bap-logo
Politics

နျူကလီးယားစွန့်ပစ်ရေများ စွန့်ပစ်ပြီးနောက် တရုတ်ရှိ ဂျပန်နိုင်ငံသားများ နှိမ့်ချနေထိုင်ရန် သံရုံးသတိပေး

qnegag0Bfkz6dZ0hRcDcP-image

လွန်ခဲ့သော တစ်နှစ် က

ပျက်စီးနေသော ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေများ ပစိဖိတ်သမုဒ္ဒရာ တွင်းသို့ စွန့်ပစ်မှုကြောင့် တရုတ်က ဂျပန်ကို ပြစ်တင်ပြောကြားပြီးနောက်ပိုင်း တရုတ်တွင် နေထိုင်သော ဂျပန်နိုင်ငံသားများ နှိမ့်ချနေထိုင်ရန် ဂျပန်က သတိပေးခဲ့သည်။

 

ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ဘေးကင်းကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ဂျပန်၏ ရေစွန့် ထုတ်မှုသည် တကိုယ်ကောင်းဆန်ကြောင်း၊ ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေး ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံပိုင်မီဒီယာများမှ ဖော်ပြခဲ့ကြသည်။

 

ကြာသပတေးနေ့က ရေစွန့်ထုတ်မှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက ဂျပန်နိုင်ငံမှ ပင်လယ်စာများအပါအဝင် ရေထွက်ပစ္စည်းများ တင်သွင်းမှု အလုံးစုံကန့်သတ်ခြင်းကို ကြေငြာလိုက်သည်။ ၎င်းကဲ့သို့ ကြေငြာလိုက်ခြင်းဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းချီ တင်းမာမှုများရှိသည့် ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

 

အပြင်ထွက်လျှင် မလိုအပ်ဘဲ ဂျပန်စကား ကျယ်လောင်စွာ ပြောဆိုခြင်း မပြုခြင်း စသည်တို့ကို သတိပြုရန်” သံရုံးက သောကြာနေ့တွင် ဝက်ဘ်ဆိုက်မှ သတိပေးချက် ထုတ်ပြန်ထားသည်။

 

သံရုံးသို့ လာရောက်ရန် ရှိပါကသံရုံးဝန်ကျင်ကိုလည်း အာရုံစိုက် ဂရုပြုရန်” အကြံပြုထားသည်။

 

ကြာသပတေးနေ့က ရေစွန့်ထုတ်မှုဆန့်ကျင်သည့် လူဦးရေး ရာဂဏန်းကလမ်းများပေါ်တွင် ချီတက်ခဲ့ကြပြီး နောက် တရုတ်အုပ်ချုပ်နေသည့် ဟောင်ကောင်ဆိုင်ရာ ဂျပန်ကောင်စစ်ဝန်ရုံးကလည်း ရေစွန့်ပစ်မှုနှင့် ဆက်စပ်သည့် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

 

သို့သော် ဟောင်ကောင်ရှိ ဆူရှီစားသောက်ဆိုင်များတွင် ရှည်လျားစွာ တန်းစီနေကြသူများက စိုးရိမ်ရန်မရှိ ကြောင်းနှင့် ဂျပန်စားသောက်ဆိုင်များကို ဆက်လက်သွားရောက်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များကို ထေက်ခံနေခြင်းဖြစ်သည်။

 

တောင်ကိုရီးယားတွင် ဂျပန်သံရုံးအနီး ချီတက်ရန် အစီအစဉ် တစ်ခုကြောင့် သံရုံးက ၎င်း၏ နိုင်ငံသားများကို "သတိထား ပြုမူကြရန်” နှင့် "မလိုလားအပ်သော ပြဿနာများ” ရှောင်ကြဉ်ကြရန် သတိပေးချက်ထုတ် ပြန်ထားသည်။

 

ကြာသပတေးနေ့တွင် တောင်ကိုရီးယားရဲတပ်ဖွဲ့က ဆိုးလ်မြို့ရှိ ဂျပန်သံရုံးအတွင်း ဝင်ရောက်လာသူ ဆန္ဒဖော်ထုတ်သူ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - ဩဂုတ်လ၊ ၂၅ ရက်၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ပင်လယ်စာဈေးမှ ဆိုင်ခန်းတစ်ခန်းမှ ဈေးရောင်းသူတစ်ဦး။ (Photo: REUTERS/Aly Song)

 

တရုတ်
ဂျပန်
နူကလီးယား ဓာတ်အားပေးစက်ရုံ
စွန့်ပစ်ရေ
ဖူကူရှီးမား
ပစိဖိတ်သမုဒ္ဒရာ

Share With
bap-logo