bap-logo
Data

ဖြေဆိုသူ ဆက်လက်လျော့ကျနေတဲ့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ

vTkRv_FlfRFyPU5QRVWH_-image

လွန်ခဲ့သော ၆ လ က

BAP၊ မတ် ၁၃။



အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူလျော့ကျလျှက်ရှိရာမှာ ယခုနှစ် ၂၀၂၄ မှာပြုလုပ်တဲ့ စာမေးပွဲမှာဆိုရင် ဖြေဆိုသူဦးရေဟာ ပြီးခဲ့တဲ့နှစ်ကထက် လူဦးရေ သုံးသောင်းကျော် ( ၃၃,၀၅၀ ) ဦး လျော့ကျခဲ့ပါတယ်။



ယမန်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ဖြေဆိုသူ တစ်သိန်းခြောက်သောင်းကျော် (၁၆၁,၈၅၁ ဦး) ရှိခဲ့ရာကနေ ယခုနှစ်မှာ ဖြေဆိုသူ တစ်သိန်းနှစ်သောင်းကျော် ( ၁၂၈,၈၀၁ ဦး ) သာရှိခဲ့တာပါ။



ဒါ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီပြည်မှာဆိုရင် စာစစ်ဌာနလုံးဝဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပါဘူး။



အလားတူ ရက္ခိုင့်တပ်တော်-AA နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင်လည်း စာမေးပွဲပထမနေ့မှာတင် ဖြေဆိုဖို့ ပျက်ကွက်သူ တစ်သောင်းကျော် (၁၀,၀၅၉) ဦး ရှိခဲ့ပါတယ်။



ကိုဗစ်ကပ်ဘေး နဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု မတိုင်ခင်တုန်းက တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေဟာ ၉ သိန်းကျော်အထိ ရှိခဲ့ပါတယ်။



ပုံစာ - စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့်အခြေအနေများ

စာမေးပွဲ
တက္ကသိုလ်ဝင်တန်း စာမေးပွဲ
အာဏာသိမ်းစစ်တပ်

Share With
bap-logo