Article
မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေးတို့က အာဆီယံအတွက် ပြင်းထန်သော ဖိစီးမှုဖြစ်လာ
လွန်ခဲ့သော တစ်နှစ် က
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် အဖွဲ့ဝင်ဖြစ်လာမည် အရှေ့တီမောနိုင်ငံတို့သည် ဂျကာတာမြို့ ထိပ်သီးအစည် းအဝေးတွင် ယခုအပတ်အတွင်း အခက်အခဲများ၏ ဖိအားများအကြား တွေ့ဆုံကြမည်ဖြစ်သည်။
ခေါင်းဆောင်များသည် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အတွင်း အင်ဒိုနီးရှားမြို့တော်တွင် အမေရိကန် ဒုသမ္မတ Kamala Harris၊ တရုတ်အကြီးအကဲ Li Qiang တို့အပါအဝင် အခြား ထင်ရှားသော နိုင်ငံရေးသမားများနှင့် တွေ့ဆုံကြမည် ဖြစ်သည်။ မြန်မာ့အရေး ကွဲပြားမှုများ၊ အရှေ့တီမောနှင့် ဖိလစ်ပိုင်တို့ကို ကာကွယ်ရပ်တည်မှုတို့သည် အရှေ့တောင်အာရှ၏ သံတမန်အစုအဖွဲ့အတွက် သိသာထင်ရှားသော ရပ်တည်ရေးသော့ချက်ဖြစ်လာမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ နေရာဖယ်ပေးရတော့မည့် စစ်တပ်ဦးဆောင်သော အစိုးရက အာဆီယံ၏ မြန်မာစစ်ဗိုလ်ချုပ်များကို ထိပ်တန်းအစည်းအဝေးများသို့ဖိတ်ခေါ်ခြင်းမှ ဆိုင်းငံ့ထားရန် စုပေါင်း ဆုံးဖြတ်ထားမှုကို သဘောမတူညီကြောင်း ဂျူလိုင်လတွင် အများသိအောင် ပြသခဲ့ပြီး တရုတ်၏ အားပေးထောက်ခံမှုဖြင့် အိမ်နီးချင်းနိုင်ငံအစိုးရကို လက်ခံကြိုဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံများစွာအနက် အရှေ့တီမောလည်းပါဝင်လာပြီးနောက် ပြီးခဲ့သည့်လတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်များက ရန်ကုန်မှ အရှေ့တီမော ထိပ်တန်းသံတမန်ကို နိုင်ငံမှ နှင်ထုတ်ခဲ့သည်။
တနင်္လာနေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို အမှာစကားပြောကြားစဉ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒေသတွင်းတွင် မြန်မာ့အရေးအပါအဝင် "အခက်အခဲများစွာ ကြုံတွေနေ့ရကြောင်း" အသိအမှတ်ပြု ပြောကြားခဲ့သည်။
“အာဆီယံဟာ အရေးပါသေးရဲ့လားဆိုတာ သက်သေပြဖို့ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေက ကျွန်မတို့ကို စောင့်ကြည့်နေပါတယ်။” ဟု Marsudi က ပြောကြားသည်။
အာဆီယံဟာ အရေးပါသေးရဲ့လားဆိုတာ သက်သေပြဖို့ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေက ကျွန်မတို့ကို စောင့်ကြည့်နေပါတယ်
ကျင့်ဝတ်စည်းမျဥ်းအကြောင်း ဆွေးနွေးရာတွင် တိုးတက်မှုအနည်းငယ်သာ ရှိသည့်အတွက် အာဆီယံအဖွဲ့သည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေး စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့်လက ၎င်းတို့၏ ထောက်ပံ့ရေးရေယာဉ်ကို ရေအမြောက်များဖြင့် တိုက်ခိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက တရုတ်ကို စွပ်စွဲခဲ့သည်။ တရုတ်နိုင်ငံ၏ မြေပုံအသစ် ထုတ်ပြန်ချက်ကလည်း စိတ်ပျက်ဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည်။
“အာဆီယံဟာ အဓိကအရေးတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့အကျပ်အတည်းအပေါ်မှာ နှုတ်ဆိတ်နေတယ်။” ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များ ပူးတွဲဥက္ကဌ Charles Santiago က စက်တင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောကြားသည်။
