Politics
ဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာ စည်းရိုးကာရေးဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက် မီဇိုရမ် ချမှတ်
လွန်ခဲ့သော တစ်နှစ် က
နယ်စပ်ကို စည်းရိုးကာခြင်းသည် နှစ်ဘက်နေထိုင်သူ တိုင်းရင်းသားအစုအဖွဲ့များ၏ 'စိတ်ခံစားမှုနှင့် စီးပွားရေးဆိုင်ရာ နာကျင်မှု’ ဖြစ်စေမည်ဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးက ပြောသည်။
မီဇိုရမ်လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် ဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုးကာရေးနှင့် လွတ်လပ်စွာ သွားလာခွင့် ဆိုင်းငံသည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်ဟု အိန္ဒိယသတင်းဌာန PTI က ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး Amit Shah က ၎င်း၏ ဝန်ကြီးဌာနသည် အိန္ဒိယ၏ မြန်မာနှင့် လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ကို ချက်ချင်းဆိုင်းငံ့ရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုခဲ့သည်။ ၎င်းက နှစ်နိုင်ငံ နယ်စပ်ကို စည်းရိုးကာမည်ဟုလည်း ယခင်က ပြောဆိုခဲ့သည်။
“နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး ခိုင်မာသေချာစေရန်၊ မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များမှ လူဦးရေကို ထိန်းသိမ်းရန် လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ကို ဖျက်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။” ဟု Shah က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
၁၉၇၀ ခုနှစ်များက စတင်၍ ခွင့်ပြုခဲ့သော လွတ်လပ်စွာ ကူးသန်းသွားလာခွင့်သည် ၁,၆၄၃ ကီလိုမီတာ အရှည်ရှိ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ထိစပ်ရာ မီဇိုရမ်၊ နာဂလန်း၊ အာရူနာချယ်ပရာဒက်ရှ်
ပြည်နယ်များရှိ နယ်စပ်မှ ၁၆ ကီလိုမီတာအတွင်း နေထိုင်သူများ ဗီဇာမလိုအပ်ဘဲ ကူးသန်းသွားလာနိုင်ခွင့်ဖြစ်သည်
သို့ရာတွင် မီဇိုရမ်ပြည်ထဲရေးဝန်ကြီး K Sapdanga ၏ ဆုံးဖြတ်ချက်သည် ဗဟိုအစိုးရမှ ၎င်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန်၊ ဇိုတိုင်းရင်းသားများ စည်းရိုးဖြင့် ပိုင်းခြားထားခြင်းမရှိဘဲ ၎င်းတို့၏ ဘိုးဘွားမြေပေါ်တွင် နေထိုင်နိုင်ရေး လုပ်ဆောင်ရန် တိုက်တွန်းခြင်းဖြစ်သည်။
မီဇိုလူမျိုးများသည် မနီပူရ်ပြည်နယ်မှ ကူကီနှင့် မြန်မာနိုင်ငံမှ ချင်းလူမျိုးစုအနွယ်များဖြင့် ခိုင်မာသော မျိုးနွယ်ခြင်း နီးစပ်ဆက်နွယ်မှု ရှိကြသည်။
“(ယနေ့ခေတ်) မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းတောင်တန်းမှာ ရာစုနှစ်များစွာ အတူတကွ နေထိုင်ခဲ့ကြတဲ့ တခါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့တဲ့
မီဇိုရမ်မှ ဇိုရမ်လူထုလှုပ်ရှားမှု အစိုးရသည် ဒီဇင်ဘာလတွင် အာဏာရလာခဲ့ပြီး မြန်မာမှ ဒုက္ခသည်များနှင့် မနီပူရ်ပြည်နယ်မှ တိုင်းရင်းသားအကြမ်းဖက်မှုများ
ပြည်နယ်နှင့် မြန်မာ နယ်စပ်ကို စည်းရိုးကာခြင်းသည် နယ်စပ်တစ်ဘက်တစ်ချက်တွင် နေထိုင်သည့် တိုင်းရင်းအစုအဖွဲ့များကို စိတ်ခံစားချက်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်နာကျင်စေသည်ဟု ဗုဒ္ဓဟူးနေ့တွင် Sapdanga က ပြောသည်။
“နိုင်ငံတော်လုံခြုံရေးကို စိုးရိမ်တဲ့အတွက် စည်းရိုးခတ်ရတယ်ဆိုရင် ဘူတန်နဲ့ နီပေါ နိုင်ငံတကာ နယ်စပ်တွေမှာ စည်းရိုးခတ်သင့်ပါတယ်။” ဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ၎င်းအိမ်နီးချင်းနှစ်နိုင်ငံမှ အိန္ဒိယသို့ လာရောက်လည်ပတ်သူများသည် ဗီဇာ စာရွက်စာတမ်းများ မလိုအပ်ချေ။
ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည် ၃၅၀၀၀ ခန့် ပြည်နယ်အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သည်။ မေထေးနှင့် ကူကီအသိုင်းအဝန်းနှစ်ခုအကြား မေလတွင် စတင်ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားပဋိပက္ခကြောင့် မနီပူရ်ပြည်နယ်မှ ကူကီ-ဇို ၁၂၀၀၀ ခန့်လည်း မီဇိုရမ်သို့ ထွက်ပြေးခဲ့ရသည်။
ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်သည် မနီပူရ်ပြည်နယ်အစိုးရ တောင်းဆိုမှု၏ လှုံ့ဆော်ချက်ဖြစ်သည်ဟုလည်း ဗုဒ္ဓဟူးနေ့တွင် Sapdanga က စွပ်စွဲခဲ့သည်။
ကိုးကား - Scroll, The Hindu, PTI
ပုံစာ - မီဇိုရမ်ပြည်ထဲရေးဝန်ကြီး K Sapdanga (Photo: K Sapdanga Facebook)
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က