Crime
မှော်ဘီအရက်ချက်စက်ရုံ မီးလောင်မှု ၁၆ နာရီကြာ မီးငြိမ်းသတ်ရ
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ( ၄) လမ်းမကြီးပေါ်ရှိ Grandroyal အရက်ချက်စက်ရုံမီးလောင်ကျွမ်းမှုကိုငြိမ်းသတ်ရာတွင် ၁၆ နာရီကျော်ကြာ မီးငြိမ်းသတ်ရကြောင်း မီးသတ်ဦးစီး ဌာနထံမှ သိရသည်။
ယမန်နေ့ နေ့လယ် ၃ နာရီကျော်ကစတင်လောင်ကျွမ်းသောမီးသည် ယနေ့ ဇန်နဝါရီ ၁၄ ရက် မနက် ခုနှစ်နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို အဆင့် ၃ သတ်မှတ်ပြီး မီးသတ်ဝန်းထမ်းပေါင်း ၅၀၀ ကျော်နှင့် မီးသတ်ယာဥ် အစီးရေ ၆၀ ကျော် အသုံးပြုကာ မီးငြိမ်းသတ်ရခြင်းဖြစ်သည်။
အရက်ချက်စက်ရုံမီးလောင်ကျွမ်းမှုကိုငြိမ်းသတ်ရာတွင် ပေါက်ကွဲမှုကြောင့် မီးသတ်ဝန်ထမ်းများနှင့် ကူညီ ကယ်ဆယ်ရေးဆောင်ရွက်သူ ဆယ်ချီထိခိုက်ဒဏ်ရရပြီး အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
လက်ရှိတွင်မူ အရက်ချက်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်စဥ်အသေးစိတ်ကို မသိရှိရသေးသည့်အပြင် ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်လျက်ရှိကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အရက်ဆီဂါလံ ငါးသောင်းဆန့် Tank သုံးလုံးနှင့် အရက်ဆီ လီတာ နှစ်သောင်းဆန့် Tank ခြောက်လုံးအပါအဝင် ဂိုဒေါင်သုံးလုံး မီးလောင်ကျွမ်းသွားကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ Grandroyal အရက်ချက်စက်ရုံသည် International Beverages Trading Company ( IBTC) ကုမ္ပဏီ လက်အောက်တွင်ရှိပြီး ကုမ္ပဏီဥက္ကဋ္ဌမှာ ဟံသာဝတီဘောလုံးကလပ်ပိုင်ရှင် ဦးအောင်မိုးကျော် ဖြစ်သည်။
ဓာတ်ပုံ- Myanmar Fire Services Department
Burma Associated Press