bap-logo
Politics

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆောထိမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူများ စစ်ဘေး ရှောင်နေရ

p7nyA-kC5EypU5X-wsA2u-image

လွန်ခဲ့သော ၂ နှစ် က

ကရင်၊ ဖေဖော်ဝါရီ ၁၄။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက် နှင့် ၁၂ ရက်များတွင် ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်၏ ခမရ-၂၀သည် ကေအဲန်ယူ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီ ထူခရိုင်တပ်မဟာ (၃)၊ ဆောထိမြို့နယ်အတွင်းသို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်မှု ကြောင့်ကျေးရွာ ၃ ရွာမှ ပြည်သူများရွာလုံး ကျွတ်စစ်ဘေးရှောင်နေရကြောင်း KNU က ထုတ်ပြန်ထား သည်။

 

အဆိုပါပစ်ခတ်မှုကြောင့် ညောင်ပင်ကြီးရွာ၊ ညောင်ပင်ကြီးရွာသစ်နှင့် သက်တူးကုန်းကျေးရွာမှ ပြည်သူ ၁၂၄၃ ဦး သည် ကျေးရွာများတွင်မနေရဲကြသဖြင့် အနီးအနားရှိကျေးရွာများ၊ နီးစပ်ရာဆွေမျိုးများနှင့် မြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် ရွာအတွင်း မွေးမြူထားသော နွားလေးကောင်ပါ ထိခိုက်သေဆုံးခဲ့ကြောင်း KNU ကထုတ်ပြန်ခဲ့သည်။

 

ထို့အပြင် ညောင်ပင်ကြီးကျေးရွာမှပြည်သူ ၃ ဦး လည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ယင်းကျေးရွာ (၃) ရွာတွင် အိမ်ခြေစုစုပေါင်း (၂၆၉)လုံးရှိကြောင်းသိရသည်။

 

 

အဆိုပါဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီတပ် ၏ (ခမရ-၉) ကသထုံမြို့နယ်၊ မိချောင်းအိုင် ကျေးရွာသို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ၊ မိကျောင်းအိုင်ဘုန်းကြီးကျောင်းသိမ်အားထိမှန်ပြီး သိမ်ပျက်စီးကာ သံဃာတော် နှစ်ပါးနှင့် သာမဏေ တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

 

 

 

 

 

 

 

Photos - KNU

Burma Associated Press

 

 

စစ်ကောင်စီ
ဒုက္ခသည်
အရပ်သား
ကေအဲန်ယူ
လက်နက်ကြီး

Share With
bap-logo