bap-logo
Article

တရုတ်စီးပွားရေးက အသက်ဝင်နေသော အချိန်ကိုက်ဗုံးတစ်လုံးလား

1Ux43TnUD3_P05J9_bIK6-image

လွန်ခဲ့သော တစ်နှစ် က

ပြီးခဲ့သည့် ခြောက်လတာကာလသည် တိုးတက်မှုနှေးကွေးခြင်း၊ လူငယ် အလုပ်လက်မဲ့နှုန်း စံချိန်တင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိမ့်ကျခြင်း၊ ပို့ကုန်နှင့် ငွေကြေး အားနည်းခြင်း၊ အိမ်ခြံမြေကဏ္ဍ အကျပ်အတည်း စသည်တို့ဖြင့် တရုတ်စီးပွားရေးအတွက် သတင်းဆိုးများ ဆက်တိုက်သယ်ဆောင် လာခဲ့သည်။

 

အမေရိကန်သမ္မတ Joe Biden က ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကို "အသက်ဝင်နေသော ချိန်ကိုက်ဗုံး” ဟု ဖော်ပြခဲ့ပြီး တိုင်းပြည်အတွင်း မကျေနပ်မှုများ တိုးပွားလာမည်ဟု ခန့်မှန်းခဲ့သည်။

 

တရုတ်ခေါင်းဆောင် Xi Jinping ကလည်း စီးပွားရေး၏ "အားကောင်းသော ကြံ့ကြံ့ခံမှု၊ ကြီးမားသော အလားအလာနှင့် အားကောင်းသော တက်ကြွမှု” တို့ကို ကာကွယ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

 

Mr Biden သို့မဟုတ် Mr Xi မည်သူမှန်သနည်းဆိုသည့်အဖြေမှာမူ နှစ်ဦးလုံးထံတွင် မရှိဘဲ ကြားတစ်နေရာတွင်သာ ရှိကောင်းရှိနိုင်ပါသည်။

 

စီးပွားရေး ပြိုဆင်းမှု မကြာခင် ဖြစ်တန်ချေ မမြင်ရသေးသော်လည်း တရုတ်သည် ကြီးမားပြီး အမြစ်တွယ်နေသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။

 

အိမ်ခြံမြေ အကျပ်အတည်းနှင့် နွမ်းပါးလာသော အိမ်ထောင်စုများ

 

တရုတ်စီးပွားရေး ပြဿနာများ၏ အလယ်ဗဟိုမှာ အိမ်ခြံမြေဈေးကွက်ပင်ဖြစ်သည်။ ယခုကာလ မတိုင်မီကမူ အိမ်ခြံမြေလုပ်ငန်းသည် တရုတ်နိုင်ငံ ကြွယ်ဝမှုတစ်ခုလုံး၏ တတိယနေရာတွင် ရှိသည်။

 

ဒါက အဓိပ္ပါယ်မရှိဘူး။ လုံးဝ အဓိပ္ပါယ် မရှိဘူး။” ဟု စင်ကာပူရှိ INSEAD စီးပွားရေးကျောင်းမှ စီးပွားရေးပါမောက္ခ Antonio Fatas က ပြောသည်။

 

ဆယ်စုနှစ် နှစ်စုအကြာထိ အိမ်ရာတည်ဆောက်သူများက ပုဂ္ဂလိကပြုလုပ်ရေး လှိုင်းကို စီးကာ ၎င်းကဏ္ဍက ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၀ ခုနှစ်တွင် အကျပ်အတည်းက ရိုက်ခတ်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးနှင့် ကျဆင်းသွားသည့် လူဦးရေတို့က အတောမသတ်သည့် အိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းအတွက် ကောင်းမွန်သည့် အခြေအနေများ မဟုတ်ခဲ့ပါ။

 

ကိုဗစ်-သုည မူဝါဒအပြီးမှာ တရုတ်တွေဟာ ငွေတွေ အမြောက်အများ သုံးကြမယ်လို့ ယူဆခဲ့ကြတာပါ။

 

၂၀၀၈ အမေရိကန်ပုံစံ စီးပွားရေးပြိုလဲခြင်းကို အစိုးရက စိုးရွံ့သည့်အတွက် အိမ်ရာ တည်ဆောက်သူများကို ငွေချေးသည့် ပမာဏ ကန့်သတ်ခဲ့သည်။ မကြာမီမှာပင် ၎င်းတို့သည် ဘီလီယံပေါင်းများစွာ ပြန်မဆပ်နိုင်ဘဲ အကြွေးတင်နေတော့သည်။

