bap-logo
Politics

ရန်ကုန်မြို့ ညအချိန်တွေမှာ လူငယ်တွေ မကြာခဏ ဖမ်းဆီးခံနေရ

O3ykJNjSe91zpGMannhOm-image

လွန်ခဲ့သော ၁၂ ရက် က

BAP၊ ဒီဇင်ဘာ ၁၄။

 

ရန်ကုန်မြို့က မြို့နယ်အချို့မှာ ညပိုင်းအချိန် လူငယ်တွေ ဖမ်းဆီးခံနေရတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်နေတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူအချို့က ပြောပါတယ်။

 

သာကေတ၊ ဒေါပုံ၊ ​တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စတဲ့ ဆင်​ခြေဖုံး မြို့နယ်အချို့မှာ လူငယ်တွေ ညပိုင်းအချိန်ဖမ်းဆီးခံနေရတယ်လို့ ရပ်ကွက်နေသူအချို့ဆီက သိရပါတယ်။

 

ည ၉ နာရီဝန်းကျင်အချိန်လောက်ကစပြီး စစ်တပ်နဲ့ရဲနဲ့အရပ်ဝတ် ဝတ်ဆင်ထားသူတွေဟာ မှောင်ရိပ်ထဲကနေပုန်းခိုပြီး လူငယ်တွေကို ခေါ်ဆောင်သွားကြတယ်လို့ သာကေတမြို့နေသူတွေက ပြောပါတယ်။

 

"အဲဒီလို ဆွဲနေတာ ၅ရက်လောက်ရှိပြီ၊ သာ​တေအဝိုင်းနဲ့ ၈ ဂိတ်မှတ်တိုင်နားမှာဆွဲ​​နေတာ၊ ကားပေါ်တခါတည်းခေါ်သွားတယ်၊ ခုနောက်ပိုင်းလူငယ်တွေညအပြင်မထွက်ရဲတော့ဘူး "လို့ သာကေတမြို့နယ်နေသူတဦးက ပြောပါတယ်။

 

ဒီလိုဖမ်းဆီးနေတာဟာ စစ်မူထမ်းအတွက်လား မသင်္ကာလို့ဖမ်းဆီးစစ်ဆေးနေတာလားဆိုတာကို မသိရသေးဘူးလို့ ကြုံ​တွေ့​နေရတဲဲ့ မြို့နယ်မှာ နေသူတွေက ပြောပါတယ်။

 

လူငယ်အချို​့ကို ဖမ်းဆီးပြီး ဖုန်းစစ်တာမျိုးတွေပြုလုပ်သလို အချို့ကို ငွေတောင်းပြီး ပြန်လွှတ်ပေးတာမျိုးလည်းရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ မရမ်းကုန်းမြို့နယ်နေသူတဦးက ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေတာမျိုးရှိနေပြီး စစ်မူမထမ်းရဖို့ ရပ်ကွက်ရုံးတွေကို ငွေပေးရတာမျိုးတွေလည်းရှိနေတယ်လို့ ရပ်ကွက်နေသူအချို့ဆီက သိရပါတယ်။

 

အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မဆို စစ်မှုထမ်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့ အထွေထွေအုပ်ချုပ်ရေးရုံးကညွှန်ကြားတာမျိုးလည်းရှိနေတာကြောင့် လူငယ်​တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်က ဒေါပုံမြို့နယ်၊ ဒေါပုံတံတားဟောင်း ဂျပန်တံတားဘေး ပန်းခြံလုပ်ထားတံတားဟောင်းအနီးမှာ အမျိုးသား ၃ဦး ဖမ်းဆီးခေါ်ဆောင်တာခံနေရတယ်လို့ ဒေါပုံမြို့နေသူတွေက ပြောပါတယ်။

 

မြို့နယ်အချို့မှာ စစ်မှုထမ်းဖို့ လူငယ်​တွေကို တစ်နှစ်စာစုဆောင်းထားပေမယ့် လူစားရင်းပါဝင်သူတွေ ရှောင်ပြေးနေတာကြောင့် နောင်လာမယ့် စစ်မှုထမ်းအပတ်စဉ်​တွေအတွက် ကြိုတင်စုဆောင်းနေတာလို့ ရပ်ကွက်ရုံးနဲ့နီးစပ်သူအချို့က ပြောပါတယ်။

 

"စစ်မူထမ်းအတွက်ကတနှစ်စာ လူစားရင်းရပြီးသား၊ ဘာအတွက်ဖမ်းနေတာလဲမသိရဘူး၊ အချို့လူငယ်တွေက ရခိုင်တို့ရှမ်းဖက်က စစ်ရှောင်လာသူတွေလည်း ပါသွားတယ်ပြောကြတယ်၊ ညအချိန်မထွက်ရဲ​ကြဘူး"လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

 

စစ်မှုထမ်းသင်တန်းပေးနေတာ အပတ်စဥ် ၆အထိရောက်နေပြီး စစ်မှုထမ်းအမှတ်စဥ်တစ်ခုကို လူ ၅ထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အား ၅ သောင်း ခေါ်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူက နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောထားတာရှိပါတယ်။

 

Burma Associated Press

 

ဖမ်းဆီး
စစ်ကောင်စီ
ရန်ကုန်
လူငယ်

Share With
bap-logo