Politics
NUG စိုးမိုးနယ်မြေများမှ လေယာဉ်ဆီသယ်ပါက ဖမ်းဆီးထိန်းသိမ်းမည်
လွန်ခဲ့သော တစ်နှစ် က
BAP၊ နိုဝင်ဘာ ၁၉။
အမျိုသားညီညွတ်ရေးအစိုးရ-NUG စိုးမိုးနယ်မြေအသီးသီးတွင် လေယာဉ်ဆီ သယ်ပါက ဖမ်းဆီး ထိန်းသိမ်းမည်ဟု ယနေ့ အသိပေးလာသည်။
“သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့ စိုးမိုး နယ်မြေဒေသ အသီးသီးရှိ မြို့နယ်များတွင် ဖြတ်သန်းသွားလာသည့် စက်သုံးဆီ ယာဉ်များကို အခွန်ကောက်ခံရန် စစ်ဆေးရာ၌ လေယာဉ်ဆီ ပါဝင်ခြင်း ရှိ/မရှိကို သေချာစွာ စစ်ဆေး ကြည့်ရှုပြီးမှသာ ခွင့်ပြုရန်နှင့် တွေ့ရှိပါက ဖမ်းဆီး ထိန်းသိမ်း ထားပြီးအရေးယူရန်” ဟု ဖော်ပြထားသည်။
လေယာဉ်ဆီကို သယ်ယူ ပို့ဆောင်ခြင်း ဆောင်ရွက်ပါက အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ အရ ပြင်းထန်စွာ အရေးယူမည် ဖြစ်သည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ညွှန်ကြားချက်ကို သိရှိ လိုက်နာ ပြီး တော်လှန်ရေး အင်အားစုများနှင့် အတူ ပူးပေါင်း ဆောင်ရွက်ရန်လည်းတိုက်တွန်းထားသည်။
စစ်ကောင်စီက အရပ်သားပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့သည့် ပဇီကြီး၊ အနန့်ပါ၊ ထီးချိုင့် စသည့် ဖြစ်စဉ်များတွင် ကလေး၊ လူငယ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်များပါမကျန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ တော်လှန် ရေး အင်အားစုများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်စေရန် လေယာဉ်ဆီ သယ်ယူ ပို့ဆောင် နေသော သီလဝါ ဆိပ်ကမ်း နှင့် အခြားနယ်စပ်ဂိတ်များမှတဆင့် သယ်ယူ ဖြန့်ဖြူးခြင်းကို မြန်မာတနိုင်ငံလုံး အနှံ့ တားမြစ် ပိတ်ပင်သည့်အတွက် သယ်ယူ ပို့ဆောင်ခြင်း လုံးဝ ခွင့်မပြုရန်ဟု တားမြစ်လိုက်ခြင်းဖြစ်သည်။
ပုံစာ - ကရင်နီဒေသတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီလေယာဉ်တစင်း
Top News
လွန်ခဲ့သော ၄ နာရီ က
လွန်ခဲ့သော ၄ ရက် က