Article
ဒီမိုကရေစီ နိမ့်ကျလာသော အရှေ့တောင်အာရှ
လွန်ခဲ့သော တစ်နှစ် က
လက်တင်အမေရိကနိုင်ငံများ၏ အရွယ်အစားရှိပြီး လူဦးရေ သန်း ၆၉၀ နေထိုင်ကြသည့် နိုင်ငံ ၁၁ နိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှဒေသ၏ မတူကွဲပြားမှုကို ယေဘုယျသဘော ကောက်ချက်ချရန် ခက်ခဲပါသည်။
ရှုပ်ထွေးသည့် နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံများဖြစ်သော သက်ဦးဆံပိုင် ဆူလတန်အုပ်ချုပ်မှုရှိသည့် ဘရူနိုင်း၊ လီနင်ဝါဒီ ဗီယက်နမ်နှင့် အထင်ကြီးဖွယ် ဒီမိုကရက်တစ်နိုင်ငံဖြစ်သည့် အရှေ့တီမော-လက်စတေး စသည်ဖြင့် ကွဲပြားခြားနားသော နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံများ ပါဝင်ကြသည်။ အရေးပါသော ဒေသတွင်း သုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားတို့တွင်မူ ဒီမိုကရေစီစနစ် ရုန်းကန်နေရပြီး ဘုံခြိမ်းခြောက်မှုများလည်း ပေါ်ထွက်လာနေသည်။
"အံ့အားသင့်ဖွယ်နေရာတွင် အံ့အားသင့်ဖွယ်နည်းလမ်းများဖြင့် ပေါ်ထွက်လာ ပြီး တည်တံ့ခိုင်မြဲနိုင်ကြောင်း” ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံးနိုင်ငံက သက်သေပြခဲ့သည်ဟု မီရှီဂန်တက္ကသိုလ်မှ Dan Slater က ရေသားခဲ့သည်။
ကာလရှည်ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင် ဆူဟာတို ကျရှုံးပြီးနောက် ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံကို ဒီမိုကရေစီ ထွန်းကားသောနိုင်ငံအဖြစ် ရှုမြင်ခဲ့ကြသည်။ ဒီမိုကရေစီသည် "အံ့အားသင့်ဖွယ်နေရာတွင် အံ့အားသင့်ဖွယ်နည်းလမ်းများဖြင့် ပေါ်ထွက်လာပြီး တည်တံ့ခိုင်မြဲနိုင်ကြောင်း” ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံးနိုင်ငံက သက်သေပြခဲ့သည်ဟု မီရှီဂန်တက္ကသိုလ်မှ Dan Slater က ရေသားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် Joko Widodo သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့်အတွက် အသွင်ကူးပြောင်းမှု ခိုင်မာပြီဟု အများက ယူဆခဲ့ကြသည်။ “Jokowi” ဟု အများက သိရှိကြသည့် နိုင်ငံရေးစည်းပြင်ပမှ အကျင့်ပျက်ခြစားမှု မရှိသူဟု သူ့ကိုယ်သူ အမွှမ်းတင်လေ့ရှိသူသည် နိုင်ငံ၏ ရိုးရာမပျက် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်တပ်ရေပေါ်ဆီ တို့၏ လွှမ်းမိုးမှု ခံနေရဆဲဖြစ်သည်။
၂၀၁၉ ခုနှစ် ၎င်း၏ ဒုတိယ သမ္မတသက်တမ်းတွင် Jokowi သည် အင်ဒိုနီးရှားဒီမိုကရေစီကို ယိုင်နဲ့စေခဲ့သည်။ သူသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ကို ချိနဲ့စေခဲ့ပြီး လစ်ဘရယ်မဆန်သည့် ရာဇဝတ်ကျင့်ထုံးဖြင့် အရပ်ဘက်အခွင့်အရေးများကို ဆုတ်ယုတ်စေခဲ့သည်။ သူသည် တချိန်က အုပ်စိုးခဲ့သည့် စစ်တပ်ရေပေါ်ဆီတစ်ဦးနှင့် ချိတ်ဆက်နေသူတချို့ကို အစိုးရ၏ ဗဟိုချက်သို့ ပြန်လည်ဆွဲသွင်းလာခဲ့သည်။
