Data
ဘောလခဲ PDF ထံ ရဲ ငါးဦး လက်နက်နှင့်အတူ အလင်းဝင်
လွန်ခဲ့သော ၁၀ လ က
မတ် ၁၂။
ကရင်နီပြည်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံသို့ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး၊ ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦး စုစုပေါင်း ငါးဦး CDM ပြုလုပ်ကာ ဝင်ရောက် ခိုလှုံခဲ့ကြောင်းသိရသည်။
ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားသည် G3 တစ်လက်၊ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင်လည်းကောင်း၊ ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦးနှင့် ရဲတပ်သား သုံးဦးတို့သည် Ak -M22 သုံးလက်နှင့် G3တစ်လက်၊Ak-M22 ကျည်ဘောက် ၁၀ ခု၊ Akကျည် ၅၅၀ခန့်၊လက်ပစ်ဗုံး၁၀လုံး၊G3ကျည်ဘောက် ၃ဘောက်၊G3ကျည်ဆံ ၁၀၀ခန့်နှင့်အတူ ယခုလ ၃ ရက်တွင်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဘောလခဲ PDF က ထုတ်ပြန်သည်။
ထိုသို့ အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။
ထိုကဲ့သို့ CDM ပြုလုပ်အလင်းဝင်လိုသော စစ်သား/ရဲတပ်သားများကို ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှကြိုဆိုလက်ခံသွားမည်ဟုလည်း အသိပေးထားသည်။
ဓာတ်ပုံ - ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Burma Associated Press
Related Articles
- အာဏာသိမ်းမှု ၃ နှစ်အတွင်း ကရင်နီမှာ အသတ်ခံရတဲ့ အရပ်သား ၄၅၇ ဦး ရှိပြီဖြစ်
- လူဦးရေ ၈ သန်းကျော်ရှိသည့် မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးဖြစ်
- ဆီဆိုင်မြို့မှာ တစ်ရက်အတွင်း လက်နက်ကြီးနဲ့ ဒရုန်းဗုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့
- NUGPay အသုံးပြု ငွေပေးငွေယူမှု ဘီလီယံ ၁၀၀၀ ထိရောက်လာ
- အာဏာသိမ်းပြီးမှ ယနေ့အထိ CDM ဝန်ထမ်း ၆ ထောင်နီးပါးကို ကူညီထောက်ပံ့ထား