Politics
လက်ဖက်ရည်ဆိုင်ထိုင်ရန်ထွက်လာသည့် စစ်ဗိုလ် နှင့် ပျူများ မိုင်းဆွဲတိုက်ခိုက်ခံရ
လွန်ခဲ့သော ၃ နှစ် က
စစ်ကိုင်း၊ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ဘောလုံးကွင်းအရှေ့ဘက်ရှိ လက်ဖက်ရည်ဆိုင် တွင်ထိုင်ရန် အပြင်ထွက်လာသည့် စစ်ဗိုလ်နှင့် ပျူစောထီးတို့ကို ယနေ့ နံနက်ပိုင်းတွင် ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။
လက်ဖက်ရည်သောက်ရန် ထွက်လာသော စစ်ကောင်စီဗိုလ်အပါအဝင် တပ်သားနှင့် ပျုစောထီး စုစုပေါင်း ၈ ဦး ကို ဒေါင်းရာဇာအဖွဲ့က မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ် သည်။
အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရှစ်ဦးအနက် လေးဦးဒဏ်ရာရရှိကြောင်းသိရသည်။
ထိုလေးဦးတွင် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်၍ သေဆုံးနိုင်ချေ ရှိကာ နောက်ထပ် နှစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာ မဟုတ်သည့် ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဒေါင်းရာဇာ အဖွဲ့တာဝန်ခံက ပြောကြားသည်။
စစ်ကိုင်း
ကန့်ဘလူ
ဒေသကာကွယ်ရေးတပ်ဖွဲ့
မိုင်း
Top News
Articles
Share With