Local News
မြန်မာသင်္ကြန် ယူနက်စကိုရဲ့ ယဉ်ကျေးမှုစာရင်းဝင်
လွန်ခဲ့သော ၂၁ ရက် က
BAP၊ ဒီဇင်ဘာ ၅။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းထဲကို ဒီနေ့ ဒီဇင်ဘာ လ ၅ ရက်မှာ ထည့်သွင်းခံရပါတယ်။
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုညီလာခံကနေ အခုလိုကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ “အတာသင်္ကြန်ပွဲတော်”ဟာ ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်မှာ အတည်ပြုရွေးချယ်ခဲ့တာပါ။
အခုလိုစာရင်းသွင်းခံရတာကြောင့် “အတာသင်္ကြန်ပွဲတော်”ဟာ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းထဲကို ပထမဆုံး ပါဝင်လာတဲ့ မြန်မာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဖြစ်လာပါတယ်။
မြန်မာအတာသင်္ကြန်ကို မြန်မာနိုင်ငံက ၂၀၂၃ မတ်လ စပြီး ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ စတင်တင်သွင်းခဲ့တာပါ။
၂၀၂၄ ပါရာဂွေး ယူနက်စကို ညီလာခံကနေ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တုန့်ယန်းဟင်းချို၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ရိုးရာအမျိုးသမီးဝတ်စုံ၊ မလေးရှားနိုင်ငံရဲ့ အစားအစာတစ်မျိုးလည်း ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုစာရင်း(ICH) ထဲဝင်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
စင်္ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေနဲ့ ထိစပ်ပတ်သက်နေတဲ့ “ကဘာရာ” ဝတ်စုံလည်း ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုစာရင်း(ICH) သွင်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၁၁ ရက် က
လွန်ခဲ့သော ၁၁ ရက် က