bap-logo
International

ထိုင်းမဟာမိတ်ပါတီ ၈ ခု တွင် ဆက်လက်မပါဝင်တော့သည့် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ

rxTGQjKjnXuzhBpzZOq4w-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၂။



ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရထားသော Move Forward ပါတီသည် အသစ်ပေါ်ပေါက်လာမည့် အစိုးရ ဖွဲ့စည်းရန် ရည့်ရွယ်ဖွဲ့စည်းထားသည့် မဟာမိတ်ပါတီများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း မဟာမိတ် ပါတီ များက ဩဂုတ်လ ၂ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားသည်။



အရှေ့တောင်အာရှ၏ ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံသည် ရွေးကောက်ပွဲကာလမှ စတင်ကာ နိုင်ငံရေး မရေရာသည့် ကြားကာလသို့ ရောက်ရှိနေခဲ့ပြီး တိုးတက်သော Move Forward ပါတီသည် အကြီးဆုံးပါတီအဖြစ် ပေါ်ထွက်လာခဲ့ကာ Pheu Thai ပါတီက နောက်မှ ကပ်လျက်ပါလာခဲ့သည်။



ယခင်ဆက်သွယ်ရေးလုပ်ငန်းရှင် သူဌေးကြီး Thaksin Shinawatra ပြန်လည်ဖွဲ့စည်းထားသော Pheu Thai ပါတီ သည် စီးပွားရေးသမာစတစ်ဦးဖြစ်သူ Srettha Thavisin ကို ဝန်ကြီးချုပ်ရာထူးအတွက် သောကြာနေ့တွင် ကျင်းပရန် ရှိသည့် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းမည်ဟု ပြောကြားခဲ့ပြီး Move Forward ပါတီ မပါဝင်ဘဲ အစိုးရတစ်ခုဖွဲ့စည်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

 


"Pheu Thai
က Move Forward နဲ့ ဆွေးနွေးတိုင်ပင်ချက်အရ ပူးပေါင်းဆောင်ရွက်မှုမပြုတော့ဘဲ အစိုးရ ဖွဲ့စည်းရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Srettha Thavisin ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြု တင်သွင်းမှာ ဖြစ်ပါတယ်။" ဟု Pheu Thai က ပြောကြားသည်။



Move Forward
ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်း၏ ပါတီအမတ်များနှင့် တွေ့ဆုံပြီး မှတ်ချက်ပေးသွားမည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားသည်။



မဲပေးသူအများအပြားက စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရတို့ ဆယ်စုနှစ်တစ်ခုမက အုပ်ချုပ်ခဲ့မှုကို ငြင်းပယ်ခဲ့သည့် မေလ ၁၄ ရက် ရွေးကောက်ပွဲအပြီးတွင် Move Forward ပါတီသည် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုကို ဦးဆောင်ခဲ့သည်။



သို့သော် ပါတီခေါင်းဆောင် Pita Limjaroenrat ကို လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် မဲပေးမှုမှာ ရှေးရိုးစွဲအတိုက်အခံများနှင့် စစ်တပ်ခန့်အပ်ထားသည့် အထက်လွှတ်တော်တို့၏ ပိတ်ဆို့တားဆီးမှုကိုခံခဲ့ရသည်။



ရှေးရိုးစွဲ အတိုက်အခံတို့က Move Forward ပါတီ၏ တိုးတက်သောအစီအစဉ်ကို တော်ဝင်-စစ်တပ် ဖွဲ့စည်းမှုက ဆန့်ကျင်ရခြင်းမှာ ၎င်းတို့ကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်သောကြောင့်ဖြစ်ပြီး အထူးသဖြင့် ဘုရင်စနစ်ကို မထီမဲ့ မြင်ပြုလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်အထိ ပြစ်ဒဏ်ပေးနိုင်သော article 112 ဥပဒေကို ပြင်ဆင် ရန် Move Forward ကတိပေးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။



Pheu Thai
ပါတီ ဒုတိယခေါင်းဆောင် Phumtham Wechayachai က ၎င်းပါတီ ဦးဆောင်သည့် အစိုးရသည် article 112 ကို ပြင်ဆင်ရန် ထောက်ခံအားပေးမည်မဟုတ်ကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းရန်သာ အာရုံစိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



အခြား Pheu Thai ဦးဆောင်သူတစ်ဦးဖြစ်သော  Chonlanan Srikaew က ဘန်ကောက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မဖြတ်ကျော်နိုင်သော ရှေးရိုးစွဲအတိုက်အခံတို့၏ မျက်နှာစာတွင် ၎င်းတို့၏ပါတီနှင့် မိတ်ဖက်ပါတီတို့ လမ်းခွဲရုံမှအပ ရွေးချယ်စရာ မရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။



"Pheu Thai
က Move Forward ကို စွမ်းနိုင်သမျှ ထောက်ခံအားပေးခဲ့ပါတယ်။" ဟု Chonlanan က ပြောသည်။



Move Forward
သည် ၂၀၂၀ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံအစိုးရကို လပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြခဲ့သည့် မဲပေးသူလူငယ်များစွာ၏ ထောက်ခံအားပေးမှုဖြင့် အရေးပါထင်ရှားလာခဲ့သည်။

ဗုဒ္ဓဟူးနေ့က Move Forward ပါတီ ထောက်ခံသူ ရာပေါင်းများစွာက ဘန်ကောက်တွင် ကားများ၊ မော်တော် ဆိုင်ကယ်များနှင့် စုဝေး၍ အစိုးရသစ်ဖွဲ့စည်းမှုတွင် ထုတ်ပယ်ခံရမှုကို ဆန့်ကျင်ကြွေးကြော်ခဲ့ကြသည်။


လွှတ်တော်နှစ်ရပ်ပေါင်း၍ ဝန်ကြီးချုပ်အသစ်ကို သောကြာနေ့တွင် မဲပေးကြမည် ဖြစ်သည်။

 

ကိုးကား - CNA

 

ပုံစာ - ဂျူလိုင်လ ၁၉ ရက် ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်မဲပေးပွဲနေ့က ဘန်ကောက်မြို့တွင် Move Forward ပါတီခေါင်းဆောင် Pita Limjaroenratပုံတူကိုင်ဆောင်ထားသည့် ထောက်ခံအားပေးသူတစ်ဦး။ (File photo: Reuters/Athit Perawongmetha)

ထိုင်းနိုင်ငံ
Move Forward
ပါတီ

Share With
bap-logo