Politics
စစ်ကိုင်း အင်းကြီးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
လွန်ခဲ့သော ၂ နှစ် က
စစ်ကိုင်း၊ ဖေဖေါ်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ငအိုးနှင့်အင်းရွာလမ်းခွဲမှ တောက်လျှောက်စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီ တပ်သည် ယမန်နေ့က စစ်ကိုင်းနှင့် ရှမ်းပြည်နယ်အစပ် ကသာခရိုင်အတွင်းရှိ အင်းကြီးရွာကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
ကသာခရိုင် အင်းကြီးရွာသည် အိမ်ခြေ ၃၅၀ မှ ၅၀၀ ကြားရှိသော ရွာကြီးဖြစ်ပြီး ယမန်နေ့ည ၈ နာရီခန့်မှ စတင်၍ မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ယင်းရွာနှင့်နီးစပ်သော ဒေသခံတစ်ဦး က ပြောသည်။
‘ရွာလုံးကျွတ်အကုန်ပဲ၊ ဒေသခံတွေကတော့ အခု ကွန်းချောင်း၊ မိုးလုံး၊ မအူကုန်းအလယ်ရွာတွေဘက်ကို စစ်ဘေး ရှောင်နေရတယ်’ ဟု ၎င်းကပြောသည်။
အဆိုပါ ကျေးရွာများရှိ စစ်ဘေးရှောင်နေရာများသို့ စစ်ကောင်စီတပ်က ရံဖန်ရံခါ လက်နက်ကြီးဖြင့် ပစ်ခတ်နေ ကြောင်းသိရသည်။
အင်အား ၁၀၀ ခန့်ပါဝင်သည့် အဆိုပါ စစ်ကောင်စီစစ် ကြောင်းသည် စစ်ကြောင်းထိုးလာရာ လမ်းတစ်လျှောက် ရှိ ရွာစဉ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ ဆက်သွယ်ရေးတာဝါတိုင်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
‘အဓိကက ထောင်မိုင်းစနစ် အသက်မဝင်အောင် ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖျက်ဆီးပစ်တာ၊ ဆက်သွယ် ရေးမရတော့ တချို့မိုင်းတွေ မကွဲတော့ဘဲ ဒီကောင်တွေစစ်ကြောင်းထိုးနိုင်တာ’ ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် ကသာခရိုင် လှေဘိုရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး ထိုမှတစ်ဆင့် ဆက်လက်စစ်ကြောင်းထိုးမည်ဆိုပါက ရှမ်းပြည်နယ်အ တွင်းသို့ ရောက်ရှိမည်ဖြစ်သည်။
‘လှေဘိုရွာကို အခုပဲ မီးရှို့နေလားဆိုတော့မသိသေးဘူး။ သတင်းမရသေးဘူး’ ဟု အဆိုပါရွာနှင့်နီးစပ်သည့် ဒေသခံ ကပြောသည်။
ပုံစာ။ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတစ်ခုကို တွေ့ရစဉ်။ ( ပုံဟောင်း)
Burma Associated Press
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၇ ရက် က