Crime
လှိုင်မြို့နယ်၌ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွား ဓာတ်ငွေ့ရှုမိသူများ မူးမေ့လဲကျမှုဖြစ်
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန်၊ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ စက်ရုံတစ်ခုမှ အမိုးနီးယား ယိုစိမ့်မှုကြောင့် ဓာတ်ငွေ့ပျံ့လွှင့်မှု ဖြစ်ပေါ်ခဲ့ပြီး ယင်းဓာတ်ငွေ့ရှုမိသူများမူးဝေလဲကျ ဖြစ်စဉ်များရှိနေကြောင်း အ ဆိုပါ နေရာအနီး နေထိုင်သူများထံမှ သိရသည်။
ဖြစ်စဉ်ကြောင့် အုတ်ကျင်းဘူတာရုံလမ်း၊ အရှေ့ပေ ၅၀ လမ်းပိုင်းရှိပြည်သူများ မူးလဲဲဲဲခြင်း ၊ မျက်လုံး စပ်ခြင်း၊ အသက်ရှူကြပ်ခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ပျံ့လွှင့်နေသည့် ဓာတ်ငွေ့အား ရှူရှိုက်မိပြီး မူးမေ့ လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အနံက တအားဆိုးတယ် ။ ဘယ်လိုမှ နေလို့မရလို့ တခြားနေရာသွားနေဖို့ လုပ်နေရတယ် ။ ည အိပ်နေတုန်း ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေမှာစိုးလို့။ အခုကို မျက်နှာတွေရော နှုတ်ခမ်းတွေရော ပူနေတယ် " ဟု ဖြစ်စဉ်ဖြစ်ပွားသည့် အုတ်ကျင်းဘူတာရုံလမ်း အနီးတွင်နေထိုင်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အနီးဝန်းကျင်အနီး အနံ့ဆိုးများ ပြန့်နှံ့လျက်ရှိပြီး မခံမရပ်နိုင်အောင် ဆိုးရွား လျက်ရှိကြောင်း ဆိုသည်။
" ရုံးမှာ အိပ်တဲ့ ဝန်ထမ်းလဲ အနံ့ရလို့တဲ့။ မာလာမြိုင် ၁ ၊ ၂ မှာ လူတွေ မူးလဲကြတယ် ။Ambulance ကားတွေ လူတွေ လမ်းမှာ ပြည့်နေရောပဲ" ဟု ဖြစ်စဉ်အနီး ပါရမီကွန်ဒို၌ နေထိုင်သူ တစ်ဦးကပြောသည်။
လက်ရှိတွင် အဆိုပါ စက်ရုံမှထွက်ရှိလာသော အမိုးနီးယားဓာတ်ငွေ့ကို မီးငြှိမ်းသတ်ယာဥ် ၈ စီးဖြင့် ရေဖြန်း လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ ။ လူမှုကွန်ယက်