 

ယခုအချိန်တွင် အိမ်ရာဝယ်လိုအား ကျဆင်းသွားပြီး အိမ်ခြံမြေဈေးနှုန်းများ ထိုးဆင်းသွားသည်။ သို့အတွက် တရုတ်အိမ်ပိုင်ရှင်များမှာ သုံးနှစ်အကြာ ခက်ခဲကြမ်းတမ်းသည့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များမှ နွမ်းပါးသူများအဖြစ် ထွက်ပေါ်လာခဲ့သည်။

 

တရုတ်မှာ အိမ်ခြံမြေဆိုတာ ခင်ဗျားအတွက် ထိရောက်အကျိုးရှိတဲ့ စုဆောင်းခြင်းပဲ။” Natixis ဓနဥစ္စာစီမံခန့်ခွဲရေးအဖွဲ့မှ အာရှစီးပွားရေး အကြီးအကဲ Alicia Garcia-Herrero က ပြောသည်။

 

"မကြာသေးခင်အထိတော့ ခင်ဗျားရဲ့ ပိုက်ဆံတွေကို ပရမ်းပတာ စတော့ဈေးကွက်ထဲ ဒါမှမဟုတ် အတိုးနှုန်းနည်းတဲ့ ဘဏ်အကောင့်ထဲ ထည့်တာထက် ပိုကောင်းနေခဲ့ပါတယ်။”

 

ယင်းအဓိပ္ပါယ်မှာ အနောက်နိုင်ငံများနှင့် တူညီမှုမရှိဘဲ ရောဂါကပ်ဘေးအလွန် သုံးစွဲနိုင်မှု မြင့်တက်လာခြင်း သို့မဟုတ် အဓိက စီးပွားရေး ပြန်လည် ဦးမော့လာခြင်း မရှိဟု ဆိုလိုပါသည်။

 

ကိုဗစ်-သုည မူဝါဒအပြီးမှာ တရုတ်တွေဟာ ငွေတွေ အမြောက်အများ သုံးကြမယ်လို့ ယူဆခဲ့ကြတာပါ။Ms Garcia-Herrero က ပြောသည်။

 

"သူတို့ ခရီးတွေ သွားကြမယ်၊ ပဲရစ်ကို သွားမယ်၊ အိုင်ဖယ်တာဝါကိုတောင် ဝယ်မယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ သူတို့ စုဆောင်းထားတာတွေဟာ အိမ်ဈေးနှုန်းကျဆင်းသွားခြင်းရဲ့ ထိုးနှက်ခံနေရတယ်ဆိုတာ သူတို့ သိကြတယ်။ ဒါကြောင့် လက်ထဲရှိသမျှ ငွေသားကို ကိုင်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

 

အိမ်ရာရှင်များအတွက် ပိုမိုနွမ်းပါးလာသည်ဟု ခံစားရသည်သာမက ဒေသဆိုင်ရာ အစိုးရများ ရင်ဆိုင်နေရသည့် အကြွေးပြဿနာကိုလည်း ပိုမိုဆိုးရွားစေခဲ့သည်။

 

အိမ်ရာတည်ဆောက်သူများကို မြေရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ် ဘီလီယံပေါင်းများစွာ၏ သုံးပုံတစ်ပုံခန့်မှာ အကျပ်အတည်းတွင်း ကျရောက်နေခဲ့သည်။

 

စီးပွားရေးပညာရှင်အချို့က ၎င်း အိမ်ခြံမြေထိခိုက်မှုကို ကုစားရန် နှစ်များစွာ ကြာမြင့်နိုင်သည်ဟု ဆိုကြသည်။

 

 

အားနည်း ချို့ယွင်းချက်ရှိသည့် စီးပွားရေးပုံစံ

 

အိမ်ခြံမြေအကျပ်အတည်းက တရုတ်စီးပွားရေးလုပ်ဆောင်ပုံ နည်းလမ်း ပြဿနာများကို မီးမောင်းထိုးပြခဲ့သည်။

 

