bap-logo
Local News

မြန်မာတွင် ပျံ့နှံ့နေသော ရေသောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဖော်ပြမှု မှားယွင်းနေ

bP_rzmH4j0HyPF5qGrM8T-image

လွန်ခဲ့သော တစ်နှစ် က

တစ်ရက်တာအတွင်း သတ်မှတ်အချိန်များတွင် ရေသောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ အများအပြား ရရှိနိုင်သည်ဟု အွန်လိုင်းတွင် မှားယွင်းဖော်ပြနေမှုများကို ကျန်းမာရေးကျွမ်းကျင်သူ အများအပြားက ဆန့်ကျင်ခဲ့ကြသည်။ ရေအေးသောက်ခြင်းကြောင့် ကင်ဆာအန္တရာယ် မြင့်တက်လာသည်ဟု ဖော်ပြခြင်းမှာလည်း မှားယွင်းနေပြီး သိပ္ပံနည်းကျ ဖော်ပြမှု မရှိဟု ၎င်းတို့က ပြောသည်။

 

တစ်ရက်တာအတွင်း သတ်မှတ်အချိန်များ ဥပမာ "အစာမစားမီ မိနစ် ၃၀”၊ "ရေမချိုးမီ” အချိန်များတွင် ရေသောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိမည်ဟု အွန်လိုင်းပို့စ်တွင် ဖော်ပြညွှန်းဆိုထားသည်။ "ခန္ဓာကိုယ်တွင်း ကလီစာများ တက်ကြွနှိုးဆော်ပေးနိုင်ခြင်း”၊ "ကြွက်တက်ခြင်းနှင့် နှလုံးရုတ်တရက် ဖောက်ပြန်မှု”တို့ကို ကာကွယ်ပေးနိုင်သည်ဟုလည်း ဖော်ပြထားသည်။

 

အစာစားနေစဉ် ရေအေးသောက်ခြင်းသည် အဆီခဲနှင့် အဆီများ "အစာအိမ်နှင့် အူများတွင် ရွှံ့စေးကဲ့သို့ ကပ်နေပြီး အစာအိမ်က အစာမခြေနိုင်တော့ဘဲ နောက်ဆုံးတွင် အူမကြီးကင်ဆာ ဖြစ်စေနိုင်သည်" ဟုလည်း ဖော်ပြထားသည်။

 

ကျန်းမာရေးကျွမ်းကျင်သူအများအပြားက ၎င်းပို့စ်များတွင် ပါဝင်သော အချက်အလက်များကို မည်သည့် သိပ္ပံနည်းကျ သက်သေအထောက်ကမျှ မှန်ကန်သည်ဟု မထောက်ခံကြောင်း AFP ကို ပြောသည်။

 

သိပ္ပံနည်းကျ အထောက်အထားမရှိ

 

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး (CDC) စင်တာ၊ နှလုံးရောဂါနှင့် လေဖြတ်မှု ကာကွယ်ရေး ဌာနခွဲမှ ကိုယ်စားလှယ်တစ်ဦးက တစ်ရက်တာအတွင်း သတ်မှတ်ချိန်များ၌ ရေသောက်ခြင်းအားဖြင့် လူတစ်ဦး၏ နှလုံးကို အကျိုးပြုသည်ဟုလည်းကောင်း၊ ၎င်းတို့၏ သွေးတိုးမှုကို သက်ရောက်မှု ရှိသည်ဟု သက်သေအထောက်အထား မရှိဟု AFP ကို ပြောသည်။

 

ရေကို အချိန်နဲ့ သောက်ခြင်းကြောင့် နှလုံးသွေးကြောတွေကို သက်ရောက်မှုရှိတယ်ဆိုတာ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။” ဟု ၎င်းကိုယ်စားလှယ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အီးမေးလ်ဖြင့် ပြောသည်။

 

မနီလာဆရာဝန်များဆေးရုံမှ နှလုံးအထူးကု Anthony C. Leachon က "ဖော်ပြထားတာတွေက မှားနေတယ်။ သိပ္ပံနည်းကျလည်း မဟုတ်ဘူး။ အန္တရာယ်ကို မသိတဲ့ ပြည်သူတွေအတွက် ရှုပ်ထွေးမှုမဖြစ်ပေါ်စေဖို့ ကျွန်တော်တို့ ဒီလို ပြောဆိုတာတွေကို မယုံကြည်ဖို့ လိုတယ်။" ဟု မှားယွင်းဖော်ပြမှုအပေါ် တုန့်ပြန်ခဲ့သည်။

 

ကင်ဆာဖြစ်နိုင်သည်ဟု ဖော်ပြချက်

 

ရေအေးသောက်ခြင်းဖြင့် ကင်ဆာဖြစ်စေသည်ဟူသော သက်သေအထောက်အထား မရှိကြောင်း ကင်ဆာကောင်စီ ဩစတြေးလျမှ ကင်ဆာထိန်းချုပ်ရေးမူဝါဒ ညွှန်ကြားရေးမှူး Megan Varlow က AFP ကို ပြောသည်။

 

အေးတဲ့ အဖျော်၊ ယမကာတွေကို သောက်သုံးတဲ့အခါ အရည်တွေက ခန္ဓာကိုယ်အပူချိန်အတိုင်း လျင်မြန်စွာ ပူနွေးသွားပါတယ်။ ခန္ဓာကိုယ်က အစားအစာကို ခြေဖျက်ရာမှာ ဆိုးရွားစွာ ထိခိုက်စေတဲ့ သက်ရောက်မှု မရှိပါဘူး။ဟု Varlow က ဇန်နဝါရီလ ၂၄ ရက်တွင် အီးမေးလ်ဖြင့် ပြောသည်။

 

ကင်ဆာဖြစ်စေသည်ဆိုသည့် ဖော်ပြချက်ကို မည်သည့် သိပ္ပံနည်းကျ သက်သေအထောက်အထားကမျှ မထောက်ခံပါ။” ဟု US CDC မှ ကင်ဆာကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနခွဲက AFP ကို ဇန်နဝါရီလ ၂၄ ရက်တွင် ပြောသည်။

 

ကိုးကား - AFP

ပုံစာ - ဇန်နဝါရီလ ၂၉ ရက် ၂၀၂၄ ခုနှစ်တွင် မှားယွင်းဖော်ပြထားသော ပို့စ်ကို screenshot ယူထားပုံ။

 

မြန်မာ
ရေ
ကျန်းမာရေး
အွန်လိုင်း

Share With
bap-logo