“ဒေသတွင်းမှ အရက်စက်၊ အဖိနှိပ်ဆုံး အရေးကို အတူတကွ မဖြေရှင်းနိုင်လျှင် အာဆီယံသည် မည်ကဲ့သို့ အရေးပါဦးမည်နည်း။ အာဆီယံ၏ နိုင်ငံခြားရေးကို မည်သူက ဆုံးဖြတ်ပေးနေသနည်း။ အာဆီယံနိုင်ငံများက ဆုံးဖြတ်ပေးနေခြင်းလား။ သို့မဟုတ် တရုတ်က ဆုံးဖြတ်ပေးနေခြင်းလား။” ဟု သုံးကြိမ်အရွေးချယ်ခံရသည့် မလေးရှားလွှတ်တော်ကိုယ်စားလှယ် Santiago က ပြောကြားသည်။
အာဆီယံ၏ နိုင်ငံခြားရေးကို မည်သူက ဆုံးဖြတ်ပေးနေသနည်း။ အာဆီယံနိုင်ငံများက ဆုံးဖြတ်ပေးနေခြင်းလား။ သို့မဟုတ် တရုတ်က ဆုံးဖြတ်ပေးနေခြင်းလား။
အင်ဒိုနီးရှားက ၂၀၂၃ ခုနှစ်တွင် အာဆီယံ ဥက္ကဌတာဝန်ယူစဉ်အတွင်း မတူညီမှုများကို ဖြေရှင်းနိုင်မည်ဟု အများစုက မျှော်လင့်ခဲ့ကြသော်လည်း အင်ဒိုနီးရှားသည် စုစည်းထားမှုကို ထိန်းသိမ်းရန် ရုန်းကန်နေခဲ့ရသည်။ တရုတ်ကို မှီခိုအားထားနေရသည့် ကုန်းတွင်းပိတ်နိုင်ငံငယ်လေး ဖြစ်သော လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်တာဝန်ယူတော့မည်ဖြစ်သည်။
“အာဆီယံရဲ့ ဗဟိုချက်ကျမှုအပေါ် ယုံကြည်ကိုးစားနိုင်မှု၊ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်ရေး ခေါင်းဆောင်မှုတို့ဟာ ပြင်းထန်တဲ့ ဖိအားအောက်ကို ရောက်နေပါတယ်။ အဓိက ပြဿနာက မြန်မာစစ်တပ်အာဏာရှင်တွေဟာ အဖွဲ့အစည်းကို အောင်မြင်စွာ ခွဲဖျက်လိုက်တာပဲ ဖြစ်တယ်။” ဟု ယခင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အတွက် နယ်သာလန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ယူခဲ့သူ ဝါရင် သံတမန် Laetitia van den Assum က ပြောသည်။
ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုများ
မြန်မာ့နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ရန် ဘုံသဘောတူညီချက် ငါးရပ်ကို ဧပြီလ ၂၀၂၁ ခုနှစ်က သဘောတူခဲ့ကြသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများ၊ ရွာမီးရှို့မှုများအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချနေသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ်အုပ်ချုပ်သူများကြောင့် ဆန္ဒပြသူနှင့် အရပ်သား ၄,၀၀၀ အထက် အသတ်ခံခဲ့ရပြီး လူပေါင်း ၂၀,၀၀၀ ခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။
NUG နှင့် တွေ့ဆုံခဲ့သည်မှာ အရှေ့တီမော တစ်နိုင်ငံတည်း မဟုတ်ပေ။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တာဝန်ရှိသူများလည်း NUG တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ကြပြီး ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့က NUG ကိုယ်စားလှယ်ရုံးများ တိုကျိုနှင့် ဆိုးလ်မြို့တွင် ဖွင့်လှစ်ခွင့်ပေးအပ်ထားသည်။
စစ်ဗိုလ်ချုပ်များက အရှေ့တီမောကို NUG နှင့် ထိတွေ့ ဆက်ဆံမှုမပြုလုပ်ရန် အကျပ်ကိုင် ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း “ဒါက နိုးထဖို့ သတိပေးတာပဲ။ တည်ငြိမ်စူးစိုက်နိုင်သူတွေသာ ထိပ်သီးအစည်းအဝေးမှာ နေရာယူလွှမ်းမိုးသင့်ပါပြီ။” ဟု Van den Assum က Al Jazeera ကို ပြောသည်။
