bap-logo
Politics

အိန္ဒိယနှင့် တရုတ် နယ်စပ်တင်းမာမှုလျှော့ချရေး ပိုမိုအားထုတ်မည်

gU1WRtKx8pT8Rn7Ea9FnI-image

လွန်ခဲ့သော တစ်နှစ် က

နယ်စပ်အငြင်းပွားမှုများကို လျှော့ချရန် ပိုမိုအားထုတ်မည်ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နှင့် တရုတ်ခေါင်းဆောင် Xi Jinping တို့၏ ရှားပါးသော မျက်နှာချင်းဆိုင်တွေ့ဆုံမှုအပြီး သဘောတူညီ ခဲ့ကြသည်။

 

Modi နှင့် Xi သည် Johannesburg မြို့တွင် ကျင်းပနေသော ‌BRICS ထိပ်သီးအစည်းအဝေး(Brazil, Russia, India, China, and South Africa) တွင် သီးခြားတွေ့ဆုံခဲ့ကြသည်ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Vinay Kwatra က သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားသည်။

 

အိန္ဒိယနှင့် တရုတ်တို့၏ ခေါင်းဆောင်များ မျက်နှာချင်းဆိုင်တွေ့ဆုံမှုမှာ ရှားပါးသော ဖြစ်စဉ်ဖြစ်သည်။

 

နယ်စပ်အငြင်းပွားမှုသည် အိန္ဒိယနှင့် တရုတ်အကြား ကာလရှည်ကြာ ကွဲလွဲမှုဖြစ်စေသော အကြောင်းရင်းဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားစေခဲ့ကာ တရုတ်က အနိုင်ရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရေရာမှုမရှိသော တရားဝင်မဟုတ်သည့် လက်တွေ့သတ်မှတ်ချက်ဖြင့် လက်ရှိ ထိန်းချုပ်မှု မျဉ်းကြောင်း Line of Actual Control (LAC) က နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကို ပိုင်းခြားထားခဲ့သည်။

 

“Modi က နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အလေးထားကြောင်း၊ LAC ကို လိုက်နာ လေးစားခြင်းသည် အိန္ဒိယ-တရုတ် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် မရှိမဖြစ် လိုအပ်ကြောင်းKwatra က ပြောကြားသည်။

 

သောကြာနေ့က ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး က နှစ်နိုင်ငံခေါင်းဆောင်များသည် အခြားအရေးကိစ္စများအပါအဝင် "လက်ရှိ တရုတ်-အိန္ဒိယဆက်ဆံရေး အပေါ် ပွင့်လင်းစွာဆွေးနွေး၍ အမြင်ဖလှယ်ခဲ့ကြောင်း” ဖော်ပြထားသည်။

 

သမ္မတ Xi က တရုတ်-အိန္ဒိယဆက်ဆံရေး တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံနှင့် လူထုအကျိုးစီးပွားကို မြှင့်တင်ရာရောက်သည်ဟု အရေးပေးပြောကြားကြောင်းလည်း ဖော်ပြထားသည်။ "နှစ်နိုင်ငံ ဆက်ဆံရေး၏ အထွေထွေ အကျိုးစီးပွားနှင့် နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး ပူးတွဲ ထိန်းသိမ်းရန်အတွက် စနစ်တကျ ကိုင်တွယ်ရန် နှစ်ဘက်လုံးက ဂရုပြုသင့်ကြောင်း” ဆက်လက် ဖော်ပြထားသည်။

 

အိန္ဒိယနှင့် တရုတ်တို့၏ နယ်စပ်အရေးဖြေရှင်းရန် ၁၉ ကြိမ်မြောက် ဆွေးနွေးမှုများအပြီး ၎င်းတို့၏ မသင့်မြတ်သည့် ဆက်ဆံရေးကို ပြင်ဆင်ရန် ခြေလှမ်းတစ်ခုအဖြစ် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

အနောက်ဘက်ဒေသရှိ LAC တလျှောက် ကျန်ရှိနေသော အရေးကိစ္စများကို ဖြေရှင်းရန် နှစ်ဘက်လုံးမှ အကောင်းမြင်ပြီး အပြုသဘောဆောင်သည့် အတွင်းကျကျဆွေးနွေးမှုများ နှစ်ဘက်လုံးက ပြုလုပ်ခဲ့ကြောင်း” အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Modi နှင့် Xi တို့သည် ယမန်နှစ် စက်တင်ဘာက ဥဇဘက်ကစ္စတန်တွင် ကျင်းပခဲ့သော ရှန်ဟိုင်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့အစည်း Shanghai Cooperation Organization (SCO) ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ကြသော်လည်း သံတမန်ရေးအရ တွေ့ဆုံမှု မပြုခဲ့ကြပါ။ ရက်သတ္တပတ်အတန်ကြာတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပသော G20 အစည်းအဝေးတွင် ခတ္တမျှ သီးခြားတွေ့ဆုံခဲ့ကြသည်။

