Local News
ဖောက်စစ်ရင်း ပစ္စည်းပျောက်မှုများလာသဖြင့် တန်ဖိုးကြီးပစ္စည်းများ ပို့ဆောင်ခြင်းကို ယာဉ်လိုင်း အချို့ လက်မခံတော့
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၈
အများပြည်သူသွားလာရာ လမ်းတလျှောက်တွင် စစ်ကောင်စီဂိတ်များက ပစ္စည်းများဖွင့်ဖောက် စစ်ဆေးလျှက် ရှိနေပြီး ထိုသို့စစ်ဆေးပြီးနောက် ပစ္စည်းပျောက်မှုများရှိနေသည့်အတွက် တန်ဖိုးကြီးပစ္စည်းများ ပို့ဆောင်ခြင်းကို အဝေးပြေး ယာဉ်လိုင်းအချို့က ရပ်နားထားလိုက်ကြောင်းသိရသည်။
“တစ်နေရာနဲ့ တစ်နေရာ ပစ္စည်းပို့ဖို့ အိုင်ဖုန်းနဲ့ အခြား အမြင့်ဖုန်းဆို လက်မခံဘူး။ ဖွင့်ဖောက်စစ်ရင်း ပျောက်တတ်လို့ ဆိုပြီး ဂိတ်က ပြောတယ်” ဟု မော်လမြိုင်တွင် နေထိုင်သူတစ်ဦးကပြောသည်။
ထိုသို့ လုပ်ဆောင်ခြင်းကို ယာဉ်လိုင်းများအနေဖြင့် အတိအလင်း ကြေညာထားခြင်းမဟုတ်သော်လည်း ပစ္စည်း ပျောက်တာဝန်မယူလိုတော့သည့်အတွက် ရှောင်လွဲလုပ်ဆောင်လာခြင်းဟု အဝေးပြေးယာဉ်လိုင်း အချို့ထံမှ သိရသည်။
လူမှုကွန်ယက် အချို့တွင်လည်း ဂိတ်တွင် ပစ္စည်းများဖွင့်ဖောက်စစ်ရင်း ပစ္စည်းပျောက်သည့်အကြောင်း ရေးသား ထားမှုများလည်းရှိနေသည်။
စစ်ကောင်စီလက်ပါးစေများသည် လုံခြုံရေးအကြောင်းပြကာ မြို့ဝင်မြို့ထွက်တိုင်းတွင် ဂိတ်များဖွင့်၍ ပစ္စည်း များ ဖွင့်ဖောက်စစ်ဆေးခြင်းများ နေရာအနှံ့ ပြုလုပ်လျှက်ရှိနေသည်။ ထိုသို့ စစ်ဆေးမှုများပြုလုပ်ရာတွင် အချို့သော စစ်ဆေးရေးဂိတ်များတွင် နာရီနှင့်ချီ စောင့်ဆိုင်းရမှုများလည်းရှိနေသည်။
ပုံစာ - ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရန် စောင့်နေသည့် ယာဉ်တန်း