ဒါက နိုးထဖို့ သတိပေးတာပဲ။ တည်ငြိမ်စူးစိုက်နိုင်သူတွေသာ ထိပ်သီးအစည်းအဝေးမှာ နေရာယူလွှမ်းမိုးသင့်ပါပြီ။
Srettha Thavisin ဦးဆောင်သော ထိုင်းနိုင်ငံအစိုးရသစ်က ယခင်ဝန်ကြီးချုပ်ဟောင်း သဘောထားတင်းမာသူ Prayuth Chan-ocha ၏ လမ်းစဉ်ကိုမလိုက်ဘဲ မင်းအောင်လှိုင်ကို ကြိဆိုမှုမျိုး မပြုလုပ်ရန် အချို့က မျှော်လင့်ကြကြောင်း၊ "သို့သော် အာဆီယံရဲ့ ရပ်တည်မှုကို ကာလရှည်ကြာ ထိခိုက်ပျက်စီးစေခဲ့ပြီး ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်ရန် လုံလောက်မည် မဟုတ်ကြောင်း” ဝါရင့် သံတမန်က ပြောကြားသည်။
ပြီးခဲ့သည့်လက အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmão က စစ်အာဏာသိမ်းအစိုးရများကို ၎င်း၏ နိုင်ငံက လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူမရှုနိုင်ကြောင်း ပြောကြားခဲ့သည်။
“အာဆီယံက မြန်မာနိုင်ငံမှ စစ်အာဏာရှင်တို့ကို ပဋိပက္ခ အဆုံးသတ်ရေး ယုံကြည်ရသည်အထိ အားမထုတ်နိုင်လျှင် တီမော-လက်စတေးသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်မည်မဟုတ်ပါ။”Gusmão က ထုတ်ပြန်ချက်တွင် ပြောသည်။
တစ်ချိန်တည်းမှာပင် အခြားအကျပ်အတည်းတစ်ခုလည်း ဖြစ်ပေါ်နေသည်။ ဩဂုတ်လအစောပိုင်းတွင် အငြင်း ပွား Spratly ကျွန်းစုများရှိ ဒုတိယ သောမတ်စ် ရေတိမ်သို့ သွားရောက်သည့် ဖိလစ်ပိုင် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို ၎င်း၏ တပ်ဖွဲ့များထံ မရေက်ရှိစေရေးအတွက် တရုတ်သင်္ဘောများက ရေအမြောက်များဖြစ် တိုက်ခိုက်ခဲ့သည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့များက တရုတ်၏ လုပ်ရပ်သည် "အလွန်အကျွံဖြစ်ပြီး ဥပဒေနှင့် မညီကြောင်း”၊ ၎င်းတို့သည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၎င်းဖြစ်ရပ်မှာ အငြင်းပွားမှုဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင် ထိစပ်ပါဝင်နေသည့် မြောက် Natuna ပင်လယ်တွင် ပြုလုပ်မည့် ပထမဆုံး အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် အင်ဒိုနီးရှား၏ အဆိုပြုချက်ကို ကမ္ဘောဒီးယားက ဗီတိုအာဏာဖြင့် ငြင်းပယ်ခဲ့ပြီး ရက်သတ္တအနည်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုမှာ တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းသွားခဲ့သည်။
ဩဂုတ်လကုန်ပိုင်းတွင် တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည့် မြေပုံအသစ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ပိုင်ဆိုင်ကြောင်း "မျဉ်းပိုင်း ကိုးခု” ဖြင့် ပြသသည့်အတွက် တခြားတောင်းဆိုသူနိုင်ငံများထံမှ ဒေါသတကြီး ငြင်းပယ်မှုများ ထွက်ပေါ်လာသည်။
၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ တရားရုံးက တရုတ်တောင်းဆိုသည့် မျဉ်းပိုင်းကိုးခုကို ပယ်ချကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