၂၀၂၀ ခုနှစ် Aksai Chin-Ladakh တွင် ပြင်းထန်သော ပဋိပက္ခဖြစ်ပွားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ဆိုးရွားလာခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက အိန္ဒိယ အရှေ့မြောက်ဒေသ Tawang တွင် နှစ်ဘက် တပ်ဖွဲ့များ အချင်းများမှု မြင့်တက်လာခဲ့ပြီး အသေးစား ထိခိုက်မှုများ ရှိခဲ့သည်။

 

ဧပြီလတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို နှစ်ဘက်မျှဝေထားသည့် နယ်စပ်အရေးသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေး "တစ်ခုလုံးကို ဆုတ်ယုတ်လျော့ပါး စေသည် ဟု ပြောကြားခဲ့သည်။

 

၂၀၂၀ ခုနှစ် ပဋိပက္ခပြီးနောက် အိန္ဒိယက တရုတ်ခြိမ်းခြောက်လာမှုအန္တရာယ်ကို တန်ပြန်ရန် "အချုပ်အခြာနှင့် တည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်မှု" ဟုဆိုကာ TikTok နှင့် အခြား လူသိများသော တရုတ် app များကို ပိတ်ဆို့ခြင်းအပါအဝင် ခြေလှမ်းများ ပြင်ဆင်လာခဲ့သည်။ တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီးများဖြစ်သည့် ဟွာဝေးနှင့် ZTE တို့၏ 5G ကွန်ရက် ဝန်ဆောင်မှု များကိုလည်း ပိတ်ပင်ခဲ့သည်။

 

မကြာသေးမီကပင် နှစ်နိုင်လုံးက ၎င်းတို့၏နယ်မြေများရှိ မြေပြင်မှ အသိအမှတ်ပြုမှု နည်းပါးသည့် သို့မဟုတ် မရှိသည့် ဂျာနယ်လစ်များကို အရေးယူဖြိုခွင်းလာခဲ့သည်။

 

နှစ်နိုင်ငံလုံးတွင် အမျိုးသားရေးမြင့်တက်လာစဉ်တွင်ပင် တရုတ်၏ ယုံကြည်အားကောင်းသည့် အပြုအမူများ တိုးမြင့်လာခြင်းကို စိုးရိမ်မှုကြောင့် တရုတ်ကိုတန်ပြန်ရေးအဖြစ် အများစုက ရှုမြင်ကြသည့် ဂျပန်၊ အမေရိကန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ ပါဝင်သည့် လေးနိုင်ငံလုံခြုံရေးဆွေးနွေးမှု ( Quad ) အပါအဝင် အိန္ဒိယနှင့် အမေရိကန်ဆက်ဆံရေး အားကောင်းလာစေခဲ့သည်။

 

ယခုနှစ်အစောပိုင်းက Himalayan ဒေသတွင် အိန္ဒိယက လက်ခံကျင်းပသော G20 ခရီးသွားလုပ်ငန်း အစည်းအဝေးကို တရုတ်က "အငြင်းပွားနယ်မြေတွင် ကျင်းပသော G20 အစည်းအဝေးမှန်သမျှ" ကို ဆန့်ကျင်ကြောင်း ဖော်ပြ၍ သပိတ်မှောက်ခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံလုံးက အငြင်းပွားနေသည့် Kashmir ဒေသတစ်ခုလုံးကို ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်တောင်းဆိုထားကြသည်။

 

ယခုနှစ် SCO ကို လက်ခံကျင်းပရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် Modi နှင့် Xi တို့ မျက်နှာချင်းဆိုင်တွေ့ဆုံရန် ရည်ရွယ်ထားခြင်း မရှိပေ။ Xi သည် လာမည့်လ နယူးဒေလီတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည်ဟု မျှော်လင့်ရသည်။

 

ကိုးကား - CNN

ပုံစာ -ဩဂုတ်လ ၂၄ ရက် တောင်အာဖရိကနိုင်ငံ Johannesburg မြို့တွင် ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးမှ တရုတ်ခေါင်းဆောင် Xi Jinping တောင်အာဖရိက သမ္မတ Cyril Ramaphosa နှင့် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi (Photo: BRICS/Anadolu Agency/Getty Images)

 

အိန္ဒိယ
တရုတ်
မိုဒီ
Xi Jinping

Share With
bap-logo