bap-logo
Politics

UN နှင့် INGO ဝန်ထမ်း နှစ်ရာကျော်ကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့

pDFWPCpAmYg8AHRsQMVxc-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ နိုဝင်ဘာ ၁၈။

 

ကယား(ကရင်နီ)၊ လွိုင်ကော်မြို့အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ-UN နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့- INGOs ဝန်ထမ်း ၂၂၈ ဦးကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ- NUGနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IECက ပူးတွဲ ထုတ်ပြန်သည်။

 

UN INGOs ဝန်ထမ်းများနှင့် မိသားစုဝင်များ လိုက်ပါသော မော်တော်ယာဉ် (၃၃) စီးပါ ယာဉ်တန်းကို လွိုင်ကော်မြို့မှ တောင်ကြီးမြို့သို့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုံက စစ်ဆင်ရေးမှူးများ၊ IEC နှင့် NUG တို့ ညှိနှိုင်း၍ ပစ်ခတ်မှုကို လျှော့ချက ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။

 

UN နှင့် INGO ဝန်ထမ်းများ ထွက်ခွာနိုင်သော်လည်း လွိုင်ကော်မြို့တွင် ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိ နေဆဲဖြစ်ကာ အန္တရာယ်ဇုန်အတွင်း ရှိနေကြဆဲ ဖြစ်သည်ဟု အသိပေးထားသည်။

 

ထို့အပြင် စစ်ဘေးရှောင်နေကြရသည့် ပြည်သူဦးရေ (၃၅,၀၀၀) ကျော်အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများလည်း အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။

 

ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည်ဟုလည်း NUG နှင့် IEC က တိုက်တွန်းထားသည်။

 

ပုံစာ- ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကရင်နီစစ်ရှောင်တစ်ဦးကို တွေ့ရစဉ်

ဓာတ်ပုံ-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

 

Burma Associated Press

 

UN
INGOs
NGO
ကယား(ကရင်နီ)

Share With
bap-logo