Politics
လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ အမြန်ဆုံးနေရပ်ပြန်ရန် MNDAA သတိပေး
လွန်ခဲ့သော တစ်နှစ် က
ရှမ်း၊ နိုဝင်ဘာ ၁၈။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုမြို့ရှိ တရုတ်နိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်ရန်နှင့် အခြား အရပ်သားများ သည်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် တပ်စခန်းများမှ အမြန်ဆုံးထွက်ခွာရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့အသိ ပေးလာသည်။
လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးသည် စစ်မြေပြင်များဖြစ်သည့် အတွက် ကြောင့် စစ်ကောင်စီ၏ ပစ်ခတ် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာမပြောင်း ရွှေ့ကြရန်လည်း တိုက်တွန်းထားသည်။
အထက်ပါ အသိပေးချက်များကို အလေးထားလိုက်နာပေးပါရန် ၊ ကျိုးဖောက် ပါက မိမိကိုယ်တိုင် တာဝန်ယူ ရမည်ဟုလည်း အသိပေးထားသည်။
ပုံစာ - ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအကြားတွင် ပိတ်မိနေသည့် တရုတ် အလုပ်သမား ၁၂ ဦးကို MNDAA က တရုတ်ထံ နိုဝင်ဘာ ၁၇ ရက်က နေရပ် ပြန်ပို့စဉ် (The Kokang)
ကိုးကန့်
တရုတ်
လောက်ကိုင်
ကိုးကန့်တပ်
Share With