုပ်ကိုသူ ပီပီပြင်ပြင်လုပ်ဆောင်နေသည်ကို အထူးသတိပြုရမည် ဖြစ်ပါသည်။
စစ်ရေးနှင့် လက်ရုံးရည်တိုက်ပွဲများတွင် မင်းအောင်လှိုင်၏ စစ်အုပ်စု အင်အားချည့်နဲ့ယိုင်ထိုးပြီး အရှုံးဘက်သို့ စိုက် ဆင်းနေသည်မှာ သေချာသော်လည်း နိုင်ငံရေးနည်းလမ်းနှင့် နှလုံးရည်တိုက်ပွဲတွင် ရန်သူ၏လှည့်ကွက်နှင့် လုပ်ရည်ကိုင်ရည်ကို အကဲခေတ်သိသာသိမြင်မှုအားနည်းသည်ဟု ဆိုနိုင်ပါသည်။
နိုင်ငံရေးနည်းလမ်းအရ တိုက်ပွဲတွင် မင်းအောင်လှိုင်၏ကစားကွက်များကိုသာ တန်ပြန်လိုက်လံ ကစားနေရပြီး မိမိ ကိုယ်တိုင် နိုင်ငံရေးတိုက်ကွက် ဖော်နိုင်သည့်ဘက်သို့ လှည့်ရန် အားနည်းနေသည်ကို ထင်သာမြင်သာ သိမြင်ရပါသည်။ ယင်းအခြေအနေများကို နိုင်ငံရေးကျွမ်းကျင်သူများက ထောက်ပြအသိပေးထားပြီးလည်း ဖြစ်ပါသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေး၏ လက်ရုံးရည်နှင့် နှလုံးရည်တိုက်ပွဲတွင် လက်ရုံးရည်တိုက်ကွက်များ အကောင်အ ထည်ဖော်နိုင်ရုံသာမက နိုင်ငံရေးနည်းနာဖြစ်သော နှလုံးရည်တိုက်ကွက်များကိုလည်း ဖော်ဆောင်နိုင်ရန် အရေးကြီးကြောင်း သတိပြုသင့်ပါသည်။
ထို့အပြင် နွေဦးတော်လှန်ရေး၏ အရေးအကြီးဆုံးသော ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ကျင့်သုံးနိုင် ရေးကို မမှိတ်မသုန်သတိပြု၍ ဖက်ဒရယ်နှင့် ဒီမိုကရေစီစံနှုန်းများအတိုင်း လေးစားလိုက်နာကျင့်သုံးသင့်ပါသည်။ အများပြည်သူ၏မျှော်လင့်တောင်းတချက်ကို သိနားလည်၍ အာဏာရှင် စစ်ခေါင်းဆောင်၏ ခြေလှမ်းများကိုလည်း သတိပြုသင့်လှပါသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၅ ရက် က