တရုတ်နိုင်ငံ၏ လွန်ခဲ့သောအနှစ်သုံးဆယ်အတွင်း အံ့အားသင့်ဖွယ် တိုးတက်မှုတို့ကို စက်ရုံများ၊ လေဆိပ်များ၊ အိမ်ရာများရှိရာသို့ လမ်း၊ တံတား၊ ရထားလမ်းများ တည်ဆောက်ခြင်းက မောင်းနှင်တွန်းပို့ခဲ့ခြင်းဖြစ်သည်။ ၎င်းလုပ်ငန်းများမှာ ဒေသတွင်းအစိုးရများ လုပ်ဆောင်ရမည့် တာဝန်များဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ အချို့သော စီးပွားရေးပညာရှင်များကမူ ၎င်းချဉ်းကပ်မှုသည် တင်စားသောအားဖြင့်ဖြစ်စေ အမှန်တကယ်လက်တွေ့အားဖြင့်ဖြစ်စေ လမ်းဆုံးသွားခြင်း၊ တနည်းအားဖြင့် ရှေ့ဆက်လုပ်ကိုင်ရန် အရင်းအမြစ်များ ကုန်ခမ်းသွားစေခဲ့သည်ဟု စောဒကတက်ခဲ့ကြသည်။

 

တရုတ်၏ အဆောက်အအုံစွဲလမ်းမှုအတွက် ပိုပြီး ထူးခြားသည့် ဥပမာများအနက် တစ်ခုကို မြန်မာနယ်စပ် ယူနန်ပြည်နယ်တွင် တွေ့ရှိနိုင်သည်။ ယခုနှစ်တွင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် ကိုဗစ်-၁၉ သီးသန့်ထိန်းချုပ်ရေးအဆောက်အအုံအသစ် တစ်ခုကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက မယုံကြည်နိုင်ဖွယ် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 

အကြွေးအမြောက်အများတင်နေသော ဒေသဆိုင်ရာအစိုးရများသည် ယခုနှစ်တွင် ဖိအား အလွန်များပြားနေပြီး ဆောက်လုပ်ရေးအစီအစဉ်များအတွက် ရံပုံငွေရရှိရန် မြေရာများ ၎င်းတို့ကို ၎င်းတို့ ပြန်လည်ရောင်းချရန် စီစဉ်နေကြသည်ဟု တင်ပြမှုများ တွေ့ရှိရသည်။

 

အခြေခံအားဖြင့် ငွေဖြုန်းတီးခြင်းအဖြစ်သို့ မရောက်ရှိမီ တရုတ်၏ တည်ဆောက်နိုင်စွမ်းမှာ အနည်းငယ်သာရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ လူထုအတွက် ကြွယ်ဝချမ်းသာမှုဖန်တီးပေးရန် အခြားနည်းလမ်း ရှာဖွေရန် လိုအပ်သည်။

 

ကျွန်တော်တို့က ကူးပြောင်းရေး အမှတ်စက် တစ်ခုကို ရောက်နေပါတယ်။” ဟု ပါမောက္ခ Fatas ပြောသည်။ "ပုံစံအဟောင်းက အလုပ်မဖြစ်ပါဘူး။ ဒါပေမယ့် အာရုံစိုက်မှုကို ပြောင်းဖို့ဆိုရင်တော့ ဖွဲ့စည်းပုံနှင့် အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှု အလေးအနက် လုပ်ဖို့ လိုအပ်ပါတယ်။

 

ဂျူလိုင်လ စာရင်းဇယားများအရ အသက် ၁၆ နှစ်နှင့် ၂၅ နှစ်အကြား အလုပ်အကိုင်ရှာဖွေသူများ၏ ၂၁. % သည် အလုပ်မရရှိကြပေ။

 

ဥပမာအားဖြင့် အကယ်၍သာ တရုတ်က ၎င်း၏ စီးပွားရေးကို လှုံ့ဆော်တိုးတက်စေရန်နှင့် အမေရိကန် သို့မဟုတ် ဥရောပတို့နှင့် ပြိုင်ဆိုင်လိုလျှင် အစိုးရသည် စည်းမျဉ်းစည်းကမ်းများ သိသာစွာ လျှော့ချရေး ပထမဆုံး လုပ်ဆောင်ရမည်ဖြစ်ပြီး ပုဂ္ဂလိကအကျိုးစီးပွားအတွက် အာဏာလျှော့ချမှု အများအပြား လုပ်ဆောင်ရမည်ဟု ၎င်းက ဝေဖန်စောဒကတက်သည်။

