bap-logo
Data

လူဦးရေ ၈ သန်းကျော်ရှိသည့် မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးဖြစ်

cg5TJJ5vivRU0WHw8GZ65-image

လွန်ခဲ့သော ၆ လ က

BAP၊ မတ် ၅။

 

အာဏာသိမ်းပြီးချိန်မှ ယ​နေ့အထိ မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်က စစ်အုပ်​ရေး​ကြေညာထားသည့် မြို့နယ် ၆၁ ခု ရှိလာပြီဟု Data for Myanmar က ​ဖော်ပြထားသည်။

 

ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့် မဘိမ်း မြို့နယ်၊ မတ်လ ၄ ရက်က မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူ မြို့နယ်များကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

 

အာဏာသိမ်းပြီး​နောက် ၂၀၂၁ ခုနှစ်တွင် မြို့နယ် ၈ ခု ၊ ၂၀၂၃ ခုနှစ်တွင် ၄၈ မြို့နယ်နှင့် ၂၀၂၄ ခုနှစ်မှာ ၅ မြို့နယ် ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။

 

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များအရ အဆိုပါမြို့နယ်များတွင် နေထိုင်သူ ၈.၂ သန်းကျော် ရှိသည်ဟု Data for Myanmar က ​ဖော်ပြထားသည်။

 

Burma Associated Press

 

စစ်အုပ်ချုပ်ရေး
အာဏာသိမ်းစစ်တပ်
အာဏာသိမ်း

Share With
bap-logo