International
ခြိမ်းခြောက်မှုများကြောင့် အမျိုးသမီးများ နိုင်ငံရေးပါဝင်မှု အဟန့်အတားဖြစ်နေဆဲဟု ကုလပြော
လွန်ခဲ့သော ၂ နှစ် က
နယူးယောက် - မတ် ၉
ကမ္ဘာတဝှမ်းက အစိုးရအဖွဲ့အစည်းများတွင် အမျိုးသမီးခေါင်းဆောင်မှု တိုးပွားလာသော်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများမှာ ၎င်းတို့၏ နိုင်ငံရေး ပါဝင်ပတ်သက်မှုအတွက် အဟန့်အတား အဖြစ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ကျားမ တန်းတူညီမျှရေးအဖွဲ့အစည်းက ပြောကြားလိုက်သည်။
အစိုးရနှင့် လွှတ်တော်တွင်း နိုင်ငံရေးခေါင်းဆောင်ရာထူးများ
အဆိုပါကိစ္စနှင့်ပတ်သက်၍ - "အင်တာနက်ပေါ်မှာရော ပြင်ပမှာပါ အမျိုးသမီးခေါင်းဆောင်တွေ၊ ဝင်ရောက် ယှဉ်ပြိုင်သူတွေ၊ မဲဆန္ဒရှင်တွေအပေါ် ဆက်လက်အကြမ်း ဖက်ခြိမ်းမှုတွေ ရှိနေတာဟာ စီးပွားရေးနှင့် လူမှု့ရေး ပြန်လည်ဦးမော့ ပြောင်းလဲလာရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ အမျိုးသမီးများရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ အသိပညာဆည်းပူးခွင့်တွေကို အဟန့်အတားဖြစ် စေပါတယ်" ဟု ကုလသမဂ္ဂ အမျိုးသမီး အမှုဆောင် ဒါရိုက်တာ ဆီမာ ဘားဟာ့စ် (Sima Bahous) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဒီမိုကရေစီကို အပြည့်အဝကျင့်သုံးဖို့ဆိုရင် ဒီမိုကရက်တစ်လုပ်ငန်းစဉ်အားလုံး
ကမ္ဘာ့ဒေသများအနက် ဥရောပတွင် အမျိုးသမီးဦးဆောင်သည့် နိုင်ငံ ၁၆ နိုင်ငံရှိပြီး အများဆုံး ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့အထိ ကမ္ဘာတဝှမ်း ဝန်ကြီးအဖွဲ့များတွင် အမျိုးသမီးပါဝင်မှု ၂၂ ဒဿမ ၈ ရာခိုင်နှုန်းရှိကို တွေ့ရသည်။
အမျိုးသမီးပါဝင်မှု အများဆုံးမှာ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများဖြစ်ပြီး ၎င်းတို့နောက်တွင် တောင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ရပ်တည်လျှက်ရှိသည်။
အမျိုးသမီးကိုယ်စားပြုမှုသည် ဗဟို-တောင်အာရှနှင့် ဩစတေးလျနှင့် နယူးဇီလန်မှအပ ပစိဖိတ်ကျွန်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ပြီး နိုင်ငံပေါင်းကိုးနိုင်ငံ၏ ဝန်ကြီးများအဖွဲ့တွင် အမျိုးသမီး ပါဝင်ခြင်းမရှိပေ။
ဥရောပသမဂ္ဂ စာရင်းအင်းရုံးက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် အချက်အလက်များအရ ဥရောပသမဂ္ဂတစ်ဝှမ်းရှိ အမျိုးသမီးများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပါလီမန် အမတ်နေရာအားလုံး၏ ၃၂ ဒဿမ ၇ ရာခိုင်နှုန်းကို ရယူထားပြီး ကျန်ကမ္ဘာ့ဒေသများရှိ ရဝမ်ဒါ၊ ကျူးဘား၊ နီကာရာဂွာ ပါလီမန်များတွင် အမျိုးသားများထက် အမျိုးသမီးပါဝင်မှု ပိုများသည်။
နေရာဒေသအလိုက်ထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတွင် အမျိုးသမီး ပါလီမန်အမတ် ၁၈ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ဒေသတွင်းအဆင့်တွင် အောက်ဆုံးတွင် ရှိနေ သည်ဟု ကုလသမဂ္ဂ အမျိုးသမီးရေးရာ အချက်အလက်များတွင် ဖော်ပြထားသည်။
Source – CAN
ပုံ - ကုလသမဂ္ဂ အမျိုးသမီး အမှုဆောင် ဒါရိုက်တာ ဆီမာဘားဟာ့စ်