 

လက်တွေ့တွင်မူ ၎င်းနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေခဲ့သည်။ တရုတ်အစိုးရသည် ဘဏ္ဍာရေးကဏ္ဍတွင် ၎င်း၏ ချုပ်ကိုင်မှု တင်းကျပ်ခဲ့ကာ "အနောက်တိုင်းဆန်သည့်" ဘဏ်လုပ်ငန်းများ၏ ပျော်ရွှင်သာယာရေး အဓိကအယူအဆကို ပြစ်တင်ကြိမ်းမောင်းကာ Alibaba ကဲ့သို့သော နည်းပညာလုပ်ငန်းကြီးများကို ဖြိုခွင်းခဲ့သည်။

 

ယင်းအကြောင်းက လူငယ် အလုပ်လက်မဲ့မှုနှုန်းကိုလည်း တစ်နည်းအားဖြင့် ထင်ဟပ်မှုရှိခဲ့သည်။ တရုတ်နိုင်ငံတဝှမ်းတွင် သန်းချီသော ပညာရေးကောင်းမွန်သည့် ဘွဲ့ရများသည် မြို့ပြဒေသများ၌ သင့်တင့်သည့် ဉာဏဆိုင်ရာ အလုပ်အကိုင်များရှာဖွေရေး ရုန်းကန်နေကြရသည်။

 

ဂျူလိုင်လ စာရင်းဇယားများအရ အသက် ၁၆ နှစ်နှင့် ၂၅ နှစ်အကြား အလုပ်အကိုင်ရှာဖွေသူများ၏ ၂၁. % သည် အလုပ်မရရှိကြပေ။ နောက်တစ်လတွင် တာဝန်ရှိသူများက ၎င်းစာရင်းဇယားများကို ထုတ်ပြန်ခြင်း မပြုတော့ကြောင်း ကြေငြာခဲ့သည်။

 

အထက်မှ အောက်သို့စီမံခန့်ခွဲမှု စနစ်သည် တံတားအသစ်တစ်ခု တည်ဆောက်ရာတွင် ထိရောက် အကျိုးရှိနိုင်သော်လည်း တံတားတည်ဆောက်ပြီးစီးချိန်၊ လူအများက အလုပ်အကိုင် ဆက်လက်ရှာဖွေနေရသော အခါတွင်မူ စီမံခန့်ခွဲရန် ခက်ခဲသည့်သဏ္ဍာန်ဖြစ်လာခဲ့သည်။

 

 

ယခုအခါ အစိုးရ ဘာလုပ်မည်လဲ။

 

စီးပွားရေးဦးတည်ရာကို ပြောင်းလဲရန် နိုင်ငံရေးအယူဝါဒ ပြောင်းလဲရေး လိုအပ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Chinese Communist Party's (CCP) လတ်တလော ချုပ်ကိုင်မှုတင်းကျပ်လာခြင်းနှင့် သမ္မတ Xi CCP ကို ချုပ်ကိုင်မှုတင်းကျပ်လာခြင်းတို့ကို သုံးသပ်လျှင် နိုင်ငံရေးအယူဝါဒပြောင်းလဲမည့်ပုံ မရှိချေ။ ခေါင်းဆောင်ပိုင်းက ၎င်းပြောင်းလဲမှုကို မလိုအပ်ဟုပင် စောဒကတက်နိုင်သည်။

 

အခြားနည်းလမ်းများအရဆိုလျှင် တရုတ်သည် ၎င်းကိုယ်တိုင် ၎င်း၏ အောင်မြင်မှု၏ သားကောင်ပင်ဖြစ်သည်။ လက်ရှိတိုးတက်မှုနှုန်းသည် ယခင်နှစ်များက ရင်သပ်ရှုမောဖွယ် မြင့်မားသော ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်လျှင် "နှေးကွေး” သည်ဟု ဆိုနိုင်သည်။

 

၁၉၈၉ ခုနှစ်က စတင်၍ တရုတ်၏ နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်းမှာ % ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ၄. % ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။

 