အာဆီယံအတွင်း ဖြစ်ပျက်မှုအရွေ့များသည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်က အာဆီယံအတွင်း သဘောထားကွဲပြားမှုများနှင့် တရုတ်ဖိအားအကြား မည်သို့ စီမံခရီးဆက်မည်ဆိုသည့်အပေါ်တွင်လည်း တစ်စိတ်တစ်ပိုင်း မူတည်ပါသည်။ Prayuth ကမူ မင်းအောင်လှိုင်ကို အားပေးထောက်ခံသည်သာမက ထိုင်းနိုင်ငံကို တရုတ်၊ Xi Jinping ၏ အားကောင်းသော အစိုးရနှင့် နီးစပ်အောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသူဖြစ်သည်။
Prayuth ကမူ မင်းအောင်လှိုင်ကို အားပေးထောက်ခံသည်သာမက ထိုင်းနိုင်ငံကို တရုတ်၊ Xi Jinping ၏ အားကောင်းသော အစိုးရနှင့် နီးစပ်အောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသူဖြစ်သည်။
NUG ကမူ အလားအလာကောင်းသော ဖွင့်ဟမှုအဖြစ် ရှုမြင်ပုံရသည်။ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ထိုင်းမြန်မာနယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် လူသားချင်းစာနာမှုအကူအညီများ ခွင့်ပြုရန် တောင်းဆိုခဲ့သည်။
“ထိုင်းဝန်ကြီးချုပ် Thavisin ဖော်ပြသော ထိုင်းနိုင်ငံ၏ နိုင်ငံတကာ ရပ်တည်မှု ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ အကြွင်းမဲ့ရိုးသားစွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းရာတွင် ပိုမိုခိုင်မာသော ရပ်တည်ချက်တစ်ရပ်ကို ခံယူရန် ကတိကဝတ်ကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့ မျှော်လင့်ပါကြောင်း” NUG အစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။ အကျပ်အတည်းသည် "ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြီးမားသော သက်ရောက်မှုများ” ဖြစ်ပေါ်စေကြောင်းလည်း အလေးအနက် ပြောဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးခုနှင့် အမေရိကန်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေ National Defense Authorization Act (NDAA) သည် "အဓိက အရေးကြီးကြောင်း” လည်းဝန်ကြီးက ပြောကြားသည်။ ၎င်းက ထိုင်းနိုင်ငံကို "သဘောထားတူသော နိုင်ငံများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်ကို အမြင့်ဆုံး ဖိအားများ ပေးရန်” တိုက်တွန်းသည်။
သို့ရာတွင် အင်ဒိုနီးရှားဥက္ကဌတာဝန် ကုန်ဆုံးတော့မည်အချိန်တွင် လာအို၏ လမ်းညွှန်မှုအောက်တွင် တိုးတက်အောင်မြင်ရန် အခွင့်အလမ်း ရှိသည်ဟု ဆန်းစစ်သူ အနည်းငယ်ကသာ ရှုမြင်ကြသည်။
“အဓိက ပြဿနာအရေးအခင်းတွေကို အာဆီယံ ရှေ့ဆက်ဖြေရှင်းဖို့ လာအိုရဲ့ လုပ်ဆောင်နိုင်စွမ်း ရှိရဲ့လား သို့မဟုတ် တရုတ်ရဲ့ လောင်းရိပ်က လွတ်ပါ့မလားဆိုတာ မေးစရာရှိပါတယ်။” ဟု ဒေသတွင်းမှ အမည်မဖော်လိုသော သံတမန်တစ်ဦးက ပြောကြားသည်။ "အမှန်တကယ်တမ်းမှာတော့ လာအိုရဲ့ ခေါင်းဆောင်မှုအောက်မှာ အာဆီယံက မလှုပ်မရှားနိုင်ဖြစ်နေမှာကို မြင်ရကောင်း မြင်ရနိုင်ပါတယ်။”
ကိုးကား - Al Jazeera
ပုံစာ - အကျပ်အတည်းဖြေရှင်းရန် အကောင်အထည်မဖော်သည့်အတွက် မြန်မာထိပ်တန်းအရာရှိများကို အာဆီယံအစည်းအဝေးများမှ တားမြစ်ခံထားရသည်။ (Photo: Bay Ismoyo/Pool via Reuters)
Burma Associated Press
Top News
လွန်ခဲ့သော ၉ ရက် က
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၁၇ ရက် က