bap-logo
International

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လာမည့်ရက် ရွှေ့ဆိုင်း

xYt3b_2mIEx_v_vD2kG_0-image

လွန်ခဲ့သော တစ်နှစ် က

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra)  သည် ကျန်းမာရေး အခြေအနေအရ ၎င်း၏ မိခင်နိုင်ငံသို့ ပြန်လာမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း စနေနေ့က ပြောကြားသည်။

မူလက ဩဂုတ်လ ၁၀ရက်နေ့တွင် ပြန်လာရန် စီစဉ်ထားသော်လည်း "ပထမဦးစွာ ကိုယ်ခန္ဓာ စစ်ဆေးမှု” ပြုလုပ်ရန် လိုအပ်သောကြောင့် "ရက်သတ္တပတ် ၂ ပတ်ထက် ပိုမကြာဘဲ ပြန်လာရန် နှောင့်နှေးခဲ့သည်ဟု ၎င်း၏ ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အကျင့်ပျက်ခြစားမှုစွဲချက်များကြောင့် ၁၅ နှစ်ကြာ ကိုယ်တိုင်ပြည်ပြေးအဖြစ်ခံယူကာ ရှောင်ရှားနေခဲ့သူသည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ဆုံးဖြတ်ချက် ချပြီးသည်အထိ စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။

Shinawatra သည် ၎င်း၏ မိသားစုပါတီက ညွန့်ပေါင်းအစိုးရ ဦးဆောင်မှုကို တွေ့မြင်ရဖွယ်ရှိသည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲအလွန် မတိုးသာမဆုတ်သာအခြေအနေကို စောင့်ကြည့်နေသည်။

ပြည်ပြေးဘဝဖြင့် ၁၅ နှစ်

အသက် ၇၄ နှစ်အရွယ်ရှိ ဘီလျံနာနှင့် ယခင် မန်ချက်စတာစီးတီးအသင်း ပိုင်ရှင်သည် ရွေးကောက်ပွဲနှစ်ခု ကို အနိုင်ရခဲ့သော်လည်း ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီးနောက် ကိုယ်တိုင်ပြည်ပြေး အဖြစ်ခံယူခဲ့သည်မှာ ၁၅ နှစ်ကြာမြင့်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလျှင် ၎င်းက နိုင်ငံရေး လှုံ့ဆော်မှုများဟုသာ တုံ့ပြန်ထားသည့် အကျင့်ပျက်ခြစားမှုနှင့် ဆက်နွယ်သော ရာဇဝတ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

၎င်း၏ သမီးဖြစ်သူ Paetongtarn Shinawatra သည် ရွေးကောက်ပွဲတွင် ဒုတိယနေရာဦးဆောင်အနိုင်ရရှိသည့် Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းတစ်ယောက်ဖြစ်သည်။

သူမက ယခင်လတွင် "Pheu Thai ပါတီက Mr. Srettha Thavisin ကို အဆိုပြုတင်သွင်းပါမယ်။ ဒါက ရှင်းလင်း ပြတ်သား ပါတယ်။” ဟု ပြောဆိုခဲ့သည်။

သို့သော် Paetongtarn က ဝန်ကြီးချုပ်လောင်းအဖြစ်မှ နှုတ်ထွက်၍ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin အတွက် လမ်းဖွင့်ပေးခဲ့သည်။ သူမက ယခင်လတွင် "Pheu Thai ပါတီက Mr. Srettha Thavisin ကို အဆိုပြုတင်သွင်းပါမယ်။ ဒါက ရှင်းလင်းပြတ်သားပါတယ်။” ဟု ပြောဆိုခဲ့သည်။

Paetongtarn သည် နိုင်ငံတစ်ဝှမ်းမှ မဲများဖြင့် အမတ်နေရာအများစုကို အနိုင်ရရှိသော်လည်း အနိုင်ရ ပါတီများက ရာနှုန်းပြည့် အစိုးရဖွဲ့နိုင်သည်မဟုတ်ဟု သိရှိထားပြီးဖြစ်သည်။

Pheu Thai သည် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်က ကျောထောက်နောက်ခံပြုထားသော ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုဦးဆောင်သူ စစ်ဗိုလ်ချုပ်ဟောင်း Prayut ကြောင့် အစိုးရဖွဲ့နိုင်ခဲ့ခြင်း မရှိပေ။

နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားသည့် ထွက်ပေါ်လာမှုဖြစ်သော Thaksin ပြန်လာခြင်း

ထိုင်းနိုင်ငံ၏ စစ်တပ်နှင့် ဘုရင်စနစ် ထောက်ခံအားပေးခြင်းကို တည်ဆောက်ခဲ့သူ အဖြစ် ကြောက်ရွံ့ရသူ Thaksin ပြန်လာခြင်းသည် နိုင်ငံရေးနယ်ပယ်မှ ရှိနှင့်ပြီးဖြစ်သော တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည့် အလားအလာ တွေ့ရှိနေရသည်။

မေလ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများစုကို အနိုင်ရရှိခဲ့သည့် Move Forward Party (MFP) ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်မဖြစ်စေရန် စစ်တပ်လွှမ်းမိုးထားသော လွှတ်တော်က တားဆီးခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် မလူးသာ မလွန့်သာ နိုင်ငံရေးအခြေအနေသို့ ကျရောက်နေသည်။

လွှတ်တော်ဥက္ကဌက ဝန်ကြီးချုပ်ရွေးချယ်မဲခွဲမှုကို ဩဂုတ်လ ၁၆ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး၏ စီရင်ဆုံးဖြတ်ချက် ချပြီးမှသာ ပြုလုပ်ရန် ရွှေ့ဆိုင်းထားသည်။

ကိုးကား - DW

ပုံစာ - ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra (Photo: picture alliance/Kyodo)

 

 

ထိုင်းနိုင်ငံ
oန်ကြီးချုပ်ဟောင်း
သက်ဆင်ရှင်နာဝပ်

Share With
bap-logo