ယင်းမှာ ကြီးမားသော ကျဆင်းမှုဖြစ်သော်လည်း အမေရိကန်၊ ယူကေနှင့် ဥရောပနိုင်ငံအများစုထက် အများအပြား မြင့်မားနေပါသေးသည်။ အချို့က ယင်းအချက်မှာ တရုတ်ခေါင်းဆောင်မှု အဆင်ပြေနေ၍ဖြစ်သည်ဟု စောဒက တက်ကြသည်။

 

အနောက်နိုင်ငံများသည် စီးပွားရေးကို လူထု၏ သုံးစွဲနိုင်မှုဖြင့် အင်အားတည်ဆောက်ကြပြီး တရုတ်မှာမူ သုံးစွဲသူ ပုံစံကို ဖြုန်းတီးမှုအဖြစ် ရှုမြင်ရုံသာမက တစ်ဦးချင်းနှင့်သာဆိုင်သည်ဟု သတိပြုစောင့်ကြည့်သည်။

 

စားသုံးသူများကို တီဗီအသစ် ဝယ်ယူခြင်း၊ ရုပ်သံလိုင်း လစဉ်ယူခြင်း သို့မဟုတ် အားလပ်ရက် ခရီးထွက်ခြင်းတို့အတွက် အားပေးခြင်းသည် စီးပွားရေးကို လှုံ့ဆော်အားပေးရာရောက်သော်လည် တရုတ်အတွက်မူ အမျိုးသားလုံခြုံရေး သို့မဟုတ် အမေရိကန်နှင့် ပြိုင်ဆိုင်ရေးတို့နှင့်ယှဉ်လျှင် အရာသွင်းမခံရပေ။

 

Mr Xi သည် တိုးတက်မှုကို အခြေခံအားဖြင့် လိုလားသော်လည်း တကယ်တမ်းမှာ တိုးတက်ရေးအတွက် မဟုတ်ပါ။ လတ်တလော ဖွံ့ဖြိုးလာသော တစ်ပိုင်းလျှပ်ကူးလုပ်ငန်းများ၊ ဉာဏ်ရည်တုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနည်းပညာလုပ်ငန်းများကဲ့သို့သော ကမ္ဘာအဝှမ်း တရုတ်၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အခြားသူများအပေါ်  မှီခိုရမှု နည်းပါးသော တီထွင်ဆန်းသစ်မှု တိုးတက်နေသည့် လုပ်ငန်းများ၏ နောက်တွင်သာ တိုးတက်မှုကို ထားရှိနိုင်သည်။

 

၎င်းအယူအဆမှာ အစိုးရ၏ စီးပွားရေးကို အားမပါသည့် တုံ့ပြန်မှု အကန့်အသတ်ဖြင့် ပြုရခြင်းအကြောင်းရင်းလည်း ဖြစ်နိုင်ပါသည်။ ယခုအချိန်ထိ အဖျားအနားများ ပြင်ဆင်ခြင်း၊ ချေးငှားမှုအကန့်အသတ် ဖြေလျှော့ခြင်း သို့မဟုတ် ငွေကြေးပမာဏ အမြောက်အများ ထည့်သွင်းရမည့်အစား ချေးငွေအတွက် အတိုးနှုန်း အနည်း လျှော့ချခြင်းတို့သာ ပြုလုပ်ခဲ့သည်။

 

တရုတ်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က စိုးရိမ်လာခဲ့ကြပြီး အစိုးရကို လျှင်မြန်စွာ အရေးတယူ လုပ်ဆောင်စေလိုသော်လည်း ခေါင်းဆောင်တို့ကမူ ရေရှည်ကစားပွဲကိုသာ ကစားလိုပုံရသည်။

 

စာရွက်စာတမ်းများအရ တရုတ်သည် ပိုမိုတိုးတက်ရန် အလားအလာ ကြီးမားစွာ ရှိနေသေးသည်ကို သူတို့ သိရှိကြပါသည်။ စီးပွားရေး အင်အားကြီးအဆောက်အအုံတစ်ခု ဖြစ်လာနိုင်သော်လည်း ပျမ်းမျှ နှစ်ပတ်လည် ဝင်ငွေမှာ $ ၁၂ ၈၅၀ သာ ရှိနေသေးသည်။ လူဦးရေ၏ ၄၀% မှာ ကျေးလက်တွင် နေထိုင်နေကြဆဲဖြစ်သည်။

 