သူ၏ ဆက်ခံသူဖြစ်သော ကျိုးကြောင်းဆီလျော်မှု မရှိဘဲ အများကြိုက် မက်လုံးပေးမဲဆွယ်တတ်သည့် ဗိုလ်ချုပ်ဟောင်း Prabowo Subianto ကိုလည်း ထောက်ခံခဲ့သည်။ အမေရိကန်နိုင်ငံသည် Mr Prabowo ကို အခွင့်အရေးအလွဲသုံးစားမှု စွပ်စွဲချက်ဖြင့် ယခင်က ပိတ်ဆို့အရေးယူခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသား အများအပြားက ၎င်းကို တချိန်က ၎င်း၏ ယောက္ခမဖြစ်ခဲ့သည့် ကွယ်လွန်သူ ဆူဟာတို၏ ကြောက်မက်ဖွယ် အရိပ်မည်းကြီး အဖြစ် ရှုမြင်ကြသည်။ ကောင်းစွာ စည်းရုံးသိမ်းသွင်းမှုပြုလုပ်ထားသည့်အတိုင်း လာမည့် ဖေဖော်ဝါရီ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရှေ့ပြေးနေသူလည်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ နောက်ပြန်လှည့်မှုမှာ ပို၍ မြင်သာပါသည်။ ကိုးနှစ်ကြာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ဘုရင်-စစ်တပ် ရေပေါ်ဆီတို့၏ ချုပ်ကိုင်မှုကို ချိုးဖျက်နိုင်မည့် Move Forward ပါတီ က မေလ အထွေထွေ ရွေးကောက်ပွဲတွင် ပြတ်သားစွာ အနိုင်ရခဲ့သည်။
သို့သော် ရေပေါ်ဆီအထက်တန်းစားတို့က ၎င်းအနိုင်ရရှိမှုကို ငြင်းပယ်ခဲ့ပြီး နိုင်ငံကို နှစ်များစွာ စွန့်ခွာထွက်ပြေးခဲ့သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်သာ ပူးပေါင်းခဲ့သည်။ သက်ဆင်ကို တစ်ချိန်က သာမန် ထိုင်းပြည်သူတို့အတွက် လူစွမ်းကောင်းအဖြစ် ရှုမြင်ခဲ့ကြသည်။ စစ်တပ်က ၎င်းနှင့် ၎င်းထိန်းချုပ်သော ပါတီများထံမှ နှစ်ကြိမ် အာဏာသိမ်းယူခဲ့သည်။ ယခုမူ သူသည် ၎င်းကို အာဏာသိမ်းသူတို့နှင့် ပူးပေါင်းသွားပြီဖြစ်သည်။
စစ်ဘေးသင့် ကမ္ဘောဒီးယားတွင် ဒီမိုကရေစီပြုစုပျိုးထောင်ရန် ကုလသမဂ္ဂက ငွေကြေး သန်းပေါင်းများစွာ အသုံးပြုခဲ့သော်လည်း အောင်မြင်မှုကို ပြသစရာ များစွာ မရှိလှပါ။
စစ်ဘေးသင့် ကမ္ဘောဒီးယားတွင် ဒီမိုကရေစီပြုစုပျိုးထောင်ရန် ကုလသမဂ္ဂက ငွေကြေး သန်းပေါင်းများစွာ အသုံးပြုခဲ့သော်လည်း အောင်မြင်မှုကို ပြသစရာ များစွာ မရှိလှပါ။ ကာလကြာရှည်စွာ တာဝန်ယူခဲ့သည့် ဟွန်ဆန်က ဩဂုတ်လ ၂၂ ရက်နေ့ အတိုက်အခံတို့ကို တားမြစ်ထားသည့် ရွေးကောက်ပွဲအပြီး သူ၏ သားဖြစ်သူ ဟွန်မနတ်အတွက် လမ်းဖွင့်ပေးခဲ့သည်။ ကမ္ဘောဒီးယားသည် မြောက်ကိုးရီးယားကဲ့သို့ အာဏာရှင် အမွေဆက်ခံသည့် နိုင်ငံဖြစ်လာခဲ့ပြီ ဖြစ်သည်။
၎င်း သုံးနိုင်ငံလုံး၏ ထူးခြားချက်တစ်ခုမှာ အာဏာအတွက် တစ်ဦးချင်းလိုလားချက် ချဉ်းကပ်ပုံ သို့မဟုတ် မင်းဆက်အလိုက် ချဉ်းကပ်ပုံဖြစ်သည်။ ယင်းအချက်မှာ ကမ္ဘောဒီးယားတွင် အမြင်သာဆုံးဖြစ်သည်။ သို့သော် ယခင် စည်းပြင်ပမှ Jokowi သည်လည်း ၎င်းကိုယ်ပိုင် မင်းဆက်ကို ပြုစုပျိုးထောင်ရန် အားထုတ်လာခဲ့သည်။
သူ၏ သားနှင့် သားမက်ဖြစ်သူတို့သည် နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ခဲ့ကြပြီး Mr Probowo ကလည်း ၎င်းတို့နှစ်ဦးလုံးကို ထောက်ခံအားပေးခဲ့သည်။ သက်ဆင်၏ စစ်တပ်နှင့် စေ့စပ်သဘောတူညီမှုအတွက် ကြီးမားသော စေ့ဆော်မှုမှာ နိုင်ငံရေးတွင် သူ၏ မိသားစု ရှင်သန်ကြီးထွားရေးအတွက် အခြေအနေများ ဖန်တီးပျိုးထောင်ရန် ဖြစ်သည်။ သူ၏ အသက် ၃၇ နှစ် အရွယ်ရှိ သမီးဖြစ်သူ Paetongtarn သည် Pheu Thai ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။
