bap-logo
Politics

PDF တပ်ရင်းနှင့် ပကဖများကို လက်နက်ပေးနိုင်ရန် စီစဉ်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

q9LTi_CDHBorqTc0BM5Gx-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ

 

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF တပ်ရင်းတိုင်းနှင့် ပကဖများကို လက်နက်တပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

 

တော်လှန်ရေးတစ်ရပ်တွင် လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အား စသဖြင့် အား () အား လိုအပ်ကာ၊ ပြည်သူထောက်ခံပါဝင်မှုဖြင့်ဆင်နွှဲနေသည့် လက်ရှိ တော်လှန်ရေးသည်လူအင်အား အနေဖြင့် လုံလောက်သည့် ပမာဏရှိကြောင်း ၎င်းကပြောသည်။

 

"ရန်ပုံငွေအင်အားအနေနဲ့လည်း ပြည်သူလူထုရဲ့ အဆက်မပြတ် ထောက်ပံ့လှူဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏတစ်ခုကို ရရှိထားပြီး ဖြစ်တယ်" ဟု ဦးရည်မွန်က ဆိုသည်။

 

ယင်းရန်ပုံငွေအင်အားကို အသုံးပြုကာ လက်နက်အင်အားကို တောက်လျှောက် ဖြည့်ဆည်းနေပြီး PDF တပ်ရင်းတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ရန်၊ ပကဖများကိုလည်း ထိုက်သင့်သည့်လက်နက်များ တိုးချဲ့ တပ်ဆင်ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရဲဘော်များကို သတင်းစကားပါးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအကြောင်းကို ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ရက် NUG ရေဒီယို အသံလွှင့် အစီအစဉ်တွင် PDF ရဲဘော်များအား နှစ်သစ်ကူးစကားပြောရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် ပြည်သူ့တွန်းလှန်စစ်၏ ဒုတိယနှစ်တွင် တော်လှန်ရေးအဆုံးအဖြတ် ရယူနိုင်သည့် အခြေခံ ကောင်းများ ရှိထားပြီဖြစ်ကြောင်းကိုလည်း " အရေးကြီးတာက တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတစ်နှစ်အတွင်း တစ်သံတည်းညီပြီး တစ်ချီတည်း ရုန်းကြဖို့ပဲ ဖြစ်လိမ့်မယ်။ ၂၀၂၃ ဟာ မြန်မာပြည်အတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်မယ် လို့ ငါတို့ ယုံကြည်တယ်" ဟု ၎င်းကဆိုသည်။

 

နွေဦးတော်လှန်ရေးအတွင်း အသက်နှင့်ဘဝများကို စွန့်လွှတ်ထားခဲ့သည့် ရဲဘော်များ၏ ရင်းနှီးပေးဆပ်မှုများ အတွက် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ဂုဏ်ပြုဦးညွှတ်ကြောင်း ထည့်သွင်း ပြောကြား သည်။

 

ထို့ပြင် စစ်မြေပြင်တွင် ကျဆုံးဒဏ်ရာရခဲ့သည့်ရဲဘော်များ၊ တော်လှန်ရေးအစလမ်းမများပေါ်တွင် သွေး မြေကျခဲ့သည့်ရဲဘော်များ၊ အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရ သည့် ညီအကိုအားလုံးသည် ပြည်သူ့သူရဲကောင်းများဖြစ်ကာ၊ ၎င်းတို့အားလုံးအားအစဉ်အမြဲ အမှတ်တရ ရှိနေမှာဖြစ်ကြောင်း ဦးရည်မွန်က ပြောသည်။

 

၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် အရေးကြီးသည့်နှစ်ဖြစ်ကာ၊ ယခုနှစ်အတွင်း တော်လှန်ရေး အဆုံး အဖြတ်ကို ရယူနိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်များကစိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်းနှင့် One Year Plan ကိုလည်း ရေးဆွဲအကောင်အထည်ဖော်နေကြောင်း သိရသည်။

 

Burma Associated Press

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဒေသကာကွယ်ရေးတပ်ဖွဲ့
အမျိုးသားညီညွတ်ရေးအစိုးရ
အာဏာသိမ်း

Share With
bap-logo