bap-logo
Data

AA နဲ့တိုက်တဲ့တိုက်ပွဲမှာ သေဆုံးဖမ်းဆီးခံရတဲ့ ဗျူဟာမှူးအဆင့်နဲ့အထက် စစ်အရာရှိကြီး ၈ ဦး ထက်မနည်းရှိလာ

S2qi1-5TbEqzT6vin_850-image

လွန်ခဲ့သော ၄ ရက် က

 

BAP၊ ဒီဇင်ဘာ ၂၂။

 

ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသမှာ အာရက္ခတပ်တော်-AA နဲ့ စစ်ကောင်စီတို့အကြားတိုက်ပွဲတွေမှာ စစ်တပ်ဘက် ကနေ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗျူဟာမှူးအဆင့်နဲ့အထက် ဖမ်းဆီးသေဆုံးခဲ့တဲ့ စစ်အရာကြီး ၇ ဦး ထက်မနည်းရှိလာနေပါပြီ။

 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရတဲ့ ဒီဇင်ဘာလ ၂၀ ရက်ထိ BAP က လက်လှမ်းမီ သလောက် စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်မကပိုနေနိုင်ပါတယ်။

 

BAP က စုစည်းတဲ့မှတ်တမ်းတွေအရ ချင်းပြည်နယ်၊ ပလက်ဝဒေသမှာ နူးဘူးဗျူဟာမှုး ဒုတိယဗိုလ်မှူးကြီး ဗညားပိုင်စိုး ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသေရရှိခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ဗျူဟာမှုး ဗိုလ်မှူးကြီး မျိုးမင်းကိုကိုနဲ့ ခလရ (၂ဝ၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်တို့ကို ယခုနှစ် မတ်လနဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး အခုနှစ် ဒီဇင်ဘာလ မောင်တောမြို့မှာ အသေရရှိခဲ့ပါတယ်။

 

သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှုအနေနဲ့ဆိုရင် အခုနှစ် ဇန်နဝါရီလ ကျောက်တော်မြို့နယ်မှာ ဒုတိယဗိုလ်မှူးကြီး ညီညီဝင်း၊ မောင်တောမှာ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အမ်းမြို့နယ်မှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဒီဇင်ဘာလ တွေမှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ အမ်း စတဲ့ ၁၃ မြို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားပါတယ်။

 

ဓာတ်ပုံ-AA info desk

Burma Associated Press

 

စစ်ကောင်စီ
ရခိုင့်တပ်တော်
ရခိုင်
ပလက်ဝ

Share With
bap-logo