အခြားတစ်ဘက်တွင် ရွေးကောက်ပွဲ လည်ပတ်မှုနှင့် တုပ်နှောင်မထားခြင်းကြောင့် တရုတ်ကို ရေရှည်ရှုမျှော်ရန် အခွင့်ထူးပေးအပ်ခံထားရသည်။ ရွေးကောက်ခံစရာမလိုဘဲ နှစ်များစွာ အုပ်ချုပ်နိုင်သည့်အတွက် ရေရှည် စီမံကိန်းချ လုပ်ဆောင်နိုင်သည်ဟု ရှုမြင်ခြင်းဖြစ်သည်။

 

နောက်ထပ် အခြားတစ်ဘက်တွင်မူ စီးပွားရေးပညာရှင်များစွာက အာဏာရှင်နိုင်ငံရေးစနစ်သည် ပြုလွယ်ပြောင်းလွယ်သော၊ တရားဝင် "ဝင်ငွေမြင့်” နိုင်ငံများ၏ လူနေမှုအဆင့်အတန်းအတွက် လိုအပ်သော တံခါးဖွင့် စီးပွားရေးအမျိုးအစားနှင့် ကိုက်ညီတွဲဖက်နိုင်မှု မရှိဟု ဝေဖန်စောဒက တက်ကြသည်။

 

Mr Xi က ထိရောက်အကျိုးရှိသော အုပ်ချုပ်မှုထက် အလေးပေးနေသည့် အန္တရာယ်တစ်ရပ် သို့မဟုတ် လက်တွေ့အလုပ်ဖြစ်ရေးမူဝါဒအပေါ် ထိန်းချုပ်မှုအတွက် အန္တရာယ်တစ်ရပ် ရှိနေနိုင်သည်။

 

လူအများစုအတွက်မူ စီးပွားရေးကောင်းမွန်နေလျှင် အဆင်ပြေသော်လည်း တရုတ်နိုင်ငံအတွက်မှာမူ သုံးနှစ်ကြာ ကိုဗစ်-သုည မူဝါဒမှ ထွက်ခွာလာခြင်း၊ အလုပ်တစ်ခုရရန် များစွာ ရုန်းကန်နေရခြင်း၊ မိသားစုများ၏ အိမ်များ တန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် သီးခြားစဉ်းစားရမည့်အခြေအနေ ဖြစ်သည်။

 

၎င်းအတွက်ကြောင့် Mr Biden "အသက်ဝင်နေသော ချိန်ကိုက်ဗုံး” ဟု ဖော်ပြချက်ကို ပြန်လည် ခေါ်ဆောင်သွားကာ မြို့ပြ မတည်ငြိမ်မှု သို့မဟုတ် ၎င်းကို တုံ့ပြန်ရန် ပိုမိုပြင်းထန်သော အန္တရာယ်ရှိသည့် နိုင်ငံခြားရေး မူဝါဒဖော်ဆောင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပြုစေသည်။

 

လက်ရှိအချိန်တွင်မူ ၎င်းသည် ထင်မြင်ယူဆချက်မျှသာ ရှိပါသေးသည်။ တရုတ်သည် အတိတ်က အကျပ်အတည်းများစွာမှ ဖောက်ထွက်လာခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် တိုင်းပြည်၏ ခေါင်းဆောင်ပိုင်းသည် မတူခြားနားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

 

သူတို့ လက်ရှိအခြေအနေကို စိုးရိမ်မှု ရှိရဲ့လား။ စိုးရိမ်မှာပေါ့။ သူတို့ ကိန်းဂဏန်းတွေ မြင်နေရတာပဲ။” ဟု ပါမောက္ခ Fatas က ပြောသည်။

 

ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာ သူတို့ နားလည်ရဲ့လား။ မသေချာဘူး။ ကျွန်တော် ခန့်မှန်းတာတော့ တရုတ်အနာဂတ်ရဲ့ အခြေခံတွေနဲ့ လွဲချော်နေကြပြီ။”

 

ကိုးကား - BBC

ပုံစာ - တရုတ်လုပ်ငန်းခွင်တစ်ခု။ (Photo: Getty Images)

 

တရုတ်
တရုတ်စီးပွားရေး
ကိုဗစ် သုည
ဂျိုးဘိုင်ဒင်
တရုတ်ကွန်မြူနစ်ပါတီ

Share With
bap-logo