bap-logo
Politics

အမေရိကန်သမ္မတကတော် Jill Biden ‘ရဲရင့်သည့် အမျိုးသမီးများ’ ကို ဂုဏ်ပြု

wSECclDrv5cn35x9vAS_0-image

လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရေးဖိနှိပ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးခက်ခဲမှုများနှင့် ကျား-မရေးရား ခွဲခြားမှုများကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် "ရဲရင့်သည့် အမျိုးသမီးများ" ကို အမေရိကန်သမ္မတက‌တော် Jill Biden က အိမ်ဖြူတော်တွင် အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့သည်။

 

သင်တို့ဟာ ကိုယ်တိုင်အတွက်ရော အခြားသူတွေအတွက်ပါ ကြောက်ရွံ့မှု၊ အန္တရာယ်၊ သင်တို့ရဲ့ အသံတိတ်အောင် ကြိုးစားနေသူတွေကို ရင်ဆိုင်ရင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။Biden က ပြောသည်။

 

အပြောင်းအလဲဟာ ဘယ်တော့မှ သူ့ဘာသာ ဖြစ်မလာပါဘူး။ အမျိုးသမီးအသိုင်းအဝိုင်းမှာ စွမ်းအားတွေ ရှိပါတယ်။” ဟုလည်း ပြောသည်။

 

အမျိုးသမီး တစ်ဆယ့်နှစ်ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနမှ ဆုများ ချီးမြှင့်ခဲ့သည်။ ၎င်းဆုများကို ချီးမြှင့်ခဲ့သည်မှာ ၁၈နှစ် ရှိပြီဖြစ်သည်။ ဆုချီးမြှင့်ခံရသူများတွင် မြန်မာနိုင်ငံမှ ဥပဒေပညာရှင်တစ်ဦး၊ ဘယ်လာရုစ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး၊ အာဖဂန်နစ္စတန်မှ မသန်စွမ်း အခွင့်အရေး လှုံ့ဆော်သူတစ်ဦးနှင့် အီကွေဒေါမှ ဆရာမတစ်ဦးတို့လည်း ပါဝင်သည်။

 

ဆုချီးမြှင့်ခံရသူတစ်ဦးဖြစ်သော Martha Bzeatriz Roque Cabello မှာ သူမ၏ နိုင်ငံဖြစ်သော ကျူးဘားမှ ထွက်ခွာခွင့်မပြုသောကြောင့် တက်ရောက်နိုင်ခြင်း မရှိပေ။ သူမသည် လူ့အခွင့်အရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့်အတွက် လှုံ့ဆော်မှုများကြောင့် ဆယ်စုနှစ်ချီ၍ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နှောင့်ယှက်ထိပါးမှုများ ကြုံတွေ့ခဲ့ရသည်။

 

“Marta က ဒီနေ့ ကျွန်တော်တို့နဲ့ လူကိုယ်တိုင် မရှိနိုင်ပေမယ့် ကျွန်တော်တို့အားလုံး သူမနဲ့အတူ နေ့စဉ်ရှိနေတယ်ဆိုတာ သူမကို သိစေလိုပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောသည်။

 

နီကာရာဂွါမှ အမျိုးသမီး ကိုးဦးသည်လည်း ပထမဆုံး အမျိုးသမီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ အမည်ကို အစွဲပြုပေးအပ်သည့် Madeleine Albright အဖွဲ့လိုက် ဂုဏ်ပြုဆုကို ချီးမြှင့်ခံခဲ့ရသည်။ ၎င်းအမျိုးသမီးများမှာ လွန်ခဲ့သည့် တစ်နှစ်က လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးတွင် အပါအဝင်ဖြစ်ကာ ယခုအခါ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသည်။

 

ကိုးကား - AP

ပုံစာ - မတ်လ ၂ ရက် ၂၀၂၄ ခုနှစ် Las Vegas မြို့တွင် သေနတ်ကိုင်အကြမ်းဖက်မှု၊ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးနှင့် အခြားအကြောင်းအရာများ ဆွေးနွေးပြောကြားနေသည့် အမျိုးသမီးများကို နားထောင်နေသည့် သမ္မတကတော် Jill Biden (Photo: Steve Marcus/Las Vegas via AP)

 

Jill Biden
အမေရိကန်သမ္မတကတော်
အမျိုးသမီးများ

Share With
bap-logo