Politics
နှစ်သစ်ကူးညတွင် လောင်းလုံးရှိ ပျူစောထီးအခြေကုပ်စခန်းအား PDF တို့ ဝင်ရောက်စီးနင်း
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁
နှစ်သစ်ကူးညတွင် လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအခြေစိုက် စခန်းနှင့် နေအိမ်တို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ပျူစောထီးခေါင်းဆောင် အခြေကုပ်စခန်းနှင့် နေအိမ်တချို့ကို ဝင်ရောက်စီးနင်းရာတွင် ပျူစောထီးဝင်စာရင်း များ စစ်ရေးဗျူဟာများအပါအဝင် စစ်ကောင်စီလမ်းကြောင်းမှတ်တမ်းများ ရရှိကြောင်း ယနေ့တွင် ထုတ်ပြန်သည်။
ထားဝယ်မျိုးချစ်တပ်မတော်နှင့် ပတ်သက်သည့်စာရင်းများ၊ ၉၆၉၊ YMBA နှင့် မဘသအဖွဲ့ဝင် စာရင်းဇယားများ၊ စည်းရုံးရေးမှတ်တမ်းများ ထားဝယ်ခရိုင် ၄ မြို့နယ် ချိတ်ဆက်ဆောင်ရွက်မှု အစီရင်ခံစာများနှင့် လက်နက်လွဲပြောင်းမှတ်တမ်းများ ပသစ တံဆိပ်ပါ ပျူစောထီးယူနီဖောင်းများ အပါအဝင် တုတ်၊ ဓား၊ တူမီး သေနတ်နှင့် လက်နက်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
ပျူစောထီးအခြေကုပ်စခန်းများကို စီးနင်းဝင်ရောက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အန္တရာယ် ကင်းစွာ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။
ထို့အပြင်အဖွဲ့ကနေ အခါအားလျော်စွာ ထုတ်ပြန်သော ထုတ်ပြန်ချက်ကို လောင်းလုံးမြို့နယ်ရှိ ပြည်သူများ လိုက်နာပေးပါရန် တိုက်တွန်းထားသည်။