bap-logo
Politics

သာကေတ မာန်ပြေအုပ်ချုပ်ရေးမှူးနဲ့ညီက ၂၀၂၁ ဆန္ဒပြပုံများပြကာ ခြိမ်းခြောက်ငွေတောင်း

10sQ2csbU5b4Qmnbd2ZGp-image

လွန်ခဲ့သော တစ်နှစ် က

ရန်ကုန်၊ နိုဝင်ဘာ ၁၉။

 

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၂ တောင် မာန်ပြေရပ်ကွက်က စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ရပ်ကွက်နေသူတွေကို ခြိမ်းခြောက် ငွေတောင်းမူတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေက သိရပါတယ်။

 

၂၀၂၁ အာဏာသိမ်းစအချိန်တုန်းက ရပ်ကွက်နေသူအချို့ လူမူကွန်ယက် ပေါ်မှာတင်ထားတဲ့ ဆန္ဒပြခဲ့တဲ့ပုံတွေကို ပြပြီး ငွေကျပ် ၁၀ သိန်း ကျပ်ထိ တောင်းယူမူတွေရှိခဲ့တယ်လို့ ရပ်ကွက်နေထိုင်သူအချို့က ပြောပါတယ်။

 

"တစ်လမ်းဝင်တစ်လမ်းထွက်ငွေညှစ်တယ်၊ ဆန္ဒပြတုန်းကပုံတွေ ပြပြီး ငွေတောင်းတာ ၊ ၅၀၅ နဲ့ စွဲလို့ရတယ်၊ ထောင်ချလို့ရတယ်ဆိုပြီး တောင်းတာ၊ ကျမအမကို တောင်းတယ်၊ ဘယ်သူမှ မပြောရဲ ကြဘူး၊ သူတောင်းတာ ခံရတဲ့ သူက တလမ်းလုံးကုန်ပြီထင်တယ်"လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

 

ဇော်ဝင်းနဲ့ ဇော်လင်းဆိုတဲ့ အုပ်ချုပ်ရေးမှူးညီအစ်ကိုနှစ်ယောက်က စစ်ကောင်စီ တပ်တွေနဲ့ ပူးပေါင်းပြီး ရပ်ကွက်ထဲလူငယ်တွေရဲ့ လှုပ်ရှားမူသတင်း၊ နေအိမ်တွေ လူဝင်လူထွက်အခြေနေတွေကို စောင့်ကြည့်နေ ကြတယ် လို့ ရပ်ကွက်နေသူတွေက အသိပေးပါတယ်။

 

အာဏာသိမ်းပြီးနောက် ယခင်အုပ်ချုပ်ရေးမှုးနားပြီးချိန်ကစလို့ ရပ်ကွက်နေသူတွေ ဆန္ဒမပါဘဲ အုပ်ချုပ်ရေးမှူး ဝင်လုပ်သူတွေလို့ ဆိုပါတယ်။

 

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် အထိ ကာလအတွင်း အုပ်ချုပ်ရေးမှူး ၇၃၂ ဦး အသက်ဆုံးရှုံးခဲ့တယ်ဆိုပြီးစစ်ကောင်စီဘက်က ပြောထားတာရှိပါတယ်။

 

ဒါကြောင့် ရန်ကုန်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမူးတွေ ရပ်ကွက်ရုံးမှာမနေရဲ၊ ပေါ်ပေါ်တင်တင်မလုပ်ရဲတဲ့ ဒီလိုအချိန်မှာ ၂ တောင်မာန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူးက အာဏာပြနေတာကြောင့် ရပ်ကွက်ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

 

အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ဟာ ရပ်ကွက်ထဲက လျှပ်စစ်မီးလိုင်းတွေမပြတ်ဘဲ၊ အကြောင်းမဲ့ဖြတ်ကာ ဘရိတ်ကာကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေတောင်းယူမူတွေလဲ မကြာခဏပြုလုပ် နေတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

 

"အုပ်ချုပ်ရေးမှူးညီက ပိုဆိုးတယ်၊ ညညဆို ဆိုင်ကယ်ကြီး တဗျင်းဗျင်းနဲ့ ဝင်လာတယ်၊ ဂျပန်ခေတ် ဓားပြ တိုက်သူတွေထက် ဆိုးတယ်၊ တလမ်းလုံး ကလူတွေ အရင်ဆန္ဒပြတုန်းကပရိုဖိုင်းပုံပြန်ချိန်းထားရတယ်” လို့ လမ်းအတွင်းနေထိုင်သူတဦးက ပြောပါတယ်။

 

၂၀၂၁ ခုနှစ် မေလတုန်းက သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းငွေဆိုသူဟာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ဖူးပါတယ်။

 

ပုံစာ - သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက် (ပုံဟောင်း)

 

Burma Associated Press

 

စစ်ကောင်စီ
ရန်ကုန်
ရပ်ကွက်
အုပ်ချုပ်ရေး

Share With
bap-logo