အခြား ဆက်နွယ်နေသည့် ထူးခြားချက်မှာ ခေါင်းဆောင်အားလုံးက ၎င်းတို့ စိုးရိမ်ရသူတို့ကို အကန့်အသတ်မရှိ နေရာဌာန ချထားပေးနိုင်ခြင်း ဖြစ်သည်။ Jokowi သည် ၎င်းကို နှစ်ကြိမ် သမ္မတနေရာ စိန်ခေါ်သူ Mr Prabowo ကို အစိုးရအဖွဲ့ ကတ်ဘိနက်အတွင်း ခေါ်ယူနေရာချရန် ဆုံးဖြတ်ခဲ့သည်။ ကမ္ဘောဒီးယားတွင် အာဏာရပါတီက အတိုက်အခံထောင်ပေါင်းများစွာကို လာဘ်ထိုးခြင်း၊ ကြီးနိုင်ငယ်ညှင်းပြုခြင်းတို့ဖြင့် ၎င်းတို့ဘက်သို့ ပါဝင်လာအောင် ပြုလုပ်ခဲ့သည်။
ယခုအခါ အစိုးရသစ်သည် ယခင်အစိုးရခန့်အပ်ခဲ့သည်ထက် နှစ်ဆမက ပိုမိုများပြားသော ဝန်ကြီးဌာန အတွင်းရေးမှူး သို့မဟုတ် လက်ထောက်အတွင်းရေးမှူး ၁၄၀၀ ကျော်ကို ခန့်အပ်ခဲ့ကြသည်ဟု လွတ်လပ်သော ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Camboja News က အစီရင်ခံခဲ့သည်။
နေရာဌာန ချထားပေးခြင်းကို အာရှနိုင်ငံရေး အမွန်အမြတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော် ၎င်းသည် အထောက်ပံ့ခံ ကွန်ရက်များ ပွားများလာစေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအကြောင်းကို Diplomat မဂ္ဂဇင်းတွင် Sebastian Strangio ရေးသားခဲ့သကဲ့သို့ပင် ၎င်းကွန်ရက်များသည် အရင်းအမြစ်များ လိမ်လည် အမြတ် ထုတ်ရန် တည်ရှိခဲ့ခြင်းဖြစ်သည်။ ကျယ်ပြန့်လာသော ကွန်ရက်များက အကျင့်ပျက်ခြစားမှုနှင့် ခရိုနီဝါဒ (အရည်အချင်းမပြည့်မီသော်လည်း မိတ်ဆွေများ၊ အဆက်အသွယ်များကို လုပ်ပိုင်ခွင့်ပေးအပ်ခြင်း အယူအဆ) ပိုမိုထွန်းကားလာခြင်းပင်ဖြစ်ပြီး သာမာန်လူထုမှာမူ အရေးတယူ ဂရုပြုမှု မခံကြရပေ။
တတိယ ဘုံရှုမြင်ချက်မှာ နိုင်ငံရေးပါတီများကို အားနည်းစေခြင်းဖြစ်ပြီး ပထမ နှစ်ခုမှ သက်ဆင်းလာခြင်း ဖြစ်သည်။ ရေပေါ်ဆီအထက်တန်းစားများက လက်လွတ်စပယ် အာဏာခွဲဝေကြရာတွင် အပြောင်းအလဲအတွက် ယှဉ်ပြိုင်ရန် နေရာဖြစ်သော နိုင်ငံရေးပါတီများ၏ လုပ်ဆောင်နိုင်မှုမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ Jokowi ၏ သမ္မတရုံးအကြီးအကဲ Moeldoko သည် အတိုက်အခံပါတီတစ်ခု၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။
အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အသံများသည် ဖိနှိပ်ခံ ကမ္ဘောဒီးယားနိုင်ငံအပါအဝင် နိုင်ငံသုံးခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်နေဆဲဖြစ်သည်။ Move Forward ပါတီသည်လည်း ထိုင်းနိုင်ငံကို ဆက်လက် တွန်းတင်သွားမည်ဟု ကတိပေးထားသည်။ ၎င်းစွမ်းအားစုများကို ပြင်ပကမ္ဘာမှ တတ်နိုင်သမျှ ထောက်ခံ အားပေးသင့်သည်။ တစ်ချိန်က အရှေ့တောင်အာရှသည် ဒီမိုကရေစီအရေး အတုယူဖွယ် ဖြစ်ခဲ့သည်။ နောက်တစ်ဖန်လည်း ဖြစ်နိုင်ပါသေးသည်။
ကိုးကား - The Economist
ပုံ - Lan Truong
Top News
လွန်ခဲ့သော ၉ ရက် က
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၁၇ ရက် က